ငွေစက္ကူ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ငွေစက္ကူ[ပြင်ဆင်ရန်]

ငွေစက္ကူ ဆိုသည်မှာ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား ရာတွင် ကြားခံအဖြစ် အသုံးပြုကာ စက္ကူဖြင့် ပြုလုပ်ထား၍ တန်ဘိုးသတ်မှတ်ထားသော အရာဖြစ်သည်။ ကမ္ဘာတွင် နိုင်ငံအသီးသီး၌ ငွေစက္ကူကို အသုံးပြုကြသည်။ နိုင်ငံတိုင်း လိုလိုပင် ကိုယ်ပိုင် သတ်မှတ်ထားသည့် ငွေစက္ကူများ ရှိကြသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ ငွေစက္ကူများကို သုံးစွဲခဲ့ကြသည်။

ကိုလိုနီခေတ်တွင် အိန္ဒိယ၏ ပြည်နယ်တစ်ခုအနေနဲ့ ရှိနေသော်လည်း မြန်မာနိုင်ငံအတွက် ငွေစက္ကူသီးသန့် ထုတ်လုပ်ခဲ့သည်။ “ဗမာပြည်တွင် သုံးနိုင်သည်”ဟုရေးပြီး ထုတ်သည်။ ထိုခေတ်တွင် ရူပီး (Rupee) အသုံးဖြစ်သည်။ ၁ရူပီး (Rupee)တွင် ၁၀ဝ စန့် (Cent) ရှိသည်။ ၁ရူပီး (Rupee) တွင် ၁၆- ပဲ (Anna) ရှိသည်။

၁၉၄၄ ခုနစ်တွင် “ဂျပန်နိုင်ငံတော်အစိုးရ” ဆိုသည့်နာမည်နှင့် ငွေစက္ကူများ၊ “ဗမာနိုင်ငံတော်ဘဏ်” ဆိုသောနာမည်နှင့် ထုတ်ထားသော ငွေစက္ကူများ တွေ့ရသည်။ ဂျပန်ခေတ်တွင်လည်း ရူပီး (Rupee) သာသုံးသည်။

နောက်ပိုင်းတွင် ကျပ် (Kyat) အသုံးပြုလာသည်။ ၁ကျပ်တွင် ပြား၁၀ဝ ရှိသည်။

၁၉၄၈ ခုနစ်မှာ တစ်ကျပ်တန်ကို “ဗမာနိုင်ငံအစိုးရ” ဆိုတဲ့နာမည်နဲ့ထုတ်ပြီး ၁၉၅၃ ခုနစ်မှာ ထိုဒီဇိုင်းကို မပြောင်းဘဲ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် ဟုဆိုသော နာမည်နှင့် ပြောင်းထုတ်သည်။

