အရှေ့တစ်ဝက်ဖွင့်အဝိုင်းသရ

ဝီကီပီးဒီးယား မှ
open-mid front rounded vowel
œ
IPA Number311
Encoding
Entity (decimal)œ
Unicode (hex)U+0153
X-SAMPA9
Braille⠪ (braille pattern dots-246)

အရှေ့တစ်ဝက်ဖွင့်အဝိုင်းသရ (အင်္ဂလိပ်: open-mid front rounded vowel) သည် အပြောဘာသာစကားအချို့တွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် လက်တင်အက္ခရာ o နှင့် e ကို ပေါင်းစပ်ထားသည့် သင်္ကေတ œ ဖြင့်ပြဆိုထား၍ လက်တင်အက္ခရာ ⟨Œ⟩ ၏ အသေးစကားလုံးဖြစ်သည်။[၁]

ဤသရသံသည် မြန်မာဘာသာစကား၌ အသုံးပြုသော သရသံများထဲ၌မပါဝင်ပေ။

အင်္ဂါရပ်များ[ပြင်ဆင်ရန်]

  • အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။
  • တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။
  • အဝိုင်းသရဟူ၍ ခေါ်ဆိုရာ၌ နှုတ်ခမ်းကို ဝိုင်း၍ ချပ်ကာ (compressed) ထွက်ရှိသည်။ နှုတ်လမ်းသားအစွန်းများသည် တင်းတင်းရင်းရင်းဖြင့် ဆွဲယူ၍ ချပ်ချပ်ကပ်ကပ်ပုံစံဖြစ်ကာ နှုတ်ခမ်း၏ အတွင်းသားများ မပေါ်လွင်စေရပါ။

ကိုးကား[ပြင်ဆင်ရန်]

  1. IPA Braille (An Updated Tactile Representation of the International Phonetic Alphabet) (PDF)။ p. 15။ 9 July 2021 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး5 July 2021 တွင် ပြန်စစ်ပြီး