မာတိကာသို့ ခုန်သွားရန်

ရှမ်းပြည်တပ်မတော်-တောင်ပိုင်း

ဝီကီပီးဒီးယား မှ
ရှမ်းပြည်တပ်မတော် တောင်ပိုင်း
တပ်ႉသိုၵ်းၸိုင်ႈတႆး
ဥက္ကဋ္ဌရွက်ဆစ်
တည်ထောင်ခြင်း၁၉၉၅ (၁၉၉၅)
ပူးပေါင်း ရှမ်းပြည် အမျိုးသား တပ်မတော် (၂၀၀၅ ခုနှစ်)
ခွဲထွက် ရှမ်းပြည် တပ်မတော်
ဌာနချုပ်ထိုင်း-မြန်မာ နယ်စပ်
Political wingသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
နိုင်ငံရေး သဘောတရားjustice and fair
Shan nationalism
အရောင်အနီ နှင့် အဖြူ
ပါတီအလံ

သျှမ်းများဘာ့ကြောင့် လက်နက်ကိုင် တော်လှန်ရသနည်း

[ပြင်ဆင်ရန်]

ဗမာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့ ကျူးကျော်စစ်သုံးကြိမ် ဆင်နွဲခဲ့ရာမှာ ၁၈၈၅ တတိယအင်္ဂလိပ်-ဗမာ နောက်ဆုံး စစ်ပွဲကျ တော့ သေနတ်တချတ်မှမဖေါက်ရဘဲ မန္တလေးနန်းတော် ကိုသိမ်းပိုက်နိုင်ပြီး သီပေါဘုရင်ကို ရတနာဂီရိအထိ ပို့ဆောင် လိုက်ပါတယ်။ ဗမာတနိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်လို့ ဗမာ့သမိုင်းမှာ ဆိုထားပါတယ်။ သျှမ်းပြည်ကိုတော့ တိုက်ရိုက် ကိုလိုနီအဆင့်မထားဘဲ ပဒေသရာဇ်ရှမ်းစော်ဘွားများအုပ်ချုပ်တဲ့ အစောင့်ရှောက်ခံ နယ်မြေအဆင့်မှာဘဲ ဗြိတိသျှတို့ထားခဲ့ပါတယ်။ ဗမာပြည်တခုလုံး ကိုလိုနီလက်အောက်ကျရောက်စဉ်ကနေ လွတ် လပ်ရေးရချိန်အထိ သျှမ်းပြည် စော်ဘွားတွေ အာဏာမဆုံးရှုံးရဘဲ အင်္ဂလိပ်အစိုးရနဲ့အတူ ဒွန်တွဲအုပ်ချုပ်ခဲ့ပါတယ်။ သျှမ်း၊ကချင်၊ချင်း တောင်တန်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ကြိးပမ်းမှုကြောင့် တပြိုင်နက် အတူတကွ လွတ်လပ်ရေးယူကြဖို့ ပင်လုံ စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။

၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်အပါအဝင် မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း နဲ့ အခြားအာဇာနည် ၈ ဦး ကျဆုံးသွားခဲ့ ပေမယ့် သူတို့ရဲ့ မရပ်မနားကြိုးပမ်းထားတဲ့ကျေးဇူးတရားတွေကြောင့် ၁၉၄၈ ဇန္နဝါရီလ ၄ ရက် မှာ မျှတတန်းတူ လွတ်လပ်တဲ့ ပြည်ထောင်စုကြီး ထူထောင်ကြဖို့လွတ်လပ်ရေးရယူခဲ့ကြပါတယ်။

လွတ်လပ်ရေးခေတ်မတိုင်ခင် ရှမ်းပြည်ကို ရှမ်းစော်ဘွားတွေ ဘယ်လိုအုပ်ချုပ်လာခဲ့တယ်ဆိုတာကို ရှမ်းပြည်ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေး ကော်မရှင် ဥက္ကဋ္ဌ စဝ်ခင်းဆိုင်က အခုလိုပြောပြပါတယ်။


