၂၀၁၁ မုံရွာရေကြီးမှု

ဝီကီပီးဒီးယား မှ

ရေကြီးမှုဖြစ်စဉ်[ပြင်ဆင်ရန်]

ဘင်္ဂလားပင်လယ်အော်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် အောက်တိုဘာလ၊ (၂၀) ရက်နေ့တွင် မုံရွာမြို့နယ်အတွင်း ရေကြီးမှု ဖြစ်ပွားခဲ့၍ မြို့နယ်တွင်း သွားလာရေးခက်ခဲပြီး တောင်သူများနှင့် ခြံစိုက်ပျိုးရေးသမားများ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိခိုက်ပျက်စီးမှု[ပြင်ဆင်ရန်]

မိုးညှင်းသမ္ဗုဒ္ဒေစေတီ ရှေ့ လမ်းမပေါ်တွင် ထနောင်းပင်ကြီး တစ်ပင်လဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ဤရေကြီးမှုကြောင့် ကျောက္ကာထန်းဇလုတ်ချောင်း ရေကြောင်း ကျသောဒေသများ ပိုမိုထိခိုက်သည်။ အထူးသဖြင့် မုံရွာ-မန္တလေးကားလမ်းအနီးရှိ ထနောင်းတော နှင့် မအူရွာတို့၏ အဓိကစိုက်ခင်းများ ရေမြုပ်ကုန်သည်။ ရေကြီးမှုကြောင့် ကြက်သွန်ကွမ်းခြံပန်းမုန်လာခရမ်းချဉ်ဝါပဲစင်းငုံ စိုက်ခင်းများ ရေမြုပ်ပျက်စီးကုန်သည်။ [၁]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]