လှကြည်

ဝီကီပီးဒီးယား မှ
ဒေါက်တာလှကြည်
မွေးဖွား (1946-08-26) ဩဂုတ် ၂၆၊ ၁၉၄၆ (အသက် ၇၇)
ဖလေးကျေးရွာကဝမြို့နယ်ပဲခူးတိုင်းဒေသကြီး
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်၊ လော့စ်အိန်ဂျယ်လိစ်
အလုပ်အကိုင်ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား)၊ ကျန်းမာရေးဦးစီးဌာန
အိမ်ထောင်ဖက်(များ)ဒေါ်မမကြီး
သားသမီး
ရရှိသည့်ဆုများထွန်းဖောင်ဒေးရှင်းစာပေဆု (၂၀၁၇)၊ အမျိုးသား စာပေဆု (၂၀၁၉)၊ အမျိုးသား စာပေဆု (၂၀၂၀)

ဒေါက်တာလှကြည်ကို ပဲခူးတိုင်းဒေသကြီးကဝမြို့နယ်ဖလေးကျေးရွာ၌ ၁၉၄၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် အဘ ဦးအုန်းကြွယ်၊ အမိ ဒေါ်သိန်းကြည်တို့က မွေးဖွားခဲ့သည်။[၁][၂][၃]။ မွေးချင်း ၉ ဦးအနက် သတ္တမမြောက်ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ကဝမြို့နယ်၊ ဖလေးကျေးရွာ ပညာလင်္ကာရဘုန်းတော်ကြီးကျောင်းတွင် မူလတန်းနှင့် အလယ်တန်း၊ ပဲခူးမြို့ အထူးသဒ္ဒါသင်ကျောင်းတွင် အလယ်တန်းနှင့် အထက်တန်းပညာများ သင်ကြားခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ဆေးပညာဘွဲ့ (M.B., B.S) ကို ဆေးတက္ကသိုလ် (၁) ရန်ကုန် မှ လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်တွင် ကလေးကျန်းမာပညာဒီပလိုမာဘွဲ့ (Diploma in Child Health) ကို ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးပညာမဟာဘွဲ့ (Master in Public Health) ကို အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်၊ လော့စ်အိန်ဂျယ်လိစ် (University of Calfornia, Los Angeles) မှ လည်းကောင်း ရရှိခဲ့သည်။[၄][၅]

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

ဆေးမှူး/ဗိုလ်ကြီး (ကာကွယ်ရေးဝန်ကြီးဌာန)၊ လက်ထောက်ဆရာဝန် (ပြည်သူ့ဆေးရုံ၊ ခရမ်းမြို့ရန်ကုန်တိုင်းဒေသကြီး)၊ တိုက်နယ်ဆရာဝန် (ပွေးကျစ်ကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်မန္တလေးတိုင်းဒေသကြီး)၊ ကျောင်းကျန်းမာရေးဆရာဝန် (သရက်မြို့မကွေးတိုင်းဒေသကြီး)၊ လက်ထောက်ညွှန်ကြားရေးမှူး (အာဟာရဌာနခွဲ၊ ကျန်းမာရေးဦးစီးဌာန)၊ ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူး (ရန်ကုန်တိုင်း)၊ ဒုတိယညွှန်ကြားရေးမှူး (အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာန၊ ကျန်းမာရေးဦးစီးဌာန)[၆][၇][၈][၉] တာဝန်များ ထမ်းဆောင်ပြီး ၂၀၀၆ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။

ရရှိခဲ့သော ဆုများ[ပြင်ဆင်ရန်]

  1. နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်[၁]
  2. ပြည်သူ့ဝန်ထမ်းတံဆိပ်[၁]
  3. ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်[၁]
  4. ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်[၁]

