သူစိုးရွာ၊ နွားထိုးကြီးမြို့နယ်
ပုံပန်းသွင်ပြင်
သူစိုးရွာ (အင်္ဂလိပ်: Thusoe)သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၁၇၀၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သူစိုးကျေးရွာအုပ်စုတွင် ကျား ၇၇၇ ဦး၊ မ ၁၀၄၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၁၇ ဦးနေထိုင်သည်။ [၁] ဒေသ အခေါ်မှာ တစိုးရွာ သို့မဟုတ် ဒဇိုးရွာ ဖြစ်သည်။ တိုက်နယ်ဆေးရုံ နှင့် စာသင်ကျောင်းရှိသည်။ အင်းဝ မိဖုရားကြီး တည်ထားကိုးကွယ်ခဲ့သော လှိုင်ရှည် (လိုဏ်ရှည်) စေတီတော် မှာ ထင်ရှားသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက် ည ၈ နာရီကျော် တွင် မြင်းခြံ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့်စေတီငယ်တချို့ ပျက်စီးခဲ့သည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့ ေသတွင်း သတင်းများ
| ဤ မန္တလေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |