နယူတန်၏ ရွေ့လျားမှုဆိုင်ရာ နိယာမများ

ဝီကီပီးဒီးယား မှ
မူရင်း လက်တင်ဘာသာဖြင့်ရေးသားထားသော နယူတန်၏ ပထမနှင့်ဒုတိယ နိယာမများ စာအုပ် ၁၆၈၇ Principia Mathematica

ကမ္ဘာကျော် ရူပဗေဒပညာရှင် အိုင်ဆက် နယူတန် မှ ရွေ့လျားမှု ဆိုင်ရာ နိယာမ ၃ ခုကို ထုတ်ဖော်ခဲ့သည်။ အရာဝတ္ထုတို့၏ ရွေ့လျားမှုတို့သည် ယေဘုယျအားဖြင့် ထိုနိယာမများကို လိုက်နာကြသည်။ နယူတန်၏ နိယာမ ၃ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ ပထမနိယာမ[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ အီနားရှား(enwiki မှ)

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ ပထမ နိယာမတွင် "အကယ်၍ ပြင်ပမှ အားသက်ရောက်မှု မရှိပါက ရပ်နေသော အရာဝတ္ထုတို့သည် ရပ်မြဲရပ်နေ၍ ရွေ့လျားနေသော အရာဝတ္ထုတို့သည် ရွေ့လျားမြဲ ရွေ့လျားနေမည်"[၁][၂] ဟု ဆိုသည်။ သင်္ချာနည်းဖြင့် ဖော်ပြရပါက အောက်ပါအတိုင်းဖြစ်သည်။

F = ma

ရွေ့လျားနေသော ယာဉ်တစ်စင်းသည် ပြင်ပမှ အားသက်ရောက်မှု မရှိပါက ဆက်လက်၍ ရွေ့လျားနေမည် ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် ယာဉ်အား ဆက်လက်ရွေ့လျားရန် အတွက် လောင်စာဆီ သို့မဟုတ် အခြား စွမ်းအင် တစ်မျိုးမျိုး အသုံးချရန် လိုအပ်သည်မှာ လမ်း၊ လေထု ၊ရေထု စသည်တို့နှင့် ယာဉ်၏ ကြားတွင် ရှိသော ပွတ်တိုက်အားကို ကျော်လွှားနိုင်ရန် ဖြစ်သည်။ လေထုမရှိသော အာကာသ အတွင်းတွင် ခရီးသွားနေသော ယာဉ်များတွင် လေထု၏ ပွတ်တိုက်အား မရှိသဖြင့် ဆက်လက်ရွေ့လျားနေစေရန် စွမ်းအင် မလိုအပ်ပေ။ လမ်းကြောင်းပြောင်းရန် သို့မဟုတ် ရပ်တန့်ရန် အတွက်သာ စွမ်းအင် လိုအပ်သည်။

နယူတန်၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမ[ပြင်ဆင်ရန်]

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ ဒုတိယ နိယာမတွင် "အရာဝတ္ထု တစ်ခု၏ အရှိန်ပြောင်းနှုန်း (acceleration) သည် စုစုပေါင်း အားသက်ရောက်မှုနှင့် တိုက်ရိုက်အချိုးကျပြီး ထိုအရာဝတ္ထု၏ ဒြပ်ထုနှင့် ပြောင်းပြန် အချိုးကျသည်။" ဟု ဆိုထားသည်။

ခေတ်ပေါ်မော်တော်ယာဉ်များ၏ ကိုယ်ထည်တွင် ပါးလျသော သတ္တုကို အသုံးပြု၍ ယာဉ်မတော်တဆ ဖြစ်ချိန်တွင် ယာဉ်၏ကိုယ်ထည်ကို တွန့်ခေါက်သွားစေရန် ပြုလုပ်ထားခြင်းသည် နယူတန်၏ ဒုတိယ နိယာမကို အသုံးချထားခြင်း ဖြစ်သည်။ ညီမျှခြင်းအရ အရှိန်ပြောင်းနှုန်းသည် အားသက်ရောက်မှုနှင့် အချိုးကျသဖြင့် ထိခိုက်မိချိန်အား ဆွဲဆန့်နိုင်ပါက အရှိန်ပြောင်းနှုန်း နည်းသွားမည် ဖြစ်သဖြင့် ထိခိုက်မှုလည်း လျော့နည်းသွားမည် ဖြစ်သည်။

မြင်သာသော ဥပမာ တစ်ခုမှာ တိုက်ပေါ်မှ ခုန်ချမည့်သူအား အောက်မှ ကယ်ဆယ်ရေးသမားများက ပိုက်ကွန်ကဲ့သို့သော အရာဖြင့် ဖမ်းယူခြင်း ဖြစ်သည်။ အမြင့်မှ ကျချိန်တွင် မြေပြင်ဖြင့် တိုက်ရိုက်ထိခိုက်ပါက အရှိန်ပြောင်းနှုန်း များပြားသဖြင့် ထိခိုက်မိသည့် အားလည်း များမည် ဖြစ်သည်။ သို့သော် ပိုက်ကွန် မွေ့ရာကဲ့သို့သော အရာဝတ္ထုများဖြင့် ဖမ်းယူခြင်းဖြင့် အရှိန်ပြောင်းနှုန်းကို လျှော့ချပေးပြီး ထိခိုက်မိသည့်အားလည်း လျော့ကျသွားမည် ဖြစ်သည်။

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ တတိယနိယာမ[ပြင်ဆင်ရန်]

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ တတိယ နိယာမတွင် "အရာဝတ္ထုနှစ်ခု၏ သက်ရောက်မှုအားနှင့် ပြန်လည်တွန်းကန်အား သည် ညီမျှသည်" ဟု ဆိုထားသည်။

FA = −FB[၃]

ကန့်သတ်ချက်[ပြင်ဆင်ရန်]

နယူတန်၏ ရွေ့လျားမှု ဆိုင်ရာ နိယာမများသည် အရာဝတ္ထု အတော်များများတွင် အသုံးချနိုင်သော်လည်း အက်တမ်ထက် သေးငယ်သော အရာဝတ္ထုများနှင့် ကမ္ဘာမြေကဲ့သို အလွန်ထုထည်ကြီးမားသော အရာဝတ္ထုများတွင် အကန့်အသတ်ဖြင့်သာ အသုံးချနိုင်သည်။ နျူတန်ပျိုး ရူပဗေဒဖြင့် တိကျစွာ တွက်ချက်မရတော့သော ကိစ္စရပ်များကို နှိုင်းရ ရူပဗေဒဖြင့် ပိုမိုတိကျစွာ တွက်ချက်နိုင်သည်များလည်း ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Browne၊ Michael E. (July 1999)။ Schaum's outline of theory and problems of physics for engineering and science (Series: Schaum's Outline Series)။ McGraw-Hill Companies။ p. 58။ ISBN 978-0-07-008498-8
  2. Holzner၊ Steven (December 2005)။ Physics for Dummies။ Wiley, John & Sons, Incorporated။ p. 64။ ISBN 978-0-7645-5433-9
  3. Resnick; Halliday; Krane (1992)။ Physics, Volume 1 (4th ed.)။ p. 83။