မာတိကာသို့ ခုန်သွားရန်

အရှေ့အဖွင့်နီးပါးအပြန့်သရ

ဝီကီပီးဒီးယား မှ
near-open front unrounded vowel
æ
IPA Number325
Encoding
Entity (decimal)æ
Unicode (hex)U+00E6
X-SAMPA{
Braille⠩ (braille pattern dots-146)

အရှေ့အဖွင့်နီးပါးအပြန့်သရ (အင်္ဂလိပ်: near-open front unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် လက်တင်သရတွဲသံ ⟨Æ⟩ (a နှင့် e ကိုပေါင်းစပ်ထားခြင်း) ၏ အသေးစကားလုံး ⟨æ⟩ ဖြင့် ကိုယ်စားပြုပြဆိုသည်။ ဤသင်္ကေတနှင့် အသံနှစ်မျိုးစလုံးကို ပုံမှန်အားဖြင့် အင်္ဂလိပ်စကားလုံး "ash"[မှတ်စု ၁] အဖြစ် ရည်ညွှန်းကြသည်။ မြန်မာဘာသာစကား၌ ဤသရနှင့်တူညီသော သရသံမရှိပေ။ အသံမှာ "အယ်"သရသံ ⟨ɛ⟩ နှင့် "အာ"သရသံ ⟨a⟩ ကြားရှိ (အဲာ)အသံဖြစ်သည်။

၎င်းနှင့်တူညီသော အဝိုင်းသရအတွက် နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် စကားလုံးသတ်မှတ်ပေးထားခြင်းမရှိသော်လည်း အရှေ့အဖွင့်နီးပါးအဝိုင်းသရ (near-open front rounded vowel) သည် သံရင်းမျိုးကွဲဆိုင်ရာအနေဖြင့် ဒိန်းမတ်ဘာသာစကားတွင် ရှိသည်ဟု သိရသည်။[][]

လက်တွေ့အားဖြင့် ⟨æ⟩ ကို အရှေ့အဖွင့်အပြန့်သရa⟩ ကို ကိုယ်စားပြုရည်ညွှန်းရန်အတွက် ရံခါ၌အသုံးပြုကြသည်။

ဟန်ဂေရီဘာသာစကားနှင့် (စပိန်ရှိ) ဗလဲန်ဆီယန် (Valencian) ဘာသာစကားများ၏ သဒ္ဒဗေဒအက္ခရာ (IPA) အသံဖလှယ်ရာတွင် ဤသရကို ⟨ɛ⟩ အနေဖြင့် ဖော်ပြရေးသားကြသည်။


အင်္ဂါရပ်များ

[ပြင်ဆင်ရန်]
  • အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။
  • ဤသရ၏နိမ့်မြင့်သဘောမှာ အဖွင့်နီးပါးဖြစ်၍ လျှာ၏အနိမ့်အမြင့်(အနေအထား)သည် သည် အဖွင့်သရနှင့် နီးကပ်စွာဆင်တူသည်။ သို့ရာ၌ လျှာသည် အဖွင့်သရလောက်ထိ မရောက်ရှိပေ။ ဆိုလိုသည်မှာ လျှာ၏နိမ့်မြင့်သည် အဖွင့်သရကဲ့သို့ အောင်ဆုံး၌တည်ရှိသည်မဟုတ်ပါ။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

မှတ်စု

[ပြင်ဆင်ရန်]
  1. æ (ash) ကို ရှေးဟောင်းအင်္ဂလိပ်စကား၌ အသုံးပြုခဲ့ကြ၍[] ၎င်း၏အသံသည် a နှင့် e ကြားရှိ သရသံဖြစ်ကာ ရှေးဟောင်းစာ (အန်ဂလို-ဆက်(ခ်)ဆန်) ᚫ နှင့်ညီသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Oxford Advanced Learner's Dictionary (9th edition)
  2. Oxford English Dictionary
  3. Grønnum (1998:100)
  4. Basbøll (2005:46)