မြန်မာနိုင်ငံဆရာဝန်အသင်း

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံဆရာဝန်အသင်း
အတိုကောက်MMA
ဆောင်ပုဒ်အာရောဂျံ ပရမံ လာဘံ
ဖွဲ့စည်းခြင်း၁၂ မတ် ၁၉၄၉
ဌာနချုပ်အမှတ် (၂၄၉)၊ သိမ်ဖြူလမ်းမင်္ဂလာတောင်ညွန့်မြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အထွေထွေအတွင်းရေးမှူးချုပ်
ကျော်လင်း၊ ဒေါက်တာ
ဥက္ကဋ္ဌထင်အောင်စော၊ ဒေါက်တာပါမောက္ခ
ဝက်ဘ်ဆိုဒ်https://www.mmacentral.org/
ယခင်အမည်
Burma Medical Association


မြန်မာနိုင်ငံဆရာဝန်အသင်း (Myanmar Medical Association) သည် မြန်မာဆရာဝန်များ ပါဝင်သည့် အစိုးရမဟုတ်သော၊ နိုင်ငံရေးအတွက်မဟုတ်သော၊ အကျိုးအမြတ်အတွက်မရည်ရွယ်သော၊ လွတ်လပ်သော၊ ပညာရှင်များဆိုင်ရာ တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ [၁]

သမိုင်းကြောင်း[၂][ပြင်ဆင်ရန်]

မြန်မာနိုင်ငံဆရာဝန်အသင်းကို ၁၉၄၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က စတင်တည်ထောင်ခဲ့သည်။


အသင်းဥက္ကဋ္ဌများ [၃][ပြင်ဆင်ရန်]

  1. ဗိုလ်မှူးကြီး ဒေါက်တာဘသော်
  2. ဒေါက်တာဘသန်းချိန်
  3. ဒေါက်တာဦးမောင်ကလေး
  4. ဒေါက်တာဦးဘသန်း
  5. ဒေါက်တာဦးမင်းစိန်
  6. ဒေါက်တာဒေါ်ရင်မေ
  7. ဒေါက်တာဦးမောင်မောင်ကြီး
  8. ဒေါက်တာချန်တိတ်
  9. ဒေါက်တာစိန်မောင်
  10. ဒေါက်တာဦးရွှေဇံ
  11. ဒေါက်တာဦးကိုကြီး
  12. ဒေါက်တာဦးဘသန်း (စကြာ)
  13. ဒေါက်တာဦးခင်မောင်ဝင်း
  14. ဒေါက်တာဦးဧ
  15. ဒေါက်တာဦးစန်းလွင်
  16. ဗိုလ်မှူးကြီး ဒေါက်တာမောင်မောင်သန်း
  17. ဒေါက်တာဦးဖေကျင်
  18. ဒေါက်တာဦးအောင်သိန်း
  19. ဒေါက်တာဦးကျော်မောင်
  20. ဒေါက်တာဒေါ်လှကြည်
  21. ဒေါက်တာဦးမောင်မောင်အေး
  22. ဒေါက်တာဦးမောင်မောင်တိတ်
  23. ဒေါက်တာဦးရွှေတင်
  24. ဒေါက်တာဒေါ်မြတ်ကြည်သန်း
  25. ဒေါက်တာဦးလှမြင့်
  26. ဒေါက်တာဦးခင်မောင်ညိမ်း
  27. ဒေါက်တာဦးတင်ဦး
  28. ဒေါက်တာဦးသက်ထားဝေ
  29. ဒေါက်တာဒေါ်ကြူကြူဆွေ
  30. ဒေါက်တာဦးရဲမြင့်
  31. ဒေါက်တာဦးမျိုးမြင့်
  32. ဒေါက်တာဦးကျော်မြင့်နိုင်
  33. ဒေါက်တာဦးရဲမြ


ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း [၄][ပြင်ဆင်ရန်]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၂၀-၂၀၂၂)[၅][ပြင်ဆင်ရန်]

