အား

ဝီကီပီးဒီးယား မှ
Force
Force examples.svg
Forces can be described as a push or pull on an object. They can be due to phenomena such as gravity, magnetism, or anything that might cause a mass to accelerate.
ယေဘုယျ သင်္ကေတ
, F, F
SI ယူနစ်newton (N)
အခြားယူနစ်များ
dyne, pound-force, poundal, kip, kilopond
SI အခြေပြု ယူနစ်များkg·m/s2
SI ဒိုင်မင်းရှင်းwikidata
Derivations from
other quantities
F = ma (formerly P = mf)

အား ဆိုသည်မှာ အရာဝတ္တုတစ်ခုကို ဆွဲခြင်း(သို့) တွန်းခြင်း စသည့် တခြားအရာဝတ္တုတစ်ခုမှ (အပြန်အလှန်)တုံပြန်သော သက်ရောက်မှုကို ခေါ်သည်။ ဥပမာအားဖြင့် သင် ဘောလုံးတစ်လုံးကို အဝေးရောက်အောင် ကန်လိုက်ပါပြီဆိုပါက သင်သည် ဘောလုံးအပေါ်ကို အားသက်ရောက်လိုက်ခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် အားဆိုသည်မှာ အရာဝတ္တုတစ်ခု၏ အလျင်ကို ပြောင်းလဲစေပြီး အရှိန်ရအောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အားတိုင်းသည် ဖင်ယားမှုဖြစ်ပေါ်စေသည်မဟုတ်။ ဥပမာဆိုရသော် ခွေးထိုင်နေသောအခါတွင် သင်အား တည်ငြိမ်နေစေရန် ကမ္ဘာမြေဆွဲအားသည် သင့်အပေါ်တွင် သက်ရောက်နေသည်။ အားသည် ဦးတည်ချက်ရော တန်ဖိုးရောရှိသည့် ဗက်တာ ကွန်တတီ ဖြစ်သည်။ SI ယူနစ်မှာ Newton ဖြစ်ပြီး သင်္ကေတ (F) ဖြင့် ဖော်ပြလေ့ရှိသည်။ 1N သည် 1kgm/s2 နှင့်ညီသည်။

နယူတန်၏ ဒုတိယနိယာမအရ အရာဝတ္တုတစ်ခုပေါ် သက်ရောက်နေသော အား အားလုံး၏ စုစုပေါင်းသည် အချိန်နှင့်လိုက်၍ ပြောင်းလဲနေသာ အဟုန်၏ ပြောင်းလဲနှုန်းနှင့် ညီသည်ဟုဆိုသည်။ အကယ်၍ အရာဝတ္တုတစ်ခု၏ ဒြပ်ထုသည် မပြောင်းလဲဘူးဆိုပါက ထိုဥပဒေသအရ အရာဝတ္တု၏အရှိန်သည် ထိုအရာဝတ္တုအပေါ်သက်ရောက်နေသော စုစုပေါင်းအားနှင့် တိုက်ရိုက်အချိုးကျ၍ ဒြပ်ထုနှင့်တော့ ပြောင်းပြန်အချိုးကျသည်။

အားများကို အခြေခံအားဖြင့် (၂)မျိုးခွဲခြားနိုင်သည်။ ဥပမာအားဖြင့်ဆိုသော် စပရင်တခုကို ဆွဲလိုက်သည့်အခါဖြစ်စေ၊ တွန်းလှည်းတစ်ခုကို တွန်းလိုက်သည့်အခါဖြစ်စေ၊ ဘောလုံးကို ကန်လိုက်သောအခါတွင်ဖြစ်စေ မူလအနေအထားပျက်သွားကာ ရွေ့လျားမှုတစ်ခုဖြစ်ပေါ်လာသည်။ ထိုကဲ့သိုသော အားမျိုးကို ဆက်နွယ်အား(Contact Forces) ဟုခေါ်သည်။ ဤအခြေအနေတွင် အရာဝတ္တုတစ်ခုနှင့် တစ်ခုသည် ရုပ်ပိုင်းဆိုင်ရာအရ ဆက်နွယ်မှုရှိနေသည်။ နောက်ထပ်အားတစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာအရ ဆက်နွယ်မှုမရှိပဲ လေဟာနယ်(empty space)ကို ဖြတ်၍ သက်ရောက်သောအားကိုဆိုလိုသည်။ ထိုအားအမျိုးအစားကို Field Forces(သို့) အခြေခံအား(Fundamental Forces) ဟု လူသိများကြပြီး အမျိုးအစားလေးမျိုး ရှိသည်။

နယူတန်မတိုင်မီ အားနှင့်ပတ်သတ်သောအယူအဆများ[ပြင်ဆင်ရန်]

နယူတန်၏ နိယာမများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နယူတန်၏ ရွေ့လျားမှုဆိုင်ရာ နိယာမများ

အခြေခံအားများ[ပြင်ဆင်ရန်]

=== ကမ္ဘာမြေဆွဲအား(Gravitational Forces) ===.

လျှပ်စစ်သံလိုက်အား(Electromagnetic Forces)[ပြင်ဆင်ရန်]

Strong Forces[ပြင်ဆင်ရန်]

Weak Forces[ပြင်ဆင်ရန်]