အလယ်တစ်ဝက်ဖွင့်အဝိုင်းသရ

ဝီကီပီးဒီးယား မှ
open-mid central rounded vowel
ɞ
IPA Number395
Encoding
Entity (decimal)ɞ
Unicode (hex)U+025E
X-SAMPA3\
Braille⠦ (braille pattern dots-236)⠜ (braille pattern dots-345)

အလယ်တစ်ဝက်ဖွင့်အဝိုင်းသရ (အင်္ဂလိပ်: open-mid central rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ɞ⟩ အဖြစ်ဖော်ပြထား၍ X-SAMPA စနစ်တွင် 3\ သင်္ကေတဖြစ်သည်။ ဤသင်္ကေတသည် အပ်စီလွန်အက္ခရာကို ရှေ့နောက်ပြောင်းလဲပြီး အပိတ်ပုံစံဖြစ်ကာ ၁၉၉၃ တွင် ဤဇယားထဲသို့ ထည့်သွင်းခဲ့ကြသည်။ ယခင်က ⟨ɔ̈⟩ အဖြစ် ဖလှယ်ရေးသားခဲ့ကြသည်။

အင်္ဂါရပ်များ[ပြင်ဆင်ရန်]

  • တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အဝိုင်းသရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဝိုင်း၍ ထွက်ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]