အနောက်တစ်ဝက်အဝိုင်းသရ
ပုံပန်းသွင်ပြင်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
Mid back rounded vowel | |
---|---|
o̞ | |
ɔ̝ | |
IPA Number | 307 430 |
Encoding | |
Entity (decimal) | o̞ |
Unicode (hex) | U+006F U+031E |
Braille |
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အနောက်တစ်ဝက်အဝိုင်းသရ (အင်္ဂလိပ်: mid back rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို သတ်မှတ်ထားခြင်းမရှိပေ။ တစ်ဝက်ပိတ် [o] နှင့် တစ်ဝက်ဖွင့် [ɔ] တို့ကြားတွင်တည်ရှိ၍ ပုံမှန်ရေးသားမှုမှာ ⟨o⟩ ပင်ဖြစ်သည်။ တိကျမှုကိုအလိုရှိပါက ဖြည့်စွက်သင်္ကေတများသုံး၍ ⟨o̞⟩ သို့ ⟨ɔ̝⟩ ဟူ၍ ဖော်ပြနိုင်သည်။ တူညီသော သဒ္ဒဗေဒအက္ခရာတစ်မျိုးမှာ ⟨ꭥ⟩ ဖြစ်ကာ သဒ္ဒဗေဒမဟုတ်သော ⟨ⱺ⟩ ကိုလည်း တွေ့ရှိရသည်။
အင်္ဂါရပ်များ
[ပြင်ဆင်ရန်]- သရ၏ အမြင့်မှာ တစ်ဝက်ပိတ်သရနှင့် တစ်ဝက်ဖွင့်သရကြား တစ်ဝက်နေရာတွင်ရှိသည်။
- သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။ အနောက်အပြန့်သရများသည် အလယ်သရဖက်သို့ တိမ်းတတ်၏ ။ ဆိုလိုသည်မှာ များမကြာခဏဆိုသလို ၎င်းတို့ကို အနောက်နီးပါးသရဟု ပြောလိုရင်းဖြစ်သည်။
- အဝိုင်းသရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို (ဆူ)ဝိုင်း၍ ထွက်ရှိကြသည်။