လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့

ဝီကီပီးဒီးယား မှ
၁၇:၂၈၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ

မြန်မာ့ တပ်မတော်၏ လက်ရှိ လေကြောင်းရန်ကာကွယ်အရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း ဖြစ်ပြီး ဒုတိယလေကြောင်းရန်ကာကွယ်အရာရှိချုပ်မှာ ဗိုလ်ချုပ် နေမျိုးဦး (စစ်တက္ကသိုလ်အပတ်စဉ်-၃၄) ဖြစ်သည်။ လက်ထောက်လေကြောင်းရန်ကာကွယ်အရာရှိချုပ်များအဖြစ် တပ်မတော် (ကြည်း)တပ်၊ တပ်မတော် (ရေ)တပ်၊ တပ်မတော် (လေ)တပ်တို့မှ ဗိုလ်မှူးချုပ်အဆင့်တစ်ဦးစီ ပါဝင်ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည်ယခင်က လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် အဖြစ် ဩဂုတ် ၂၀၁၅ ထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၁]

လေကြောင်းရန်ကာကွယ်အရာရှိချုပ်ရုံး

လေကြောင်းရန်ကာကွယ်အရာရှိချုပ်ရုံး၏လက်အောက်တွင် လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း(၁)ခုနှင့် လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်(၉)ခု ရှိသည်။ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်မှူးများမှာ ဗိုလ်မှူးချုပ်အဆင့်ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးချုပ်အဆင့်တစ်ဦးမှ တာဝန်ယူသည်။

လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်တစ်ခုစီ၏ လက်အောက်တွင် အထောက်အကူပြုတပ်ရင်းများဖြစ်သော လေကြောင်းရန်ကာကွယ်ရေးသတိပေးတပ်ရင်း(၁)ရင်း၊ လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်း(၁)ရင်း၊ လေကြောင်းရန်ကာကွယ်ရေးအီလက်ထရွန်းနစ်စစ်ဆင်မှုတပ်ရင်း(၁)ရင်း၊ လေကြောင်းရန်ကာကွယ်ရေးယန္တရားတပ်ရင်း(၁)ရင်း၊ လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်း(၁)ရင်းစီနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း(လကတ)များဖြင့် ဖွဲ့စည်းထားသည်။

လက်အောက်ခံတပ်မများ

လက်ရှိ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကြီးများ

အခြားလေ့လာရန်

ကိုးကား