မာတိကာသို့ ခုန်သွားရန်

ဆုံးရှုံးမှုအများဆုံးမြန်မာ့သဘာဝဘေးအန္တရာယ်များ

ဝီကီပီးဒီးယား မှ

၁၉၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များ အနက် ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ၁၀ ခုစာရင်း ဖြစ်သည်။ အဆိုပါ သဘာဝ ဘေးအန္တရာယ် ၁၀ ခုတွင် မုန်တိုင်းက ဖြစ်စဉ် ရှစ်ခုဖြင့် အများဆုံးဖြစ်ပြီး ငလျင်တစ်ကြိမ်နှင့် ရေကြီးမှုတစ်ကြိမ်စီ ပါဝင်သည်။

ဆုံးရှုံးမှုအများဆုံး သဘာဝဘေးဖြစ်စဉ် ၁၀ ခု

[ပြင်ဆင်ရန်]
စဉ်အမျိုးအစားဖြစ်ပွားသည့်ရက်သေဆုံးသူဦးရေ
၁မုန်တိုင်း၂၀၀၈ မေ၁၃၈၃၆၆
၂မုန်တိုင်း၁၉၂၆ မေ၂၇၀၀
၃မုန်တိုင်း၁၉၆၈ မေ၁၀၇၀
၄မုန်တိုင်း၁၉၃၆ ဧပြီ၁၀၀၀
၅မုန်တိုင်း၁၉၀၂ မေ၆၀၀
၆ငလျင်၁၉၃၀ မေ၅၀၀
၇မုန်တိုင်း၂၀၀၄ မေ၂၃၆
၈မုန်တိုင်း၁၉၇၅ မေ၂၀၀
၉မုန်တိုင်း၁၉၆၇ အောက်တိုဘာ၁၇၈
၁၀ရေကြီးမှု၂၀၁၁ အောက်တိုဘာ၁၀၆

စာရင်းထုတ်ပြန်သူ

[ပြင်ဆင်ရန်]

အဆိုပါစာရင်းကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ နိုင်ငံတစ်ခုချင်းစီအလိုက် သတင်းအချက်အလက် များကို ထုတ်ပြန်ပေးနေသည့် International Disaster Database (emdat.be) တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အခြေပြုအချက်အလက်များ

[ပြင်ဆင်ရန်]

ဖော်ပြထားသည့် အချက်အလက်များသည် သဘာဝဘေးကြောင့် လူ ၁၀ ဦးနှင့် အထက်သေဆုံးမှု၊ လူ ၁၀၀ နှင့်အထက် သက်ရောက်ခံစား ရမှု၊ နိုင်ငံတကာမှ အကူအညီများ လက်ခံရမှု၊ နိုင်ငံတွင်အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ရမှု စသည်တို့ အပေါ်တွင် အခြေခံထားခြင်းဖြစ် သည်ဟု သိရှိရသည်။

သဘာဝဘေးဖြစ်စဉ်များ၏အဓိကအကြောင်းရင်းများ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ကြုံတွေ့လာရသော သဘာဝ ဘေးအန္တရာယ်များ၌ ရေကြီးမှုဖြစ်စဉ်မှာ အများဆုံးကြုံတွေ့လာရကြောင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးလာမှု၊ မြေဆီလွှာပြုန်းတီး လာမှုတို့သည် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ချိန်တိုင်း ရေကြီး ရေလျှံမှုများကို အလွယ်တကူဖြစ်ပေါ် စေလာကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံသည် ယခုနှစ်များ အတွင်း ရာသီဥတုပြောင်းလဲမှုများ ကို ရင်ဆိုင်လာရကာ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ခြောက်နှစ်ဆက်တိုက် မုန်တိုင်းဝင်ရောက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးမှုများ ကြုံတွေ့ လာရခြင်းတို့ ရှိလာခဲ့ကြောင်း Eleven Media Group မှ ဆိုထားသည်။ [၁]

ဆက်စပ်ကြည့်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]