စာပေဆုများ[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်၊ ထွန်းဖောင်ဒေးရှင်းစာပေဆု (ကျန်းမာရေးစာပေ) ကို ဆီးချိုသွေးချိုရောဂါနှင့်မြန်မာဓလေ့အစားအစာ စာအုပ်ဖြင့်လည်းကောင်း[၁၀][၁၁]၊ ၂၀၁၉ ခုနှစ်၊ အမျိုးသား စာပေဆု၊ သုတပဒေသာ (အသုံးချသိပ္ပံ) ကို ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ စာအုပ်ဖြင့်လည်းကောင်း၊ ၂၀၂၀ ခုနှစ်၊ အမျိုးသား စာပေဆု၊ သုတပဒေသာ (အသုံးချသိပ္ပံ) ကို ကလေးကျန်းမာဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်မှုနှင့် ခဲဆိပ်အန္တရာယ် (ကလောင်အမည် ဒေါက်တာဦးလှကြည် (ကလေးကျန်းမာရေး) စာအုပ်ဖြင့် ရရှိခဲ့သည်။[၁၂][၁၃][၁၄][၁၅][၁၆]

မြန်မာနိုင်ငံဆရာဝန်အသင်း၊ စာရေးဆရာ ဆရာဝန်အဖွဲ့ (၂၀၁၆-၂၀၁၈) တွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်[၁၇]


ရေးသားထုတ်ဝေပြီးသော စာအုပ်များ[ပြင်ဆင်ရန်]

  1. သွေးချို-ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးအတွက် မှန်ကန်သည့်စားသောက်နည်း[၁၈]
  2. နှလုံးနှင့်သွေးကြောရောဂါများ ကာကွယ်ထိန်းသိမ်းရေးအတွက် မှန်ကန်သည့်စားသောက်နည်း[၁၉]
  3. သက်ကြီးဘဝ အာဟာရနှင့် ကျန်းမာရေး[၂၀]
  4. ဗီတာမင် အမေးအဖြေများ[၂၁]
  5. အဆီ၊ ကစီနှင့် ကယ်လိုရီ[၂၂]
  6. အရိုးပွ၊အရိုးပါးရောဂါအကြောင်းသိကောင်းစရာ[၂၃]
  7. အိပ်မပျော်ဘူးလား[၂၄]
  8. ရုတ်တရက်နှလုံးထိခိုက်ခြင်းနှင့် လေဖြတ်လေငန်းရောဂါ[၂၅]
  9. သတ္တုအာဟာရဓာတ် နှင့် ကျန်းမာရေး[၂၆]
  10. ဆီးချို သွေးချိုနှင့် အဆင်ပြေအောင် စားသောက်နေထိုင်ခြင်း[၂၇]
  11. နာတာရှည်ရောဂါကင်းဝေးအောင်စားသောက်ပါ
  12. ရင်သွေးငယ်အာဟာရ သန္တေသားမှစ[၂၈]
  13. ခန္ဓာကိုယ်အချိုးအစားကျ၍ အဝမလွန်အောင်ထိန်းသိမ်းပါ[၂၉]
  14. အိမ်ရှင်မတို့ သိထားသင့်တဲ့ မြန်မာ့အစားအစာများ၏ အာဟာရ
  15. ဆီးချိုသွေးချိုရောဂါနှင့် မြန်မာဓလေ့အစားအစာ (၂၀၁၇ ထွန်းဖောင်ဒေးရှင်းစာပေဆု) [၃၀]
  16. ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ (၂၀၁၉ အမျိုးသားစာပေဆု) [၃၁]
  17. ကလေးကျန်းမာဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်ရေးနှင့် ခဲဆိပ်အန္တရာယ် (၂၀၂၀ အမျိုးသားစာပေဆု) [၃၂]
  18. ကိုဗစ်-၁၉ (COVID-19) နှင့် အခြားဗိုင်းရပ်ရောဂါများ[၃၃]

ရေးသားပြီးသော ဆောင်းပါးများ[ပြင်ဆင်ရန်]

ရေးသားပြီးသော ဆောင်းပါးများအနက် အချို့မှာ[၃၄]