နောက်ထူးခြားချက်တစ်ခုကတော့ ၁၉၉၄ ခုနစ်က ထုတ်ခဲ့သော ၅၀ဝကျပ်တန် နှင့် ၁၉၉၈ ခုနစ်မှာ ထုတ်ခဲ့သည့် ၁၀ဝ၀ကျပ်တန် ငွေစက္ကူများကို ၂၀ဝ၄ ခုနစ်မှာ ဒီဇိုင်းလုံးဝမပြောင်းဘဲ အရွယ်အစားသေးပြီး ထပ်မံထုတ်ခဲ့တာဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ-၈(က)အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေစက္ကူများ (သို့မဟုတ်)ဒင်္ဂါးများဖြစ်သော ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ရပါသည်။ ထိရောက်သော ငွေပေးချေမှုစနစ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန်အတွက် ငွေကြေးမူဝါဒ များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီ အိန္ဒိယလက်အောက်ခံပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာငွေကြေးအဖြစ် ရူပီးကိုအသုံးပြုခဲ့ပါသည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံသုံး ရူပီးငွေသည် စတာလင်ပေါင်နှင့် ချိတ်ဆက်ထားပြီး တစ်သျှီလင် ခြောက်ပဲနိဖြင့် တန်ဖိုးသတ်မှတ်ထားပါသည်။ ၁၉၄၆ခုနှစ် ငွေကြေးနှင့် ငွေအကြွေအက်ဥပဒေ ပထမအစီအစဉ်အရ ၁,၅,၁၀,၁၀၀ ရူပီးငွေစက္ကူများ အဖြစ်ထုတေ်ဝရန်နှင့် ဒုတိယအစီအစဉ်အရ ၂၀ နှင့် ၅၀ရူပီး ငွေအကြွေတို့ကို ဘုတ်အဖွဲ့မှထုတေ်ဝခဲ့ပါသည်။ ထိုငွေစက္ကူ များတွင် ဒေါင်းတံဆိပ်ရေစာအမှတ်အသားပါရှိခဲ့ပြီး ဘုတ်အဖွဲ့၏ဥက္ကဋ္ဌမှ ထုတေ်ဝခွင့် ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံတော် ငွေကြေးအုပ်ချုပ်မှုအဖွဲ့ မြန်မာပြည်တွင်း၌သာ သုံးပိုင်ခွင့်ရှိသည် (Burma Currency Board Legal Tender in Burma Only) ဟု အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထား သောစာတန်းများပါရှိသည်။ အင်္ဂလိပ်တို့ထံမှ မြန်မာလွတ်လပ်ရေးရရှိပြီးသောအခါ မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ငွေစက္ကူ၏ခေါင်းစည်းစာတန်းကို Government of the Union of Burma ဟု ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့သည် Legal Tender Currency in Burma Only စာတန်းပါသော အိန္ဒိယနိုင်ငံထုတ် ငွေစက္ကူများကို ရုပ်သိမ်းခဲ့ပြီး ၁၉၄၈ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် အဆိုပါ Government of the Union of Burma ခေါင်းစည်းစာတန်းပါ ငွေစက္ကူကို တိုးချဲ့ထုတေ်ဝခဲ့သည်။ သို့ရာတွင် ၁၉၅၀ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် ငွေအကြွေ အမျိုးအစားအားလုံး သုံးစွဲခွင့်အား ရပ်စဲခဲ့သည်။ ၁၉၅၂ခုနှစ် မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်အက်ဥပဒေကို ပြဌာန်းခဲ့ပြီး ငွေကြေးအုပ်ချုပ်မှုအဖွဲ့၏ တစ်ဦးတည်းငွေကြေးထုတေ်ဝခွင့်ကို မြန်မာနိုင်ငံပြည်သူ့ဘဏ် ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်း လွှဲပြောင်းခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ဗဟိုဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ပိုင်ဆိုင်သော ရရန်နှင့် ပေးရန်ပိုင်ခွင့်များကို မြန်မာနိုင်ငံပြည်သူ့ဘဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံပြည်သူ့ဘဏ်လက်ထက် ငွေကြေးစနစ်သစ်တွင် အခြားအရေးပါသောပြောင်းလဲမှုမှာ ဒဿမစိတ်ငွေကြေးစနစ်သို့ ပြောင်းလဲစေခဲ့ခြင်းပင်ဖြစ်သည်။

ငွေအကြွေများကို နီကယ်ဖြင့်ပြုလုပ်ခဲ့ပြီး ၁မူး၊ ၁ပဲ၊ ၂ပဲ၊ ၄ပဲ နှင့် ၈ပဲများကို ထုတေ်ဝခဲ့ပါသည်။ ငွေအကြွေစေ့အားလုံးတွင် ခြင်္သေ့ပုံပါရှိပါသည်။ နောက်ကျောဘက်တွင် တန်ဖိုးနှင့် သွန်းလုပ်သည့်ခုနှစ်ကို ပန်းခွေအတွင်း ဖော်ပြပါရှိပါသည်။ သို့သော် ၁၉၅၃ခုနှစ် နိုဝင်ဘာလ(၁) ရက်နေ့တွင် ၁မူး တန်၊ ၁ပဲတန်နှင့် ၂ပဲတန် ငွေအကြွေများကို ရုပ်သိမ်းခဲ့ပါသည်။ ထို့ပြင် ၁၉၅၂ ခုနှစ်တွင် သုံးစွဲငွေ ရူပီးအမည်ကို ကျပ်ဖြင့် ပြောင်းလဲခဲ့ပြီး ဒဿမစိတ်ငွေကြေးဖြင့် ၁၀၀ပြားဖြင့် ညှိနှိုင်း ထုတေ်ဝခဲ့ပါသည်။ ယခင်က တစ်ရူပီးသည် မြန်မာငွေ ၁၆ပဲ၆၄ပြားနှင့် ညီမျှခဲ့ပါသည်။ မြန်မာငွေကြေး တစ်ယူနစ်ကို ကျပ်ငွဖြေင့် ပြောင်းလဲခဲ့ချိန်တွင် ပြား၁၀၀ နှင့် ညီမျှခဲ့ပါသည်။ မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်မှ ဗဟိုဘဏ်၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ဘဏ်မှထုတေ်ဝသော ငွေစက္ကူများ၏ အမှတ်လက္ခဏာများကို ပြောင်းလဲထုတေ်ဝခဲ့သည်။ အသစ်ထုတေ်ဝသော ငွေစက္ကူများတွင် ရူပီးငွေကြေးများဖြစ်သော ၁, ၅, ၁၀, ၁၀၀ ရူပီးတန်များပါဝင်ပြီး၊ နောက်ပိုင်းတွင် ကျပ်ငွဖြေင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။ ငွေစက္ကူတွင် ဥဒေါင်းပုံ ရေစာပါရှိပါသည်။ ဒုတိယအကြိမ်အားဖြင့် ၁၉၅၈ခုနှစ်တွင် ထုတေ်ဝသည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံဖြင့်) ရုပ်ပုံပါရှိပါသည်။ ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့)တွင် ၁, ၅, ၁၀, ၁၀၀ ကျပ်တန်များကို စတင်ထုတေ်ဝခဲ့ပြီး (၂၁)ရက် ဩဂုတ်လတွင် ၂၀, ၅၀ ကျပ်တန်များကို ထုတေ်ဝခဲ့ပါသည်။ ဤထုတေ်ဝမှုသည် မြန်မာနိုင်ငံ၏ ပထမဆုံး ထုတေ်ဝသော ငွေစက္ကူများဖြစ်ပါသည်။