သျှမ်းပြည်အမျိုးသားတော်လှန်ရေးဖခင် စဝ်နွဲ့စောယန္တ

[ပြင်ဆင်ရန်]

“၁၈၈၅ မန္တလေး ရတနာပုံကို အင်္ဂလိပ်တွေ သိမ်းပိုက်ပြီး သီပေါဘုရင်ကို ရတနာဂီရိပို့ဆောင်လိုက်တယ်၊ ဗမာတပြည်လုံး လဲ ကိုလိုနီလက်အောက်သွတ်သွင်းခဲ့တယ်။ ရှမ်းပြည်ကျတော့ ၁၈၈၇ ကျမှ အင်္ဂလိပ်တွေတက်လာတယ်။ စစ်အင်အားနဲ့ တိုက်ခိုက်ရတာ အစပိုင်းမှာအနည်းအကျဉ်းဘဲ။ စော်ဘွားတွေနဲ့တွေ့ဆုံဆွေးနွေးပြီး သျှမ်းပြည်ကို သွယ်ဝိုက်အုပ်ချုပ်ဖို့ အစောင့်ရှောက်ခံ တိုင်းပြည်အဖြစ်ထားတယ်။ လွတ်လပ်ရေးရတဲ့အထိ စော်ဘွား ၃၃ နယ် က ကိုယ့်နယ်နဲ့ကိုယ်လွတ် လွတ်လပ်လပ် အုပ်ချုပ်လာခဲ့ကြတာဘဲ။”

သျှမ်းပြည်သားများ ဘာ့ကြောင့် ဗမာပြည်နဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးယူခဲ့သလဲ ဆိုတာကို စဝ်ခင်းဆိုင်က အခုလို ပြောပြပါတယ်။

“လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတို့ကြိုးပမ်းနေချိန်မှာ စော်ဘွားတွေကလဲ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့ နည်းလမ်းရှာခဲ့ကြတာပဲ၊ ၁၉၂၂ မှာ ထူထောင်ခဲ့တဲ့ ပြည်ထောင်စု သျှမ်းပြည်များ (Federated Shan States) ကောင်စီမှာ အင်္ဂလိပ်ဘုရင်ခံက ထိပ်ဆုံးအကြီးအကဲဖြစ်နေတာနဲ့ စော်ဘွားသားတော်သမီးတော်တွေ အဆင့်မြင့် အင်္ဂလိပ် ကျောင်းတက်တာလောက်ကိုဘဲကြည့်ပြီး ဗမာနဲ့ပူးပေါင်းဖို့ သျှမ်းခေါင်းဆောင်တွေကို စည်းရုံးရခက်ခဲလိမ့်မယ် လို့ ဗမာခေါင်းဆောင်တွေ စိတ်ပူခဲ့ကြပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၇ ရက် ၁၉၄၇ မှာ အင်္ဂလိပ်ကိုဆန့်ကျင် ပြီးအင်္ဂလိပ် ဘုရင်ခံတွေ အရာရှိတွေ မပါဝင်တော့ဘဲ စော်ဘွားကိုယ်စားလှယ် ၇ ပါး၊ ပြည်သူ့ကိုယ်စားလှယ် ၇ ယောက်စီ ပါဝင်တဲ့ သျှမ်းပြည်ကောင်စီကိုဖွဲ့စည်းလိုက်တယ်။ မြန်မာ့အသံက အဲဒီသတင်းကို ညနေပိုင်းမှာလွှင့်တော့ ဗိုလ်ချုပ်အောင်ဆန်း တော်တော်ပျော်သွားတယ်ပြောတယ်။ နောက်နေ့ မနက် ရှမ်းပြည်ကို ချက်ချင်းတက်ပြီး ညှိနှိုင်း ဆွေးနွေးသဘောတူ ကြတာနဲ့ ၁၂ ရက်နေ့မှာ ထင်ရှားတဲ့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်၊ အဲဒါပြည်ထောင်စုရဲ့မူလရေသောက် မြစ်ပေါ့”

