မာတိကာသို့ ခုန်သွားရန်

IC 10

ဝီကီပီးဒီးယား မှ
IC 10
Irregular Galaxy IC 10.
လေ့လာရေး ဒေတာ (J2000 epoch)
ကြယ်စုတန်းCassiopeia
ညာဘက် တိမ်းစောင်းမှု00° 20′ 17.3″[]
နိမ့်ဆင်းမှု+59° 18′ 14″[]
အနီရောင်အရွေ့-348 ± 1 km/s[]
ကော့စမစ် အကွာအဝေး လှေကား2.2 ± 0.2 Mly (660 ± 60 kpc)[]
ဂယ်လက်ဆီ ခွဲခြားမှုdIrr IV/BCD[]
ထောင့်ဖြတ် အချင်း (V)6′.8 × 5′.9[]
မြင်သာသော အရွယ်အစား (V)10.4 ± 0.2[ကိုးကားချက်လိုသည်]
သိသာသော ဂုဏ်အင်များmild starburst galaxy
အခြား ဂုဏ်သတ္တိများ
UGC 192,[] PGC 1305[]
အခြားကြည့်ရန်: ဂယ်လက်ဆီဂယ်လက်ဆီ စာရင်း

IC 10 သည် ပုံစံအတည်တကျမရှိသော ဂယ်လက်ဆီတစ်ခုဖြစ်ပြီး Cassiopeia ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းအား ၁၈၈၇ ခုနှစ်တွင် Lewis Swift ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည်။[] Nicholas Mayall ဆိုသူက ယင်းဂလက်ဆီသည် ဂယ်လက်တိုင်ပြင်ပမှဟု ၁၉၃၅ ခုနှစ်တွင် ပထမဆုံး အကြံပေးခဲ့သည်။ အက်ဝင် ဟာဘယ်က ယင်းသည် Local Group ၏ ဂယ်လက်ဆီဟု သံသယရှိခဲ့သည်။ သို့သော် ဆယ်စုနှစ်ပေါင်းများစွာတိုင် မသေချာမရေရာလျက် ရှိနေခဲ့သည်။ IC 10 သည် နဂါးငွေ့တန်း ဂယ်လက်ဆီသို့ တစ်စက္ကန့်လျင် ၃၅ဝ ကီလိုမီတာနှုန်းဖြင့် ချဉ်းကပ်သောအလျင်အား ၁၉၆၂ ခုနှစ်တွင် တိုင်းတာခဲ့သည်။ ထို့ကြောင့် ယင်းသည် Local Group ၏ အဖွဲ့ဝင်ဟု ၁၉၉၆ ခုနှစ်တွင် အချောသတ် အတည်ပြုနိုင်ခဲ့သည်။

IC 10 နှင့် အင်ဒရိုမီဒါ ဂလက်ဆီတို့၏ ပကတိအကွာအဝေးသည် အင်ဒရိုမီဒါနှင့် ထရိုင်ဂူလယ် ဂယ်လက်ဆီတို့၏ အကွာအဝေးနှင့် ထပ်တူလောက်ကျသည်။ ထို့ကြောင့် IC 10 သည် M31 ၏ အဖွဲ့ဝင်အခွဲဟု အကြံပေးသည်။[] IC 10 သည် Local Group ၏ ဂယ်လက်ဆီများထဲတွင် တစ်ခုတည်းသော starburst အမျိုးအစား ဂယ်လက်ဆီဟု သိရှိထားသည်။ လက်ရှိအချိန်တွင် ဂယ်လက်ဆီသည် တစ်နှစ်လျင် နေထုထည်ပေါင်း ဝ.ဝ၄ မှ ဝ.ဝ၈ နှုန်းဖြင့် ကြယ်တာရာများအား မွေးထုတ်ပေးလျက် ရှိလေသည်။ ဆိုလိုသည်မှာ ဂယ်လက်ဆီထဲတွင် ဓာတ်ငွေ့သည် နှစ်ပေါင်းဘီလီယံ အနည်းငယ်မျှသာ ခံနိုင်တော့မည်ဖြစ်သည်။[]

ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ NASA/IPAC Extragalactic DatabaseResults for IC 10။ 2007-03-15 တွင် ပြန်စစ်ပြီး။
  2. Karachentsev, I. D.; Kashibadze, O. G. (2006). "Masses of the local group and of the M81 group estimated from distortions in the local velocity field". Astrophysics 49 (1): 3–18. doi:10.1007/s10511-006-0002-6. Bibcode2006Ap.....49....3K. 
  3. IC 10SEDS Messier Database။ 2006-05-15 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Van den Bergh၊ Sidney (2000)။ Galaxies of the Local Group (1st ed.)။ Cambridge University Press။ ISBN 0-521-65181-6