၂၀၂၂ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
(၂၀) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
ကျင်းပရာမြို့ထိုင်းနိုင်ငံအူဘွန်ရချာဌာနီမြို့
ပါဝင်သော နိုင်ငံများ၁၁
ကစားပွဲအမျိုးအစား၂၃၆ (၂၃မျိုး)
ဖွင့်ပွဲအခမ်းအနား၂၆ ဇူလိုင်
ပိတ်ပွဲအခမ်းအနား၆ ဩဂုတ်
Torch Lighter
အခမ်းအနားကျင်းပရာ အားကစားကွင်းUbon Ratchathani Rajabhat တက္ကသိုလ်
၂၀၁၈ ၂၀၂၄  >

၂၀၂၂ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 ASEAN University Games) သည် ထိုင်းနိုင်ငံ၊ အူဘွန်ရချာဌာနီမြို့ (Ubon Ratchathani)တွင် ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဖြစ်သည်။[၁] ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၆)အထိ ကျင်းပမည်ဖြစ်သည်။ မူလက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ (၁၃)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပရန် လျာထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဇွန်လ (၁၈) ရက်မှ (၂၇)ရက်အထိလည်းကောင်း၊ ၂၀၂၂ခုနှစ် ဇွန်လ (၂၂)ရက်နေ့မှ (၃၀)ရက်နေ့အထိလည်းကောင်း ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့ကြသည်။[၂] နောက်ဆုံးတွင်မှ ၂၀၂၂ခုနှစ် ဇူလိုင်လတွင်ကျင်းပရန် အတည်ပြုခဲ့ကြသည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသည် အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ်တွင် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၁ခုနှစ်သို့ ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၂၀၂၂ခုနှစ်တွင်မှ လက်ခံကျင်းပမည်ဖြစ်သည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ နေပြည်တော်ပွဲတော် ကျင်းပအပြီး လေးနှစ်အကြာမှသာ လက်ခံကျင်းပနိုင်ခြင်းဖြစ်သည်။[၃]

အားကစားကွင်းများ[ပြင်ဆင်ရန်]

၂၀၂၂အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို ​နေရာ (၁၃)​နေရာ၌ ကျင်းပခဲ့သည်။[၄]

အားကစားကွင်း အားကစားနည်း
Ubon Rachathani Rajabhat တက္ကသိုလ် ဖွင့်ပွဲ၊ ပိတ်ပွဲ
Ban Yang Noi Campus ​ရေကူး၊ ကရာ​တေး၊ ​​ပြေးခုန်ပစ်၊ ​ဘော်လီ​ဘော၊ ​တောင်တက်၊ တိုက်ကွမ်ဒို
Badminton Stadium, UBRU Main Campus ကြက်​တောင်
Faculty of Nursing, UBRU Main Campus စားပွဲတင်တင်းနစ်
UBRU Main Campus
UMT Stadium
​ဘောလုံး
Main Stadium, Provincial Administrative Organization (PAO) မြားပစ်
Sisaket City တင်းနစ်၊ ​လှေ​လှော်
Sunee Tower ဓားသိုင်း၊ ပန်ကြပ်ဆီလတ်၊ ဝူရှူး
Faculty of Public Health, UBRU Main Campus စစ်တုရင်
Boxing Gym, UBRU Main Campus ​မွေထိုင်း
Indoor Stadium, UBRU Main Campus ဖူဆယ်
Petanque Suannok, UBRU Main Campus ပီတန်း
Gymnasium, UBRU Main Campus ဘတ်စကက်​ဘော
Faculty of Computer Science, UBRU Main Campus အီလက်ထ​ရောနစ်အားကစား
Stadium, UBRU Main Campus ကမ်း​ခြေ​ဘောလီ​ဘော
Benjamamaharaj School ပိုက်​ကျော်ခြင်း

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ပါဝင်သောအားကစားနည်းများ[ပြင်ဆင်ရန်]

အားကစားနည်း ၂၃မျိုး လက်ခံကျင်းပခဲ့သည်။

  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်
  • ဘက်စကတ်ဘော
  • စစ်တုရင်
  • အီလက်ထ​ရောနစ်အားကစား
  • ဓားသိုင်း
  • ​ဘောလုံး
    • ဘောလုံး
    • ဖူဆယ်
  • ကရာတေးဒို
  • ​မွေထိုင်း
  • ပန်ကြပ်ဆီလတ်
  • ပီတန်း
  • လှေလှော်
  • ပိုက်ကျော်ခြင်း/ခြင်းလုံး
  • ​​တောင်တက်
  • ရေကူး
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ဘော်လီဘော
    • ကမ်း​ခြေ
    • ရုံတွင်း
  • ဝူရှုး

ပါဝင်​သောနိုင်ငံများ[ပြင်ဆင်ရန်]

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

Key

  *   အိမ်ရှင်နိုင်ငံ

၂၀၂၂ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 ထိုင်း* ၁၀၉ ၆၁ ၄၂ ၂၁၂
 မလေးရှား ၄၉ ၈၃ ၅၀ ၁၈၂
 အင်ဒိုနီးရှား ၄၃ ၃၈ ၃၈ ၁၁၃
 ဗီယက်နမ် ၁၃ ၂၈
 စင်ကာပူ ၁၉ ၂၆ ၅၃
 လာအို ၂၀ ၃၃
 ဖိလစ်ပိုင် ၁၃
 ကမ္ဘောဒီးယား ၁၇
 မြန်မာ
၁၀  အရှေ့တီမော
၁၁  ဘရူနိုင်း
Total (၁၁သင်း) ၂၃၆ ၂၂၉ ၂၀၂ ၆၆၇

ရင်းမြစ်:[၅]

ကိုးကား[ပြင်ဆင်ရန်]