ရှမ်းပြည်ခေါင်းဆောင်များ ဗမာနဲ့ ပူးပေါင်းလာအောင် ဗိုလ်ချုပ် ဘယ်လိုချည်းကပ်ဆွဲဆောင် ခဲ့ပါသလဲ။ အဲဒီခေတ်အခြေ အနေက ဘယ်လိုလဲဆိုတာကိုလဲ စ၀်ခင်းဆိုင်က အခုလိုဆက်ပြောပါတယ်။

“အဲဒီတုန်းက ဗိုလ်ချုပ်ဟာ - ကျနော်တို့ ဗမာပြည်တော့ တနှစ်အတွင်းလွတ်လပ်ရေးရတော့မယ်။ ခင်ဗျားတို့ဘာ သာခင်ဗျားတို့ ကြိုးစားမယ်ဆိုရင် ရှမ်းပြည်လွတ်လပ်ရေးက နောက် ၂ နှစ်လား၊ အနှစ် ၂၀၊ အနှစ် ၂၀၀ လား ကြာ ချင်ကြာမယ်၊ ရမယ်မရဘူးဆိုတာ ကျနော်မပြောတတ်ဘူး၊ ကျနော်တို့နဲ့ပူးပေါင်းရင်တော့ နောက်နှစ် ရကိုရစေရမယ်။ ကျနော်တို့အပေါ် ခင်ဗျားတို့ သိပ်မယုံချင်ဘူးဆိုတာလဲ ကျနော်သိတယ်၊ ခင်ဗျားတို့နဲ့ကျုပ်တို့အကြား ယုံကြည် နိုင်တဲ့ သဘောတူညီချက် အထောက်အထား စာချုပ်စာတမ်းလုပ်မယ်။ သဘောတူညီချက်ဖေါက်ဖျက်တဲ့ ဘက်/ ပုဂ္ဂိုလ် ကို အရေးယူနိုင်အောင်လဲပြင်ဆင်ထားမယ် - လို့ပြောတယ်။ အဲဒီအချက်တွေကို သျှမ်းစော်ဘွားတွေ /သျှမ်း၊ ချင်း၊ ကချင် လူထုခေါင်းဆောင်တွေ သဘောကျလို့ ပင်လုံစာချုပ်ဆိုတာ ဖြစ်ပေါ်လာတာဘဲ။”

ပင်လုံစာချုပ်မှာ ဘယ်လိုအဓိက အချက်အလက်တွေပါသလဲမေးတော့ ----

“၁။ ရှမ်းပြည်၊ ကရင်နီပြည်၊ ကချင်ပြည်၊ ချင်းပြည် တို့ မိမိတို့ဆန္ဒအရကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အပြည့်အဝ အုပ်ချုပ် ရေးရှိရမယ်။ ၂။ ဒီမိုကရေစီစနစ်အတိုင်းကျင့်သုံးမယ်။ ၃။ ၁၀ နှစ်ပြည့်လို့ကိုယ်ပိုင်အုပ်ချုပ်ရေး တန်းတူညီမျှရေးတွေ အပေါ်မကျေနပ်လို့ ခွဲထွက်ချင်တယ်ဆိုရင်လဲ ခွဲထွက်ပိုင်ခွင့် ရှိတယ်ပြောလို့ လိုက်လျောသဘောတူခဲ့တာဘဲ။ (ဒီအ ချက်ကို ပင်လုံသဘောတူညီချက်ထဲမှာ မထည့်ဖို့ အစပိုင်းမှာ ပြောဆိုကြပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက အခြေခံ ဥပဒေထဲမှာ ထည့်မှပိုအာမခံချက်ရှိမှာပေါ့လို့ပြောတော့ ဘဏ္ဍာရေးလွတ်လပ်စွာစီမံခွင့်ဖြစ်သွားတယ်) အဲဒီအချက် တွေအတိုင်း အကောင်အထည်ဖော် နိုင်ခဲ့ရင်တိုင်းပြည်က တမျိုးဖြစ်ရင်ဖြစ်နိုင်တယ်”


