ဖုသျှနက္ခတ်
ကိုဩဒိနိတ်: 07h 00m 00s, −20° 00′ 00″
ကြယ်စုတန်း | |
အတိုကောက် | CMa |
---|---|
မူလ | Canis Majoris |
အသံထွက် | /ˌkeɪnɪs ˈmeɪdʒər/, genitive /ˈkeɪnɪs məˈdʒɒrɪs/ |
သင်္ကေတ | the greater dog |
ညာဘက်တိမ်းစောင်းမှု | 06° 12.5′ to 07° 27.5′ |
နိမ့်ဆင်းမှု | −11.03° to −33.25° |
ဧရိယာ | 380 sq. deg. (43rd) |
ပင်မကြယ်များ | ၈ |
Bayer/Flamsteed ကြယ်များ | ၃၂ |
ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်များ | ၇ |
၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်များ | ၅ |
၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်များ | ၁ |
အတောက်ပဆုံးကြယ် | ဆိုင်ရပ်စ် (α CMa) (−1.46m) |
အနီးဆုံးကြယ် | ဆိုင်ရပ်စ် (α CMa) (8.60 ly, 2.64 pc) |
Messier objects | ၁ |
ဥက္ကာခဲများ | ၀ |
အနီးအနား ကြယ်စုတန်းများ | |
လတ္တီကျု +60° နှင့် −90° ကြားတွင် မြင်နိုင်သည် ည ၉ နာရီ၌ အကောင်းဆုံးမြင်ရသည့်လမှာ ဖေဖော်ဝါရီလဖြစ်သည်။ |
ဖုသျှနက္ခတ် သို့မဟုတ် ကေနိစ် မေဂျာ (အင်္ဂလိပ်: Canis Major) သည် တောင်ကမ္ဘာဘက်ခြမ်းကောင်းကင်ရှိ ကြယ်စုတန်းတစ်ခုဖြစ်ပြီး ၂ ရာစုနှစ် နက္ခတ္တပညာရှင် တော်လမီ ပြုစုသော ၄၈ ကြယ်စုတန်းစာရင်းတွင်ပါဝင်သည်။ ယင်းသည် ခေတ်သစ် ၈၈ ကြယ်စုတန်း၌လည်း ပါဝင်လျက်ရှိသည်။ လက်တင်ဘာသာဖြင့် ကြီးမားသောခွေးဟု အဓိပ္ပာယ်ရပြီး ကေနိစ် မိုင်နာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ နဂါးငွေ့တန်း ဂလက်ဆီသည် ကေနိစ် မေဂျာအား ဖြတ်သန်းသွားပြီး အထင်ရှားဆုံးမှာ M41 ဖြစ်သည်။
ကေနိစ် မေဂျာတွင် ခွေးကြယ် ဟုလူသိများသည့် ညဘက်ကောင်းကင်တွင် အတောက်ပဆုံးကြယ်များထဲမှ ကြယ်တစ်ခုဖြစ်သော ဆိုင်ရပ်စ် ပါဝင်သည်။ တောက်ပရသည့်အကြောင်းမူ ယင်းကြယ်သည် နေအဖွဲ့အစည်းနှင့် နီးကပ်သောကြောင့်ဖြစ်သည်။ ကြယ်စုတန်း၌ ဒုတိယအတောက်ပဆုံးကြယ်မှာ Epsilon Canis Majoris ဖြစ်ပြီး ညဘက်ကောင်းကင်ရှိ အင်မတန်ပြင်းထန်သော ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု (extreme ultraviolet) အလင်းပင်ရင်းတစ်ခုဖြစ်သည်။
ဖုသျှ နက္ခတ်သည် အရှေ့အရပ်တွင် တည်ရှိပြီး ခတ္တိယဇာတ် နက္ခတ်(၄) လုံး၊ ဗြဟ္မဏ ပုဏ္ဏားနက္ခတ် (၃) လုံးတို့တွင် ပါဝင်သည်။ ဖုသျှ နက္ခတ်ဆိုသည်မှာ ကင်းနစ် မေဂျာ ကြယ်တာရာ အစုအဝေး ကို နက္ခတ်ပညာ အားဖြင့် ခေါ်ဝေါ်သော အခေါ်အဝေါ် ဖြစ်သည်။ ဖုသျှ နက္ခတ်တွင်
- ဆီးရီးယပ်စ်ကြယ် (Sirius)
- ဘီတာ ကင်းနစ် မဂျော်ရစ်ကြယ် (Beta Canis Majoris)
- ဂျီ ကင်းနစ် မဂျော်ရစ်ကြယ် (G Canis Majoris)
