၂၀၁၁ ဆင်ဖြူကျွန်းရေကြီးမှု

ဝီကီပီးဒီးယား မှ
ဆင်ဖြူကျွန်းဈေးကြီးရေမြုပ်နေပုံ (Weekly Eleven News Journal မှ ဓာတ်ပုံဖြစ်သည်။)
စလင်းချောင်းကူး နွယ်တမယ်တံတား ကျိုးနေပုံ (Weekly Eleven News Journal မှ ဓာတ်ပုံဖြစ်သည်။)
စလင်းချောင်းကူး နွယ်တမယ်တံတား ချဉ်းကပ်တာပေါင် ကျိုးနေပုံ (Weekly Eleven News Journal မှ ဓာတ်ပုံဖြစ်သည်။)

ဖြစ်စဉ်အကျဉ်း[ပြင်ဆင်ရန်]

မိုးဆက်တိုက်ရွာသွန်းမှုနှင့်အတူ စလင်းဆည်ရေလွှတ်မှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဆင်ဖြူကျွန်းမြို့ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရသည်။ အဆိုပါရက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ ညပိုင်းမှ စတင်ကာ စလင်းဆည်ရေကို ဖောက်ချခဲ့သည်။

ပျက်စီးဆုံးရှုံးမှုများ[ပြင်ဆင်ရန်]

ဆင်ဖြူကျွန်းမြို့တွင် အောက်တိုဘာလ (၂၀) ရက်နေ့ နံနက် (၄)နာရီအချိန်ခန့်မှ စတင်ကာ ရေတက်လာပြီး နာရီဝက်ခန့်အတွင်းတွင်ပင် ဆင်ဖြူကျွန်းဈေးမှာ ရေထု ခါးအထိ မြုပ်သွားသည်။ နံနက် (၇) နာရီခန့်တွင် မြို့တွင်းနေရာ အားလုံးနီးပါး ရေလွှမ်းမိုး ခံရပြီ ဖြစ်သည်။ ဈေးထဲမှ ပစ္စည်းများကို သိမ်းဆည်းချိန် မရသည့်အတွက် အကုန်လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြသည်။ စလင်းချောင်းတွင်လည်း ချောင်း‌ရေကြီးပြီး နွယ်တမယ်တံတား လေးပိုင်းကျိုးသွားခဲ့သည်။ ရေကြီးသည်ကို တံတားပေါ်တက်၍ လာကြည့်နေခဲ့သော လူလေးငါးယောက်ခန့် တံတားကျိုးကျသွားရာတွင် ရေထဲမျောပါသွားခဲ့သည်။ စလင်းချောင်း နွယ်တမယ်တံတား ချဉ်းကပ်တာပေါင်များ ကျိုးသွားကာ ဆင်ဖြူကျွန်း-ချောက်ကားလမ်းပိုင်းမှာလည်း ပြတ်တောက်သွားသည်။ အဆိုပါ ဆင်ဖြူကျွန်းဒေသတွင် ဤအကြိမ်ရေကြီးခြင်းသည် နှစ်နှစ်ဆက်တိုက်ရေကြီးခြင်းဖြစ်သည်။ [၁]

မကွေးတိုင်းဒေသကြီးတစ်ခုလုံး၏ပျက်စီးဆုံးရှုံးမှုများ[ပြင်ဆင်ရန်]

ဆင်ဖြူကျွန်းမြို့ အပါအဝင် မကွေးတိုင်းဒေသကြီးအတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောက်ဆုံးရရှိသောစာရင်းများအရ စုစုပေါင်း အိမ်ခြေပျက်စီးမှု ၂၂၀၈ အိမ်၊ ရေမြုပ်အိမ်ခြေ ၄၅၁၀ အိမ်၊ လယ် ဧက ၁၂၀၊ ယာ ဧက ၁၄၀၊ မျိုးစပါးတင်းပေါင်း ၃၀၀၀၀ ကျော်၊ လူအသေအပျောက် စုစုပေါင်း ၉၀ ကျော် (ပျောက်ဆုံးစာရင်းမပါ)၊ နွား ၄၀၅ ကောင်၊ ဆိတ် ၁၀၄၀ ကောင်၊ ဝက် ၁၄၈ ကောင်၊ ထွန်စက် ၁ စီး၊ ရေတင်စက် ၅ စီး၊ ရေစုပ်စက် ၆ စီး၊ တံတားကြီး ၁၀ စင်း၊ ဘုန်းကြီး ကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၈ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်ကို ကိုးကား၍ Weekly Eleven News Journal တွင် ဖော်ပြထားသည်။ [၂]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]