အဟုန်

ဝီကီပီးဒီးယား မှ
အဟုန်
A pool break-off shot
ဘိလိယက်ခုံတစ်ခုတွင် တြိဂံပုံစီထားသော ဘောလုံးများကို တိုက်မိပြီးနောက် ဒိုးဘောလုံး၏အဟုန်သည် ထိုဘောလုံးများဆီသို့ ပြောင်းလဲရောက်ရှိသွားပုံ။
ယေဘုယျ သင်္ကေတ
p, p
SI ယူနစ်ကီလိုဂရမ်.မီတာ/စက္ကန့် (kg⋅m/s)
အခြားယူနစ်များ
slugft/s
SI ဒိုင်မင်းရှင်းMLT−1
Conserved?Yes

အဟုန် (အင်္ဂလိပ်: momentum) ဆိုသည်မှာ နယူတန်၏ ရွေ့လျားမှုဆိုင်ရာ နိယာမများတွင် အဖြောင့်သွားအဟုန်ရွေ့ရှားအဟုန် (သို့) သာမန်အဟုန် သည် အရာဝတ္ထုတစ်ခု၏ ဒြပ်ထုနှင့် အလျင်တို့၏ မြှောက်လဒ်ဖြစ်သည်။ ဗက်တာတန်ဖိုးရှိသောကြောင့် ပမာဏနှင့် လားရာတို့ရှိကြသည်။ အရာဝတ္ထုတစ်ခု၏ ဒြပ်ထုကို m ဟုသတ်မှတ်၍ အလျင်ကို v ဖြင့် သတ်မှတ်ထားကာ အဟုန်ကိုလိုချင်လျှင်

အဖြစ် ရေးသားနိုင်သည်။

နိုင်ငံတကာသုံးယူနစ်ဖြစ်သည့် SI unit တွင် အဟုန်ကို တစ်စက္ကန့်၌ရှိသော ကီလိုဂရမ် မီတာ (kg m/s) ဖြင့် ပြသသည်။

နယူတန်၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမတွင် အရာဝတ္ထုတစ်ခု၏ အဟုန်ပြောင်းလဲနှုန်းသည် ထိုအရာဝတ္ထုအပေါ်တွင် သက်ရောက်သော အသားတင်အားနှင့် ညီသည်ဟု ဖွင့်ဆိုထားသည်။ အဟုန်သည် ရည်ညွှန်းဘောင် (frame of reference-ရည်ညွှန်းကိုးကားသည့် စံ/ဥပဒေ) အပေါ်တွင်မူတည်သော်လည်း ရွေ့မြဲတည်မြဲဘောင် (inertial frame-အင်နားရှားဘောင်) တွင်မူ တစ်သတ်မတ်တန်ဖိုး (conserved quantity-မပြောင်းလဲသည့်တန်ဖိုး) ရှိ၏ ။ ဆိုလိုသည်မှာ အပိတ်စနစ် (closed system-ပြင်ပ၏စွက်ဖက်မှုမရှိခြင်း) ကို ပြင်ပမှ အားများသက်ရောက်မှုမရှိလျှင် ၎င်း၏စုစုပေါင်းအဖြောင့်အဟုန်သည်လည်း ပြောင်းလဲခြင်းမရှိနိုင်ပေ။ အထူးနှိုင်းရသီအိုရီ (အထူးပြုထားသော ဖော်မြူလာပုံစံတစ်ခုဖြင့်)၊ အထူးပြုမွန်းမံပုံစံ၊ ယေဘုယျနှိုင်းရသီအိုရီလျှပ်စစ်သံလိုက်စက်ကွင်းဘာသာရပ်၊ ကွမ်တမ်မက္ကင်းနစ်၊ ကွမ်တမ်စက်ကွင်းသီအိုရီ တို့တွင်လည်း တသတ်မတ်တန်ဖိုးအဖြစ် သတ်မှတ်ထားသည်။ နေရာနှင့်အချိန်တို့၏ အခြေခံအချိုးညီခြင်းများထဲက တစ်ခုဖြစ်သည်။ (translational symmetry-ရွေ့လျားမှုဆိုင်ရာ အချိုးညီခြင်း)