မျိုးသန့်ဖေ

ဝီကီပီးဒီးယား မှ
H.E.

ဦးမျိုးသန့်ဖေ
တရုတ်နိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၂ဩဂုတ်၂၀၁၉ – ၇ ဩဂုတ် ၂၀၂၂
ယခင်လူဦးသစ်လင်းအုန်း[၁]
ဆက်ခံသူဦးတင်မောင်ဆွေ[၂]
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာသံအမတ်ကြီး
တာဝန်သက်တမ်း
၈ ဇန်နဝါရီ ၂၀၂၁ – ၇ဩဂုတ်၂၀၂၂
ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန [[နိုင်ငံခြားရေး ဝန်ကြီးဌာန]]
တာဝန်သက်တမ်း
၄ ဒီဇင်ဘာ ၂၀၁၇ – ၂ ဩဂုတ် ၂၀၂၂
ဆက်ခံသူဦးအောင်ကျော်ဇံ[၃]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၃
ရန်ကုန်
ကွယ်လွန်၇ ဩဂုတ် ၂၀၂၂
တရုတ်နိုင်ငံကူမင်းမြို့
လူမျိုးမြန်မာ
ကျွမ်းကျင်မှုသံတမန်

ဦးမျိုးသန့်ဖေ(၁၉၆၃-၂၀၂၂) သည် မြန်မာလူမျိုး သံအမတ်တစ်ဦးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ရင်း ရုတ်တရက်ကွယ်လွန်ခဲ့သူဖြစ်သည်။[၄]

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

ဦးမျိုးသန့်ဖေသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ရင်း ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။[၅]ယင်းနောက် တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်လည်းကောင်း၊မြောက်ကိုရီးယားနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်များ အသီးသီးပေးအပ်ခံရသည်။[၆]

သံအမတ်ကြီးဘဝ[ပြင်ဆင်ရန်]

ဦးမျိုးသန့်ဖေသည် ၂၀၁၉ ဩဂုတ် ၂ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ တာဝန်ပေးအပ်ခြင်းကို ခံရသည်။[၇] ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင် ထံ သံအမတ်ခန့်အပ်လွှာပေးကာ တရားဝင်တာဝန်ထမ်းဆောင်သည်။[၈]၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သံအမတ်ကြီးတာဝန်အပြင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၎င်းကို ပူးတွဲခန့်အပ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၂၂ သြဂုတ် ၇ ရက် ဒေသစံတော်ချိန် ၁၂နာရီခွဲအချိန်တွင် နှလုံးရောဂါဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။[၉] ၎င်းသည် ထိုရက်မတိုင်ခင် ဩဂုတ်လ ၆ရက်က ယူနန်ပြည်နယ်မှ ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးသည်။ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်သယ်ခဲ့ပြီး ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၂ရက်တွင် ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ဂူသွင်းသင်္ဂြိုလ်သည်။

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်တွင် အဖဦးစိန်ဖေ၊အမိဒေါ်တင်တင်နွယ် တို့က ရန်ကုန်မြို့အင်းစိန်မြို့နယ် တွင် မွေးဖွားခဲ့သည်။မွေးချင်း(၅)ဦးအနက် အငယ်ဆုံးသားဖြစ်သည်။အိမ်ထောင်မရှိ လူပျိုကြီးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. “ခေတ်သစ် ပိုးလမ်းမကြီး” စီမံကိန်း သည် လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများကို အကျိုးပြု သွားနိုင်မည် ဖြစ်ကြောင်း မြန်မာ သံအမတ်ကြီး ပြောကြားဆင်ဟွာသတင်း (၁၂အောက်တိုဘာ၂၀၁၈)။ ၁၈မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် သံအမတ်ကြီး ဦးတင်မောင်ဆွေအား ခန့်အပ်Eleven Media Group (၁၂နိုဝင်ဘာ၂၀၂၂)။ ၁၈မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. လုပ်ငန်းများအတွက် အရေးကြီးကိစ္စဖြင့် လာရောက်လိုသည့် တရုတ်နိုင်ငံသားများကို ပြည်ဝင်ခွင့်ပေးမည်Mizzima Burmese News (၉ဇူလိုင်၂၀၂၀)။ ၁၈မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကွယ်လွန်VOA Burmese (၈ဩဂုတ်၂၀၂၂)။ ၁၈မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြန်တမ်း ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်အပ်ခြင်း၂၀၁၈ ဒီဇင်ဘာ၄ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ၇ (၄ဒီဇင်ဘာ၂၀၁၈)။ ၁၈မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ဦးမျိုးသန့်ဖေအား ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ကွန်ရက်ပေါက်ဖော် (၁၀ဇန်နဝါရီ၂၀၂၁)။ ၁၈မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  7. ဦးမျိုးသန့်ဖေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်MYANMAR NATIONAL PORTAL (၂ဩဂုတ်၂၀၁၉)။ ၁၈မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. သံအမတ်ကြီး ဦးမျိုးသန့်ဖေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်ကွန်ရက်ပေါက်ဖော် (၃၀နိုဝင်ဘာ၂၀၁၉)။ ၁၈မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  9. Myanmar ambassador to China died on SundayReuters (9August2022)။ 18March2023 တွင် ပြန်စစ်ပြီး။