တိုင်းရင်းသားခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း

[ပြင်ဆင်ရန်]

ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေ (၁၉/၇/၁၉၄၇ မှာ)လုပ်ကြံခံရပြီး ၁၉၄၇ အခြေခံဥပဒေ ရေးဆွဲပြီးမှ ၁၉၄၈ နှစ်ဦးမှာ လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးရခါစမှာ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ဆန္ဒအတော်အတင့်ပြည့်၀ ကြရပေမယ့်- ၁၉၅၀ နောက်ပိုင်း အခြေအနေကိုလဲ သူကအခုလိုဆက်ပြောပါတယ်။

“၁၉၅၀ တရုတ်ဖြူတွေ ရှမ်းပြည်ထဲအလုံးအရင်း နယ်ကျွံဝင်လာတယ်။ ဗမာစစ်တပ်က ကူတိုက်မယ်ဆိုပြီး သျှမ်းပြည် ကို တက်လာတယ်။ မာရှယ်လောစစ်ဥပဒေထုတ်ပြန်တယ်။ အဲဒီအချိန်ကစပြီး သျှမ်းပြည်တိုင်းရင်းသားတွေ စစ်ဖိနပ် အောက်ရောက်တော့တာဘဲ၊ ဗမာတပ်တွေလဲ လုံး၀ပြန်မနှုတ်တော့ဘူး။ သျှမ်းပြည်မျိုးချစ်တစုက တော်လှန်ဖို့ ကြိုးစား ခဲ့ကြပေမဲ့ ပညာတတ်စော်ဘွားတွေ - ခင်ဗျားတို့ အကြမ်းမဖက်ပါနဲ့၊ လွတ်တော်ရှိတယ်။ တရားဥပဒေရှိတယ်၊ နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းလို့ရပါတယ်- လို့ပြောတယ်။ လွတ်လပ်ရေးရပြီး ၁၀ နှစ် ၁၉၅၈ မှာ အဘက်ဘက်နစ်နာ ချက်တွေအပေါ် မခံမရပ်နိုင်ကြတော့လို့ စ၀်နွဲ့စောယန္တ ခေါင်းဆောင်တဲ့ လူအင်အား ၃၁ ယောက်ဟာ သွေးသစ္စာ ရည်သောက်ပြီး နယ်ချဲ့ ဗမာတပ်ကို တွန်းလှန်ဖို့ သျှမ်းပြည်အရှေ့တောင်ပိုင်း သံလွင်အရှေ့ ဖက်ကမ်း တောတွင်း တနေရာမှာစတင်ခဲ့ တာဘဲ။ အဲအချိန်ကစပြီး လက်နက်ကိုင်တော်လှန်ရေးပေါ် လာခဲ့တာအခု ချိန်ထိပေါ့။

“တောင်တန်းသား တိုင်းရင်းသားခေါင်းဆောင်တွေကြောင့် ပြည်ထောင်စုကြီးပေါ်ပေါက်လာတာဖြစ်တော့တိုင်းရင်းသား အရေးကိုပစ်ပယ်ရင် မျှတတန်းတူလွတ်လပ် စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်လို့မရပါဘူး” လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။