ဒဿမစိတ်ငွေကြေးစနစ်ဖြစ်သော ငွေအကြွေများတွင် ၁, ၅, ၁၀, ၂၅, ၅၀ ပြားနှင့် ၁ကျပ်တန် အကြွေစေ့များကို Royal Minted မှသွန်းလုပ်ခဲ့ပါသည်။ အဆိုပါ ငွေအကြွေများတွင် အမှတ်အသား များစွာပါဝင်သော် လည်း မြန်မာခြင်္သေ့ (သို့မဟုတ်) ခြင်္သေ့ပုံကို ယခင်အတိုင်းထားရှိသည်။ ၁၉၅၂ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ၅ပြားနှင့် ၁၀ပြား ငွေအကြွေများကို စတင်သုံးစွဲခဲ့ပါသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ခုနှစ် မေလ(၁၇)ရက်နေ့တွင် ၅၀တန်နှင့် ၁၀၀တန် များကို တရားမဝင်ငွေစက္ကူအဖြစ် ကြငြောပြီးနောက် ပြည်သူ့ဘဏ်ထုတ်ငွေစက္ကူအသစ်များဖြစ်သော ၁, ၅, ၁၀, ၂၀ တန် ငွေစက္ကူများကို ၁၉၆၅ခုနှစ်ဧပြီလ(၃၀)ရက်နေ့တွင် စတင်ထုတေ်ဝခဲ့ပါသည်။ အဆိုပါငွေစက္ကူများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံ)ရုပ်ပုံဖြင့် ထုတေ်ဝခဲ့ပါသည်။ ၁၉၅၈ခုနှစ်နှင့် ၁၉၆၄ခုနှစ်ထုတ် ၂၀ကျပ်တန် ငွေစက္ကူများအား ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့ပါသည်။ လက်ရှိငွေစက္ကူများ သည်၎င်းတို့အား ဆက်လက်သုံးစွဲခွင့်မရှိသော ငွေအဖြစ်မှ မသတ်မှတ်မချင်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်ပါသည်။

