မာတိကာသို့ ခုန်သွားရန်

တည်နေရာ

ဝီကီပီးဒီးယား မှ
တာရင်းအမှတ်မှ ဖြာဆန့်သော ဤ ဗှတ္တမှာ အမှတ် တည်နေရာပြ ဗှတ္တာအဖြစ် ရှိအံ့။ ကာတက်စီးယန်း အမှတ်ချအိမ်၌မူ ဟု ဖြစ်။


ဂျီဩမေတြီတွင် အမှတ်တခုခု၏ တည်နေရာ(ပြ) ဗှတ္တာ (အင်္ဂလိပ်: position vector) ဟူသည်မှာ လက်ရှိအသုံးပြုရာ အမှတ်ချအိမ် (သို့) တွေ့ကြုံရှုထောင့်တာရင်းအမှတ်နေရာမှ စံထား၍ ၎င်းအမှတ်၏ အာကာသ(နေရာရပ်ဝန်း) အတွင်း တည်နေရာကို ဖော်ပြသည့်၊ ဗှတ္တာ တခုအဖြစ် အမှတ်ချအိမ်၏ စံတိုင်တို့ အသီးသီးအလျောက် ပမာဏပြကိန်း တို့နှင့် အမှတ်ချအိမ်၏ စံအလွှားစိပ် တို့၏

ဟူသော (တိုင်းကြောင်း အရေအတွက် -ခု ရှိသလောက်၏ ပေါင်းလဒ်) ပုံစံမျိုးဖြင့် ထွက်ပေါ်တည်ရှိ၏။
တနည်းအားဖြင့်၊ တာရင်းအမှတ်ကို ၎င်းအမှတ်Pထံသို့ အရွေ့ (displacement) ပြောင်းရွှေ့ကြည့်မှုမျိုး[၁] ဖြစ်လေရာ

ဟုလည်း ဆိုနိုင်၏။

သမားရိုးကျ ယူကလစ်ဒ် ရပ်ဝန်းသဘော အတွင်း -
ပုံစံနှင့်၊ အသုံးများသော ကာတက်စီးယန်း အမှတ်ချအိမ်အတွင်း တိုင်းကြောင်း (dimension) ၃ခုအဖို့ တည်နေရာပြ ဗှတ္တာက အောက်ပါအတိုင်း ဖြစ်မည်။


ဟု ကိန်းအုံတို့နှင့် တွက်ထုတ်ပုံမှာ အရင်းခံသင်္ချာပုံသေနည်းမျိုး ဖြစ်၏။ မြှောက်လဒ် ကိန်းအုံ ၃ခု၌ အလယ်ရှိ ထောင့်စက်ကိန်းအုံမှာ အတိုင်းဆတာအုံ အဖြစ် ပါဝင်ခြင်း ဖြစ်၏။

တည်နေရာ(Position) နှင့် အကွာအဝေး(Distance)[ပြင်ဆင်ရန်]

တည်နေရာမှာ ဗှတ္တာ တိုင်းဖွယ် ဖြစ်၍ ပမာဏ သဘောရော၊ ဦးတည်ချက်(ဘက်လှည့်) သေဘာပါ ပါရှိ၏။ တည်နေရာ၏ ပမာဏရင်းသီးသန့်ကို အကွာအဝေး ဟူသော (ပမာဏသီးသန့်) စကေလာတိုင်းဖွယ် အဖြစ် ရှိအံ့။
ဤသည်မှာ ယူကလစ်ဒ် ရပ်ဝန်း၏ တာသေရင်း (မပြောင်းအလျား; invarience) လည်း ဖြစ်၍ ဤသို့ တွက်နိုင်၏။ တာသေရင်းမှာ ၎င်းအလျားသေ ဝှေ့ယမ်းနိုင်သော စက်ဝန်းလုံးအပိုင်း၏ အချင်းဝက်သဖွယ် ဖြစ်၍၊ ၎င်း၏ နှစ်ထပ်ကိန်းကို ဟု ရေးနိုင်၏။

ကိုယ်ပြန်မြှောက်ဒ် (inner product) အဖြစ်လည်း တွက်ထုတ်နိုင်၏။

အကိုးအကား[ပြင်ဆင်ရန်]

  1. The term displacement is mainly used in mechanics, while translation is used in geometry.