“တောင်တန်းနဲ့ မြေပြန့် တန်းတူညီမျှရေးအပေါ် အခြေခံပြီးပင်လုံမှာ စည်းလုံးလက်တွဲ ခဲ့ကြလို့ လွတ်လပ်ရေးရ ယူနိုင် ခဲ့ကြတာ ဖြစ်တယ်။ အဲဒါကြောင့် တရားမျှတမှု၊ လွတ်လပ်မှုမရှိဘဲ တန်းတူညီမျှမှု အခွင့်အရေးဆုံးရှုံးနေသမျှကာလပတ် လုံး ဘယ်နေရာ ဘယ်ဘဝ ဘဲရောက်ရောက် အသက်ပျောက်တဲ့အထိ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ရေး ကိုဆက် လက်ဆင်နွဲသွားရမှာပါဘဲ ” လို့သျှမ်းခေါင်းဆောင်တွေပြောဆိုနေကြဆဲဖြစ်တယ်။


စောနွဲ့စောယန္တ ဦးဆောင်သည့် သွေးသစ္စာရည်သောက်အဖွဲ့

[ပြင်ဆင်ရန်]

မိမိအမျိုးသားရေးရပိုင်ခွင့်အတွက် လက်နက်ကိုင်တိုက်ပွဲဟာ မရှိမဖြစ် လိုအပ်ဆဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ဗိုလ်သန်းရွှေ အာဏာရှင် စစ်အုပ်စုဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဘူးခံ ငြင်းဆန် ခေါင်းခါနေဆဲဖြစ်လို့ပါဘဲ။ ၁၉၆၂ ဗိုလ်နေဝင်း စစ်အုပ်စု အာဏာသိမ်းခြင်းဟာလည်း ပြည်ထောင်စု တည်တံ့ခိုင်မြဲအောင် လုပ်တာထက် ဖယိုဖရဲ ကွဲပြဲစေတဲ့ လုပ်ရပ်ဖြစ်လို့ - တိုင်းရင်းသားတွေ ပိုပြီးနစ်နာ ဆုံးရှုံးခဲ့ရတယ်။ ဥပဒေကြောင်း အရ ပြောရင် ၁၉၆၂ အာဏာသိမ်းလိုက် ကတည်းက ပြည်ထောင်စု ဆိုတာမရှိတော့ဘူး။ ပင်လုံစာချုပ်ကို ရော ၁၉၄၇ ဖွဲ့စည်းပုံကိုပါ ဗိုလ်နေဝင်းတို့ စုတ်ဖြဲ ဖျက်သိမ်းလိုက်လို့ဖြစ်တယ်။

“ခွဲထွက်ခွင့်ပေးရမယ်၊ မခွဲချင်အောင်လုပ်ပြရမှာက ကျုပ်တို့ဗမာတွေရဲ့ တာဝန်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားဟာ ဗိုလ်ချုပ ်ဘယ်လောက်သဘောထားကြီး အမြင်ကျယ်တယ်၊ ဘယ်လောက်ရှေ့ရေးပိုမြင်တယ်ဆိုတာချင့်ချိန် တွက်ဆနိုင်ပါတယ်။ မခွဲထွက်ချင်အောင်လုပ်ပြရမယ့်ဗိုလ်ချုပ်လမ်းစဉ်က - မျှတ - လွတ်လပ် - စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ယူဆရင် မမှားဘူး၊ ခွဲမထွက်ချင်အောင် လက်နက်အင်အားအဓိကထား စတမ်း အကြမ်းဖက် စစ်အာဏာရှင်စနစ် နဲ့ ချုပ်ခြယ် ခြိမ်းခြောက် နှိပ်ကွပ်ခြင်းဟာ ဗိုလ်ချုပ်လမ်းစဉ်နဲ့လုံး၀ သွေဖည်ဆန့်ကျင်ပါတယ်။ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်း ၇ ပြည်ထောင်က အမျိုးသားလက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက် တာဟာ ပင်လုံ သဘောတူညီချက် ကို ပစ်ပယ်ကြောခိုင်းလို့ ဗိုလ်ချုပ်လမ်းညွှန်ချက်တွေကို ဆန့်ကျင်လို့ဘဲဖြစ်ပါတယ်။


ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]