မြေနီကုန်းလမ်းဆုံ

ဝီကီပီးဒီးယား မှ

မြေနီကုန်းလမ်းဆုံသည် ရန်ကုန်မြို့ရှိ စီးပွားရေးအချက်အချာကျသော နေရာတစ်ခုဖြစ်ပြီး ဆူးလေးဘုရားအဝိုင်းပြီးလျှင် စီးပွားရေးလုပ်ငန်းများ အများအပြားတည်ရှိရာနေရာတစ်ခု ဖြစ်သည်။[၁]

တည်နေရာ[ပြင်ဆင်ရန်]

မြေနီကုန်းလမ်းဆုံ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

လမ်းဆုံး၏ မြောက်ဘက်တွင် ဒဂုံစင်တာ ရှော့ပင်းမောလ်နှင့် အရှေ့ဘက်တွင် ဂမုန်းပွင့် ရှော့ပင်းစင်တာနှင့် တောင်ဘက်တွင် ပဒုမ္မာပန်းခြံနှင့် ပန်းခြံငယ်လေးတစ်ခု တည်ရှိသည်။[၂]

ဝန်းကျင်ရှိ အဆောက်အဦများ[ပြင်ဆင်ရန်]

မြေနီကုန်းလမ်းဆုံသည် ရန်ကုန်ပုံစံ နယူးယောက် တိုင်းမ်စကွဲယားကဲ့သို့ပင်။[၂] LCD TV ဖြင့်ပြသထားသော ကြော်ငြာဘုတ်တစ်ခုအပါအဝင် ကြော်ငြာဘုတ်များစွာကို ချိတ်ဆွဲထားသည်။[၃] ဒဂုံစင်တာ ရှော့ပင်းမောလ်သည် ရန်ကုန်မြို့၏ အရှုပ်ထွေးဆုံးသော ရှော့ပင်းမောလ်တစ်ခုဖြစ်ပြီး ပြည်လမ်းနှင့် ဗားဂရာလမ်းဆုံတွင် တည်ရှိသည်။ အချို့သော ရုပ်ရှင်ကုမ္ပဏီများသည် တခါတရံတွင် ဒဂုံစင်တာ၌ ရိုက်ကူးရေးများ ပြုလုပ်လေ့ရှိသည်။ မြေနီကုန်းပလာဇာသည် ဒဂုံစင်တာနှင့် ဂမုန်းပွင့် ရှော့ပင်းစင်တာအကြားတွင်ရှိသည်။ ပဒုမ္မာပန်းခြံသည် ပန်းခြံငယ်လေးသာဖြစ်သည်။ ထိုအနီးရှိအမည်မသိ ပန်းခြံငယ်မှာလည်း ပန်းခြံအစစ်ကဲ့သို့မဟုတ်ပေ။ သို့သော် ထိုပန်းခြံ၌ ရေပန်းနှင့် ရေအိုင်ငယ်လေးတစ်ခုရှိသည်။[၂]

သမိုင်း[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်တွင် ဒဂုံစင်တာ ရှော့ပင်းမောလ်၌ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရန်ကုန်မြို့တွင် ဒဂုံစင်တာအပါအဝင် ပေါက်ကွဲမှုလေးခု ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ပေါက်ကွဲမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ရသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. [၁]
  2. ၂.၀ ၂.၁ ၂.၂ [၂]
  3. [၃].
  4. "Bomb blasts rock Burmese capital"၊ 7 May 2005။ 16 September 2013 တွင် ပြန်စစ်ပြီး