ဗန်းတဲ့ရွာ၊ တီးတိန်မြို့နယ်
ဗန်းတဲ့ | |
---|---|
ရွာ | |
ဗန်းတဲ့ရွာ | |
ဗန်းတဲ့ရွာ မြင်ကွင်း | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 23°15′07″N 93°40′23″E / 23.2519397735596°N 93.6730804443359°Eကိုဩဒိနိတ်: 23°15′07″N 93°40′23″E / 23.2519397735596°N 93.6730804443359°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | ဖလမ်းခရိုင် |
မြို့နယ် | တီးတိန်မြို့နယ် |
ကျေးရွာအုပ်စု | ဗန်းတဲ့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဗန်းတဲ့ရွာ(အင်္ဂလိပ်: Vangteh)သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၄၇၂၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းတဲ့ကျေးရွာအုပ်စုတွင် ကျား ၉၆၃ ဦး၊ မ ၁၁၃၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၉၅ ဦး နေထိုင်သည်။ [၁]
အမည်
ဗြိတိသျှတို့၏မှတ်တမ်းတွင် ဗမာအသံကိုလိုက်၍ ဗန်ကတဲ့ Wunkathe ဟူ၍လည်းကောင်း၊[၂] တခြားခေတ်ပြိုင်မှတ်တမ်းတချို့တွင် Vangte ဟူ၍လည်းကောင်း မှတ်တမ်းတင်ထားသည်။[၃][၄]
ဗန်းတဲ့သည် ဒေသအဆိုအတိုင်း ရွာကြီးတခုဖြစ်ပါသည်။[၅] ပင်လယ်ပြင်အထက် အမြင့်မီတာ ၁၅၀၀ နှင့် ၂၇၀၀ ကြားရှိ ချင်းတောင်ထွတ်များ[၆] အကြားတည်ရှိသော ဤတောင်ပေါ်ရွာသည် သူ့ခေတ်သူ့ခါတွင် ဘုန်းတန်ခိုးအလွန်ကြီးခဲ့ဖူးလေသည်။
သမိုင်းနှင့်ဒဏ္ဍာရီ
ဗန်းတဲ့သည် တချိန်တခါများတွင် အစဉ်အလာကြီးခဲ့သော ဂွီးသဲ (သို့မဟုတ် Nwite, Vuite, Nguite [Vangteh အတွက်ဒေသခံအသံထွက်] Gwete, Gwite[၇]) မျိုးနွယ်စုတို့၏[၈] နိုင်ငံရေး၊ စစ်ရေးဌါနကြီးတခုဖြစ်ခဲ့ဖူးလေသည် (အေဒီ 1300-1900)။[၉]
အခြားသောမျိုးနွယ်စုများသည်လည်း ဆိုင်ရာဒေသများတွင် ၎င်းတို့၏အပိုင်းစားမှုရှိခဲ့သော်လည်း ဂွီးသဲတို့၏ အချုပ်အခြာပိုင်ဆိုင်မှုအောက်ရှိ ဩဇာခံများသာဖြစ်ကြသည်။ ၎င်း ဂွီးသဲတို့၏ အချုပ်အခြာပိုင်ဆိုင်မှုသည် တောင်ပိုင်းဒေသဖက်မှ Pawi တို့၏ စုပေါင်း ထိုးစစ်ဆင်နွှဲမှုများ စိမ့်ဝင်လာသည့် ၁၉ ရာစုလယ်ပိုင်းကာလ ထိတိုင်တိုင် နှစ်ပေါင်းရာစု ၆ ခုမျှတည်တံ့ခဲ့သည့်။ ထို့ကြောင့် ဦးစိန်ခိုခိုင်ရေးသားသောစာအုပ်၌ Pawi တို့၏အစောင့်အရှောက်ခံ Sukte မိသားစုတစ်စု၏ နှောင်းပိုင်းဩဇာအာဏာကြီးထွားလာပုံကို ဒေသစကား "To" ဟူ၍လည်းကောင်း၊ ဂွီးသဲတို့၏ ရှိရင်းစွဲဘုန်းတန်ခိုးကို "Mang" ၍လည်းကောင်း နှိုင်းပြ၊ သုံးနှုန်းလေသည်။ သူ၏အနက်ဖွင့်ဆိုပုံအရ "Mang" သည် ရှိရင်းစွဲ ဩဇာညောင်းမှုသဘောသက်ရောက်ပြီး၊ "To" သည် တဖက်သတ်အနိုင်ယူမှုကြောင့် ဩဇာသက်ရောက်မှုသဘော သက်ရောက်လေသည်။[၁၀]
ကိုးကား
- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ List of The Satellite Views Error in webarchive template: Check
|url=
value. Empty. - ↑ List of The Falling Rain Genomics, Inc.
- ↑ List of The Travel Post Error in webarchive template: Check
|url=
value. Empty. - ↑ Cf., "khua" and "pi" in The Paite-English: Zomi Online Encyclopedia And Dictionary.
- ↑ See "Chin state" at The Asterism Travels & Tours – Myanmar
- ↑ See, Siamsinpawlpi Error in webarchive template: Check
|url=
value. Empty. - ↑ For more on Guite's dynastic tradition, cf., Chinzalian Guite, Politico-Economic Development of the Tribals of Manipur: A Study of the Zomis (New Delhi, India: Anmol Publications Pvt. Ltd., 1999), 35–62.
- ↑ See, list of villages and towns established by Guite family in Piangzathang Guite, A Story of the Guite Chiefs: History and Chronology of the Guite Chieftains of north-eastern India (Lamka, Churachandpure, India: Luanzaching, 1982) [the author, Piangzathang is a former President of Manipur Chiefs' Union]; and also see Vumson, Zo History: With an Introduction to Zo Culture, Economy, Religion (Aizawl, Mizoram, India, 1986).
- ↑ See the two articles under the subheadings of the "Guite" and "Sukte" in Sing Khaw Khai, Zo People and Their Culture: A Historical, Cultural Study and Critical Analysis of Zo and Its Ethnic Tribes (Churachandpur, Manipur, India: Khampu Hatzaw, 1995), 21–22, 24–26.
ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |