အရှေ့တစ်ဝက်ပိတ်အဝိုင်းသရ
ပုံပန်းသွင်ပြင်
close-mid front rounded vowel | |
---|---|
ø | |
IPA Number | 310 |
Encoding | |
Entity (decimal) | ø |
Unicode (hex) | U+00F8 |
X-SAMPA | 2 |
Braille |
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အရှေ့တစ်ဝက်ပိတ်အဝိုင်းသရ (အင်္ဂလိပ်: close-mid front rounded vowel သို့ high-mid front rounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ø⟩ (အေ) သင်္ကေတဖြင့်ပြသည်။ အိုင်ပီအေအမည်အားဖြင့် slashed O ဟူ၍ ခေါ်ဝေါ်ကြသည်။[၁] အင်္ဂလိပ်အက္ခရာ အို၏ အသေးစကားလုံးကို ထောင့်ဖြတ်မျဉ်းဖြင့် ပိုင်းထားသည့်ပုံစံဖြစ်ကာ[၂] ဒိန်းမတ်၊ နော်ဝေး၊ ဖဲရိုးကျွန်းစု ဘာသာစကားများမှ ငှားယူထားသည့် အက္ခရာဖြစ်၏ ။ ဤသင်္ကေတကို အင်္ဂလိပ်ဘာသာ၌ "o, slash" (အို၊ မျဉ်းစောင်း) ဖြင့် ရည်ညွှန်းကြသည်။ ၎င်းနှင့်ကပ်လျက် ရှိသော ⟨e⟩ (အေ) အသံထွက်ရှိပုံနှင့် နီးစပ်ကာ နှုတ်ခမ်းကို ဝိုင်း၍ထွက်ရသည်။[၁][၃]
အင်္ဂါရပ်များ
[ပြင်ဆင်ရန်]- ယခုဖော်ပြပါ [ø] သရ၌ လျှာသည် ခံတွင်း၌ အပိတ်သရနှင့် တစ်ဝက်သရ ကြားနေရာတွင်ရှိသည်။
- လျှာ၏ ရှေ့နောက် အနေအထား၌ လျှာသည် ခံတွင်း၏ အရှေ့ဘက်သို့ ရောက်ရှိနေသည်။ သို့သော် ဗျည်းသံဖြစ်ပေါ်သည်အထိ ပိတ်ဆို့လိုက်ခြင်းမပြုရချေ။ အရှေ့အဝိုင်းသရများသည် အများအားဖြင့် အလယ် (သို့) အရှေ့နီးပါးသရများ ဖြစ်လေ့ရှိကြသည်။
- အဝိုင်းသရဟူ၍ ခေါ်ဆိုရာ၌ နှုတ်ခမ်းကို ဝိုင်း၍ ချပ်ကာ (compressed) ထွက်ရှိသည်။ နှုတ်လမ်းသားအစွန်းများသည် တင်းတင်းရင်းရင်းဖြင့် ဆွဲယူ၍ ချပ်ချပ်ကပ်ကပ်ပုံစံဖြစ်ကာ နှုတ်ခမ်း၏ အတွင်းသားများ မပေါ်လွင်စေရပါ။