အရှိန်

ဝီကီပီးဒီးယား မှ

အရာဝတ္တုတစ်ခု၏ အလျင်သည် တဖြည်းဖြည်း တိုးလာသောအခါ ယင်းအား အရှိန်မြှင့်လာသည်ဟု ခေါ်ဆိုသည်။ ဥပမာအားဖြင့် ကားတစ်စီးက ရပ်ထားရာမှ သူရဲ့အလျင်က တဖြည်း⁠ဖြည်းချင်းမြှင့်တက်လာရာ ၅ စက္ကန့်အတွင်းမှာ ၁၀ မီတာ/စက္ကန့်ကို ရောက်သွားသည်ဟု ဆိုပါစို့။ ကနဦးအလျင်မှာ သုည ဖြစ်ရာ ၅ စက္ကန့်အတွင်း တိုးပွားသွားသော အလျင်သည် (၁၀ -၀) = ၁၀ မီတာ/စက္ကန့် ဖြစ်သည်။ ဆိုလိုသည်မှာ အလျင်သည် (10ms-1/5s) = 2ms-2 နှုန်းအတိုင်းပြောင်းလဲသွားသည်ဟု ဆိုလိုသည်။ ထို 2ms-2 ကို ကား၏ အရှိန်ဟု ဆိုနိုင်သည်။ ထိုကြောင့် အရှိန်ဆိုသည်မှာ အချိန်နှင့်အမျှ ပြောင်းလဲသွားသော အလျင်၏နှုန်းဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။[၁][၂]

ပျမ်းမျှအရှိန်[ပြင်ဆင်ရန်]

ပျမ်းမျှအရှိန် (Average acceleration) ဆိုသည်မှာ ပြောင်းလဲသွားသော အလျင်v) ကို အချိန်အပိုင်းအခြားt) စားခြင်းကို ဆိုလိုသည်။

တမဟုတ်ခြင်းအရှိန်[ပြင်ဆင်ရန်]

တမဟုတ်ခြင်းအရှိန် (Instantaneous acceleration) ဆိုသည်မှာ ပျမ်းမျှအလျင်ကို တိုတောင်းသော အချိန်အပိုင်းအခြားဖြင့် စားသော လစ်မစ်(limit) ကို ဆိုလိုသည်။ ကဲကုလပ် တွင် ထို limit ကို x မှ t သို့ ဆက်စပ်နေသော ဒစ်ရီဗေတစ် (Derivative) ဟုခေါ်သည်။

ဒီနေရာတွင် အလျင်သည် vx=dx/dt ဖြစ်သည်။ ထိုကြောင့် အရှိန်သည်-

ဟုလည်းဆိုနိုင်သည်။

ယူနစ်[ပြင်ဆင်ရန်]

အရှိန်ဆိုသည်မှာ ပြောင်းလဲသွားသောအလျင်ကို ထို အဖြစ်အပျက်ဖြစ်ပွားခဲ့သော အချိန်နှင့်စားခြင်းကို ဆိုသည်ဟုဆိုခဲ့ပြီးဖြစ်သည်။ အလျင်၏ယူနစ်သည် (L/T) ဖြစ်သည်။ ထိုကြောင့် အလျင်ကို အချိန်နှင့်စားခြင်းဖြစ်သောကြောင့် အရှိန်၏ယူနစ်မှာ (L/T2) ဖြစ်သည်။ ထိုကြောင့် SI ယူနစ်စနစ်အတွက် အရှိန်၏ယူနစ်မှာ (meter per second squared(ms-2)) ဖြစ်သည်။

အရှိန်နှင့် အလျင်တို့၏ ဦးတည်ချက် လက္ခဏာသည် အမြဲတူနေမည်ဟုပြော၍မရပေ။ လက္ခဏာတူနေသောအချိန်၌ အရာဝတ္တု၏ သွားနှုန်းက မြှင့်၍၊ လက္ခဏာ မတူသောအချိန်၌ နှေးသွားမည် ဖြစ်သည်။

အထူးပုံစံများ[ပြင်ဆင်ရန်]

တသမတ်တည်းအရှိန်[ပြင်ဆင်ရန်]

အရာဝတ္တု တစ်ခု၏အလျင်က တူညီတဲ့နှုန်းအတိုင်းတိုးသွားနေသောအခါ၊ အရှိန်က တူညီနေသည်ဟုဆိုနိုင်သည်။ အရာဝတ္တုတစ်ခုက မျဉ်းဖြောင့်အတိုင်းသွားနေမည်၊ ယင်း၏ဦးတည်ချက်က လည်းပြောင်းမသွား၊ တူညီသည့်အချိန်ပိုင်းတိုင်းမှာလည်း ယင်း၏အလျင်သည် တူညီစွာတိုးနေမည်ဆိုပါက၊ ယင်းအရာဝတ္တုမှာ တသမတ်တည်းအရှိန် (Uniform accelration) ရှိသည်ဟုဆိုနိုင်သည်။

ထိုသို့ အရှိန် တသမတ်တည်းမပြောင်းလဲသောအချိန်တွင် တွက်၍ရသော ပုံသေနည်းတချို့ကို ဖော်ပြထားသည်။

where

= displacement
= initial velocity
= final velocity
= uniform acceleration
= time.


ကိုးကား[ပြင်ဆင်ရန်]

  1. Bondi၊ Hermann (1980)။ Relativity and Common Sense။ Courier Dover Publications။ pp. 3ISBN 978-0-486-24021-3
  2. Lehrman၊ Robert L. (1998)။ Physics the Easy Way။ Barron's Educational Series။ pp. 27ISBN 978-0-7641-0236-3