၁၉၇၂ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြည်သူ့ဘဏ်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အဖြစ် ပြောင်းလဲခဲ့ပြီး ၂၅ကျပ်တန်ငွေစက္ကူကို ထုတေ်ဝခဲ့ပါသည်။ တချိန်တည်းတွင် ယခင်ထုတေ်ဝခဲ့သော ပြည်ထောင်စုဘဏ် ထုတ်ငွေစက္ကူများမှာ ယခုတိုင် တရားဝင်အသုံးဝင်ဆဲဖြစ်ပါသည်။ ပြည်သူ့ဘဏ်ထုတ် ၁ကျပ်တန်ငွေစက္ကူကို ၁၉၇၂ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ထုတေ်ဝခဲ့ပြီး ၁၉၇၃ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ၁၀ကျပ်တန်ငွေစက္ကူများကို ထုတေ်ဝခဲ့ ပါသည်။ ၁၉၇၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ၅ကျပ်တန်နှင့် ပြည်သူ့ဘဏ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဘဏ်ထုတ် ၅ကျပ်တန်များကို ဆက်လက် သုံးစွဲလျက်ရှိပါသည်။ပြည်ထောင်စုမြန်မာနိုင်ငံဘဏ် ထုတ်ငွေစက္ကူများ ဖြစ်သော ၁၀၀ကျပ်တန် ငွေစက္ကူအား ၁၉၇၆ခုနှစ်၊ ဧပြီလ(၁၇)ရက် နေ့တွင် လည်းကောင်း၊ ၅၀ကျပ်တန် ငွေစက္ကူအား ၁၉၇၉ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင်လည်းကောင်း၊ ၇၅ကျပ်တန် ငွေစက္ကူအား ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင်လည်းကောင်း၊ ၃၅ကျပ်တန်ငွေစက္ကူအား ၁၉၈၆ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင်လည်းကောင်း အသီးသီးထုတေ်ဝခဲ့ပါသည်။ ထိုမျှမက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်၏ ၄၅ကျပ်တန်နှင့် ၉၀ကျပ် တန် ငွေစက္ကူများကို ၁၉၈၇ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ထုတေ်ဝခဲ့ပါသည်။ ၁၉၅၂ခုနှစ်ထုတ် ၁၀၀ကျပ်တန်ငွေစက္ကူအား ၁၉၆၄ခုနှစ်၊ မေလ(၁၇)ရက်နေ့တွင်လည်းကောင်း၊ ၁၉၇၆ခုနှစ်ထုတ် ၁၀၀ကျပ်တန်ငွေစက္ကူနှင့် ၁၉၇၉ခုနှစ်ထုတ် ၅၀ကျပ်တန်ငွေစက္ကူတို့အား ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် လည်းကောင်း၊ ၂၅၊ ၃၅၊ ၇၅ ကျပ်တန်ငွေစက္ကူများအား၊ ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင်လည်းကောင်း တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့ပါသည်။ ၁၉၇၉ခုနှစ်တွင် ၅၀ကျပ်တန်နှင့်အတူ ကုလသမဂ္ဂစားနပ်ရိက္ခါနှင့် လယ်ယာစိုက်ပျိုး ရေးအဖွဲ့တံဆိပ်ပါ ၅၀ပြားတန်ငွေစက္ကူတို့ကို ထုတေ်ဝခဲ့ပါသည်။ အဆိုပါငွေစက္ကူနှင့်ငွေအကြွေအား လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ စက်ရုံ တွင် သွန်းလုပ်ခဲ့ပါသည်။ ၁၉၈၈ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ခြင်္သေ့မင်းရုပ်ပုံပါ ငွေစက္ကူအတွဲစဉ်များကို ထုတေ်ဝခဲ့ပြီး ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအတွဲစဉ် များနေရာတွင်အစားထိုးခဲ့ပါ သည်။ ခြင်္သေ့မင်းရုပ်ပုံပါငွေစက္ကူများမှာ ၁, ၅, ၁၀, ၂၀, ၅၀, ၁၀၀, ၂၀၀, ၅၀၀, ၁၀၀၀ နှင့် ၁, ၅, ၁၀, ၅၀, ၁၀၀ ကျပ်တန် ငွေအကြွေစေ့တို့ဖြစ်ပါသည်။ ၁ကျပ်တန်ငွေအကြွေစေ့မှာ ကြေးညိုရောင်ဖြစ်ပြီး ၅ကျပ်တန်နှင့် ၁၀ကျပ်တန် ငွေအကြွစေ့ များမှာ ရွှေဝါရောင်နှင့် ၅၀ကျပ်တန်နှင့် ၁၀၀ကျပ်တန် ငွေအကြွေစေ့များမှာ ငွေရောင်တို့ဖြစ်ပါသည်။ ၂၀၀၉ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၅၀၀၀ကျပ်တန်ငွေစက္ကူကို ပြည်သူများလွယ်ကူစွာ လှည့်လည်သုံးစွဲ နိုင်ရန်အလို့ငှါ ထုတေ်ဝခဲ့ပါသည်။[၁]

၁၉၃၇ ခုနစ်မှ ၁၉၄၅ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ[ပြင်ဆင်ရန်]

၁၉၄၈ ခုနစ်မှ ၁၉၈၇ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ[ပြင်ဆင်ရန်]

၁၉၉၀ ခုနစ်မှ ယခုအချိန်ထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ငွေစက္ကူသမိုင်း။ ၀၃ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဧပြီ ၂၀၁၂ တွင် ပြန်စစ်ပြီး။