- အက်ဆီလွန် ကင်းနစ် မဂျော်ရစ်ကြယ် ( Epsilon Canis Majoris)
- ဒယ်လ်တာ ကင်းနစ် မဂျော်ရစ်ကြယ် (D Canis Majoris)
တို့ ပါဝင်သည်။
ဖုဿ = ဖုသျှနက္ခတ်
[ပြင်ဆင်ရန်]ရာဇမတ္တဏ်ကျမ်း နက္ခတ္တာဘိဓာနတွင် ဖုသျှနက္ခတ် ပရိယာယ် (၁၃)ပါး ပြပါသည်။ ဖုဿဟူသော မဂဓဘာသာတွင် သက္ကဋဘာသာရော (ဖုသျှ) ခေါ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီ၌ ပြဆိုထားပါသည်။
ကိရိယာနိ၊ အမှုကိစ္စတို့ကို။ ပေါသေတိ၊ ပြုစုကျွေးမွေးတတ် ပွားစေတတ်၏။ (ဝါ) တစ်နည်းကား၊ အသ္မိ၊ ထိုဖုသျှ နက္ခတ်၌။ ပေါသေန္တိ၊ ကျွေးမွေးတတ်ကုန်၏။ ပွားတတ်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ ဖုဿော၊ ဖုသျှနက္ခတ်မည်၏-ဟူ၍ အဘိဓာန်ဋီကာက ဝိဂြိုဟ်ပြု အနက်ဖွင့်ပါသည်။
လုံးရေသည် (၄)၊ အိမ်ပြင်သဏ္ဌာန်ဟု ပေါတ္တရသာဒိ ကျမ်းက ဆို၍၊ ဂြဟသျှန္တိကျမ်းက (၈) လုံး၊ မြားသဏ္ဌာန်ဟု ဆိုပါသည်။ လဃုသင်္ဂြဟကျမ်းတွင် (၁၁)လုံး၊ ဗိတာန် သဏ္ဌာန်ဟု ဆိုကာ အာကာသသျှတ္တရကျမ်း (၁၀)လုံး၊ မိုးစွေပန်းသဏ္ဌာန် ဆိုပြီး၊ သိင်္ဃဗောဓကျမ်းတွင် သဏ္ဌာန်မပါ၊ (၃) လုံး ဟုသာ ပြဆိုပါသည်။ ကပ္ပဝဏ္ဏနာ၌ (၄) လုံး၊ ဆောင်ပန်းခြေသဏ္ဌာန် ပြဆိုပါသည်။ ရွှေမင်ရေး ပုရပိုက်ဖြူတော်တွင် (၁၂)လုံး၊ ပုစွန်ရုပ်ပုံရေးလျက် တွေ့ရသည်။ သေနင်္ဂဗျူဟာကျမ်း၌ကား သဏ္ဌာန်မပါ၊ (၅) လုံးဟု တွေ့ ရသည်။
ဓမ္မတာမော်ကွန်းချီ နက္ခတ်လင်္ကာတွင် (၄) လုံး၊ ပြာပုံ သဏ္ဌာန်ဟု ညွှန်းဆို၍ မိုးလယ်လျှံပတ်ချီနက္ခတ် နက္ခတ်လင်္ကာ၌ကား လုံးရေ ပြမထားသော်လည်း ငှက်ချေးခံ[မှတ်စု ၁] နှင့်တူကြောင်း ပြဆိုထားပါသည်။
“ရွှေနန်းတော်ကြီးရှိ ဒိဗ္ဗစက္ခု မှန်ပြောင်းတော်ကြီးနှင့် ကြည့်ရှုလျင် ကြယ်ကြီး (၄) လုံး အတွင်းတွင်ရှိသည့် ပြာပုံ သဏ္ဌာန်မွဲမွဲ ကြယ်ငယ်စု အများ(၂၀) ကျော် (၃၀)ခန့် စုဝေးလျက် ကောက်နယ်တလင်းဝန်း ပမာဏ ကြီးကျယ်စွာ မြင်သည်”ဟု မဟာဇေယသင်္ခယာ၏ ဝေါဟာရလီနတ္ထဒိပနိ ကျမ်းက ဆိုပေသည်။
ထိုဖုသျှနက္ခတ်ကို ဇီဝမည်သော ကြာသပတေးဂြိုဟ်မင်းက အစိုးရကြောင်းကို ရာဇမတ္တဏ်ကျမ်း၌ တွေ့ရသည်။ [၁]
- ↑ ငှက်ချေးခံ – ဘုန်းကြီး၊ ဘုရင်၊ မိဖုား စသည့် မြင့်မြတ်သူတို့ သေဆုံးရာ၌ အလောင်းကောင်ကို မီး ရှို့ရာတွင် ငှက် အညစ်အကြေးများ မကျစေရန်အတွက် အလောင်းထက်မှ မိုးကာထားသည့် လေးထောင့်ရှည် အဝတ်အထည်။ ရှေးက လူသေကောင်ကို မီးရှိရာ၌ ငှက်ကြီးများ အလောင်းကောင်ကို ထိုးသုတ်ဖူးသည့် အတွေ့အကြုံရှိ၍၊ အလောင်းကို ငှက်ကြီးများ မမြင်အောင် ကာရံထားရသောကြောင့် “ငှက်ကြီးကာ” ဟူ၍လည်း တစ်မျိုး ခေါ်ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)
ဤ နက္ခတ္တဗေဒနှင့်ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |