မန်းဂျော်နီ

ဝီကီပီးဒီးယား မှ
မန်းဂျော်နီ
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကျုံပျော်မြို့နယ် မဲဆန္ဒနယ် ၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၉ ဇန်နဝါရီ ၂၀၁၈
ယခင်လူဦးသိန်းအောင်
ဆက်ခံသူဦးလှမိုးအောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူတင့်ဆန်း
ဆက်ခံသူစိုးမိုးသူ
မဲဆန္ဒနယ်မြောင်းမြမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်ကျုံပျော်မြို့နယ် မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၃၁,၇၃၁ (၇၃%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၄၂-0၁-၃၁) ဇန်နဝါရီ ၃၁၊ ၁၉၄၂ (အသက် ၈၂)
ဆင်ခေါင်းကြီး၊ ပုသိမ်မြို့ ဗြိတိသျှဘားမား
လူမျိုးကရင်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သွေးသားတော်စပ်သူဦးကျော်ဦး (ဖခင်)
ဒေါ်ခြောက် (မိခင်)
မိခင်ကျောင်းပုသိမ်ဒေသကောလိပ်
ရန်ကုန်ပညာရေးတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

မန်းဂျော်နီ သည် မြန်မာနိုင်ငံသား ကရင်လူမျိုး နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ကျုံပျော်မြို့နယ် ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။[၁] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲအရေအတွက် ၃၁,၇၃၁ ဖြင့် ရွေးကောက်ခံခဲ့ရသော်လည်း ဆောင်ရွက်ခွင့်မရခဲ့ပေ။[၂]

ဦးမန်းဂျော်နီသည် တက္ကသိုလ်ဝင်တန်းကို ၁၉၆၀ တွင် အောင်မြင်ခဲ့ပြီး ပုသိမ်ဒေသကောလိပ်တွင် ပညာသင်ကြားခဲ့သည်။[၂] ၁၉၆၅ မှ ၁၉၈၆ အထိ မူလတန်းနှင့် အလယ်တန်းပြ ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။[၂] ၁၉၈၀ တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒီပလိုမာ ရရှိခဲ့သည်။[၂] ၂၀၁၅ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့ မဲဆန္ဒနယ်အမှတ်(၂) မှရွေးကောက်တင်မြှောက်ခြင်းခံရကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။[၃]

ကိုးကား

  1. "Names of Pyithu Hluttaw representatives announced"၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ Government of Myanmar၊ 2 April 2012။ 5 October 2012 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs1990 Multi-party Democracy General Elections။ 5 October 2012 တွင် ပြန်စစ်ပြီး။
  3. ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြု (၉ ဇန်နဝါရီ ၂၀၁၈)။ ၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