၁။ ပါမောက္ခထင်အောင်စော ဥက္ကဋ္ဌ
၂။ ပါမောက္ခအေးအောင် ဒုဥက္ကဋ္ဌ (၁)
၃။ ပါမောက္ခမြသီတာ ဒုဥက္ကဋ္ဌ (၂)
၄။ ဒေါက်တာကျော်လင်း အထွေထွေအတွင်းရေးမှူး
၅။ ပါမောက္ခခေမာမြ တွဲဖက်အထွေထွေအတွင်းရေးမှူး
၆။ ပါမောက္ခယဉ်ယဉ်စိန် ဘဏ္ဍာရေးမှူး
၇။ ပါမောက္ခရီရီခင် တွဲဖက်ဘဏ္ဍာရေးမှူး
၈။ ပါမောက္ခယုဇနစောမြင့် စာရင်းစစ်
၉။ ပါမောက္ခမာမာကြည် အတွင်းရေးမှူး (Academic)
၁၀။ ပါမောက္ခချစ်စိုး အတွင်းရေးမှူး (Social & Sport)
၁၁။ ပါမောက္ခစောဝင်း အတွင်းရေးမှူး (Organization and Communication)
၁၂။ ပါမောက္ခယဉ်ယဉ်စိုး အတွင်းရေးမှူး (Publication)
၁၃။ ဒေါက်တာသာထက်အောင် အတွင်းရေးမှူး (Business Secretary)
၁၄။ ပါမောက္ခအေးမောင်ဟန် အဖွဲ့ဝင်
၁၅။ ပါမောက္ခကျော်ဇင်ဝေ အဖွဲ့ဝင်
၁၆။ ပါမောက္ခနွယ်နွယ်ဝင်း အဖွဲ့ဝင်
၁၇။ ပါမောက္ခနန်းဖြူဖြူအောင် အဖွဲ့ဝင်
၁၈။ ပါမောက္ခစန်းစန်းမြင့် အဖွဲ့ဝင်
၁၉။ ဒေါက်တာအောင်ကျော်သူ အဖွဲ့ဝင်
၂၀။ ပါမောက္ခအိအိခင် အဖွဲ့ဝင်

မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဗဟိုကောင်စီ [၆][ပြင်ဆင်ရန်]

မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်နယ်/တိုင်းဒေသကြီး [၇][ပြင်ဆင်ရန်]

ဘာသာရပ်ဆိုင်ရာ အဖွဲ့ခွဲများ[၈][ပြင်ဆင်ရန်]

ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများ[ပြင်ဆင်ရန်]

  1. မြန်မာဆေးပညာဂျာနယ် Myanmar Medical Journal
  2. မြန်မာနိုင်ငံဆရာဝန်အသင်း စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေး စာအုပ် MMA CME Book [၉]
  3. မြန်မာနိုင်ငံဆရာဝန်အသင်း သတင်းလွှာ Myanmar Medical Association Newsletter [၁၀]

မြန်မာဆေးပညာဂျာနယ် (Myanmar Medical Journal) သည် မြန်မာနိုင်ငံဆရာဝန်အသင်းက ၃ လ တစ်ကြိမ် ထုတ်ဝေသည့် ဆေးပညာဂျာနယ်ဖြစ်သည်။ ပထမဆုံးသော ဂျာနယ်ကို ၁၉၅၃ ခုနှစ် မေလ/ဇွန်လ က ထုတ်ဝေခဲ့ပြီး ဒေါက်တာ အာ အက်စ် ဂရီးဝေါ (Dr. R.S. Grewal) က တည်းဖြတ်ခဲ့သည်။ မူလစတင်ထုတ်ဝေစဉ်က Burma Medical Journal ဟုခေါ်သည်။ ၁၉၈၉ ခုနှစ်တွင် လက်ရှိ Myanmar Medical Journal အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ [၁၁]

စာကြည့်တိုက်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဆရာဝန်အသင်း စာကြည့်တိုက်သည် အသင်းအဆောက်အဦ၊ ပထမထပ်တွင် တည်ရှိပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သည်။ စာကြည့်တိုက်တွင် ဆေးပညာဘာသာရပ်ဆိုင်ရာဂျာနယ် ၃၈ မျိုးခန့် စုဆောင်းထားရှိသည်။[၁၂]

ကိုးကား[ပြင်ဆင်ရန်]