နျူကလီးယား အပျော့စက်

ဝီကီပီးဒီးယား မှ
နျူထရွန်က ပရိုတွန်အဖြစ်သို့ ပြောင်းလဲသွားပုံ ဥပမာကို ဖှိုင်းန်မန်း ပုံဆွဲနည်းဖြင့် သရုပ်ဖော်ပုံ။ နျူထရွန်ကို (n = udd) ဖြင့်၊ ပရိုတွန်ကို (p = udu) ဖြင့်၊ အီလက်ထရွန်ကို (e) ဖြင့် and ဓာတ်ခြားနျူထြီးနိုကို ဖြင့် ကိုယ်စားပြုပြထား၏။ (
W
) ဟူသည်မှာ ဤအဖြစ်အပျက်ကို ဖော်ဆောင်ပေးသော ဘိုဇွန်၊ ဤတွင် အနုတ် W ဘိုဇွန် ဖြစ်၏။

နျူကလီးယား အပျော့စက် (သို့) နျူကလီးယား သက်ရောက်မှုအပျော့ (Weak Interaction) (သို့မဟုတ်) နျူကလီးယား အားအပျော့ (Nuclear Weak Force) ဆိုသည်မှာ တစ်နည်းအားဖြင့် ကွာ့ခ်အမျိုးအစား (flavor of a quark) ပြောင်းလဲမှု သဘောတရား ဖြစ်သည်။
နျူကလီးယား အပျော့စက်၏ သက်ရောက်နိုင်မှု နေရာအတိုင်းအတာမှာ ပရိုတွန်အချင်းအကျယ်ထက် တိုသည်။[၁] နျူကလီးယား အပျော့စက်သည် ဒြပ်ဆွဲမှုလျှပ်စစ်သံလိုက်ဓာတ်နျူကလီးယား အပြင်းစက်တို့နှင့်အတူ အခြေခံ သက်ရောက်မှုကြီး ၄မျိုးတွင် တစ်ခု အပါအဝင် ဖြစ်သည်။

ဖြစ်စဉ် ဥပမာ[ပြင်ဆင်ရန်]

  • Up quark (အထက် ကွာ့ခ်)
  • Down quark (အောက် ကွာ့ခ်)
  • Charm quark (ချားမ် ကွာ့ခ်)
  • Strange quark (စထြဲန်းဂျ် ကွာ့ခ်)
  • Top quark (တော့ပ် ကွာ့ခ်)
  • Bottom quark (ဘော့တမ် ကွာ့ခ်)

ဤသည်တို့မှာ ကွာ့ခ်အမျိုးအစား (flavor) ၆မျိုး ဖြစ်သည်။

နျူထရွန်တစ်ခု၏ ဖွဲ့စည်းမှုမှာ အောက်ကွာ့ခ်၂ခု နှင့် အထက်ကွာ့ခ် ၁ခု ဖြစ်ပြီး ပရိုတွန်တစ်ခု၏ ဖွဲ့စည်းမှုမှာ အောက်ကွာ့ခ်၁ခု နှင့် အထက်ကွာ့ခ် ၂ခု ဖြစ်သည်။[၂] ထို့ကြောင့် နျူထရွန်၏ အောက်ကွာ့ခ်၂ခုအနက် တစ်ခုက အထက်ကွာ့ခ် အဖြစ်သို့ ပြောင်းလဲခဲ့သော် ဘက်ရီယွန်တစ်ခုလုံး အနေနှင့်မူ နျူထရွန်အဖြစ်မှ ပရိုတွန်အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်ပေမည်။ ဤတွင် လျှပ်ဓာတ်၏ တည်မြဲမှု သဘောတရားကို ထည့်တွက်ရမည်။ အောက်ကွာ့ခ်၏ လျှပ်ဓာတ်က -⅓ ဖြစ်သဖြင့် လျှပ်ဓာတ် +⅔ ရှိသော အထက်ကွာ့ခ် တစ်ခု ရှိလိုလျှင် ၎င်း -⅓ ကို 1 ပေါင်းရမည်။ တစ်နည်းအားဖြင့် ၎င်းထဲမှ -1 နုတ်ပယ်ရမည်။ -⅓-(-1)=-⅓+1=+⅔ ဖြစ်သည်။ ထို့ကြောင့် -1 ရှိသော လျှပ်ဓာတ် နုတ်ပယ်ခြင်းသည် အီလက်ထရွန် တစ်ခု နုတ်ထွက်ခြင်းဖြစ်ကြောင်း အထက်ဆုံး၌ ပြထားသည့် ပုံတွင်လည်း ကြည့်နိုင်သည်။

နျူထရွန်တစ်ခုက ပရိုတွန်တစ်ခုအဖြစ်သို့ ပြောင်းလဲသည့်အခါ ဘီတာရောင်ခြည်အဖြစ် လွတ်ထွက်သော အီလက်ထရွန်နှင့်တကွ ဓာတ်ခြားနျူထြီးနို တစ်ခုလည်း လွတ်ထွက်ပုံ

ဤသို့သော နျူကလီးယား အပျော့စက် ဖြစ်စဉ်အမျိုးမျိုးကို ဖော်ဆောင်ပေးသူ ဘိုဇွန်အမှုန်များမှာ (
W+
)၊ (
W
) နှင့် Z(ဇီး) ဘိုဇွန် ဟူသော ၃မျိုး ဖြစ်ပေသည်။

အမည်ပေးမှု[ပြင်ဆင်ရန်]

နျူကလီယွန်တို့နှင့် ပတ်သက်သဖြင့် "နျူကလီးယား" အမည်ကို ရရှိသည်။ သို့သော် ကွာ့ခ်တို့၏ အရောင်ဓာတ် (color)နှင့် ဆိုင်သော တစ်မျိုးက ပြင်းအား ပိုသဖြင့် ၎င်းကို "အပြင်း" ဟု ခေါ်ပြီး ကွာ့ခ်အမျိုးအစား (flavor)နှင့် ဆိုင်သော ဤတစ်မျိုးကိုမူ "နျူကလီးယား အပျော့စက်" ဟု ခွဲခေါ်ကြသည်။ (ဤတွင် ထည့်သုံးသော "စက်" မှာ machine ကို မဆိုလိုဘဲ mechanism ကို ဆိုလိုသည်။ မြန်မာစာပေ၏"အာဏာစက်"၊ "ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မည်"[၃] စသည်တို့၌ တွေ့ရသည်မျိုးကို မှီငြမ်း၏။)

အကိုးအကား[ပြင်ဆင်ရန်]

  1. Schwinger, Julian (1957-11-01). "A theory of the fundamental interactions" (in en). Annals of Physics 2 (5): 407–434. doi:10.1016/0003-4916(57)90015-5. ISSN 0003-4916. Bibcode1957AnPhy...2..407S. 
  2. "Valence and sea quarks in the nucleon" (2015). Journal of Physics: Conference Series 578 (1): 012015. doi:10.1088/1742-6596/578/1/012015. Bibcode2015JPhCS.578a2015B. 
  3. ဘုန်းနှင့်ကံနှင့် ရွှေသဇင်