  1. အဆီစားသုံးမှုများခြင်း အဝလွန်ခြင်းနှင့်ကင်ဆာ
  2. အစားအသောက်သန့်ရှင်းမှုနှင့် အမီးဘား (Amoeba) ဝမ်းကိုက်ရောဂါ
  3. ပီလောပီနံဥ အဆိပ်သင့်ခြင်း (ကလောဥတောက်ခြင်း
  4. သက်ကြီးရွယ်အိုနှင့် ရေ
  5. အာဆင်းနစ် (Arsenic) အဆိပ်သင့်ခြင်း
  6. ပါးစပ်မှဝင်လာနိုင်သော ခဲဆိပ်
  7. ပါးစပ်မှဝင်လာနိုင်သော ခဲဆိပ် (၂)
  8. အစားအသောက်မှ ခဲဆိပ်သင့်ခြင်း
  9. စားဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်) နှင့် ကျန်းမာရေး
  10. ဓာတ်မြေဩဇာသုံးစွဲခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ
  11. ဖွဲနုဆီနှင့် ကျန်းမာရေး
  12. ပရီဘိုင်အောတစ် (Prebiotics) (သို့) အကျိုးပြု ပိုးစာများ
  13. ပိုတက်ဆီယမ် (Potassium) ကြွယ်ဝသော အစားအစာများနှင့် ကျန်းမာရေး
  14. တညင်းသီး၏ အာဟာရနှင့် ကျန်းမာရေး
  15. ယမ်းစိမ်းဓာတ်ဖြင့် တာရှည်ခံအောင် ပြုပြင်ထားသော အစားအစာများ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၁၁၇။
  2. မြန်မာ့အလင်းသတင်းစာ၊ ၆ ဒီဇင်ဘာ ၂၀၂၀၊ စာမျက်နှာ ၁၈
  3. Food Magazine ဒေါက်တာလှကြည်။ 12 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 December 2020 တွင် ပြန်စစ်ပြီး။
  4. မြန်မာ့အလင်းသတင်းစာ၊ ၆ ဒီဇင်ဘာ ၂၀၂၀၊ စာမျက်နှာ ၁၈
  5. Food Magazine ဒေါက်တာလှကြည်။ 12 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 December 2020 တွင် ပြန်စစ်ပြီး။
  6. Improvement of Nutritional Status of Adolescents Report of the Regional Meeting Chandigarh, India 17-19 September 2002
  7. San Yee, Khin Yi & Sein Htoon (2004). Measurements of Iodine Contents in Some Iodized Salts (Consumer Level) in Myanmar, The Jour. Myan. Acad. Arts & Sc. Vol. II(Part One) No. 2 (Science)
  8. အစိမ်းရောင်လမ်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူများ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်မှု၊ ၂၆ ဒီဇင်ဘာ ၂၀၁၇
  9. ခိုင်ပြည့်စုံ၊ မြန်မာနိုင်ငံ၌ ၅ နှစ်အောက်ကလေး ထက်ဝက်ကျော် သံဓာတ်ချို့တဲ့နေ၊ ဧရာဝတီသတင်းဌာန၊ ၈ ဇန်နဝါရီ ၂၀၁၄
  10. ကြေးမုံသတင်းစာ၊ ၁၈.၃.၂၀၁၈
  11. ထွန်းဖောင်ဒေးရှင်း စာပေဆုများ ထုတ်ပြန်ကြေညာ
  12. မြန်မာ့အလင်းသတင်းစာ၊ ၅.၁၂.၂၀၂၀။ 10 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2020 တွင် ပြန်စစ်ပြီး။
  13. ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ[လင့်ခ်သေ] - ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန။
  14. အမျိုးသားစာပေဆုရစာအုပ်စာရင်း
  15. YouTube ပေါ်ရှိ ၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု(သုတ/သိပ္ပံ) ဆုရ ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)အား ဆက်သွယ် မေးမြန်းခြင်း
  16. https://www.gnlm.com.mm/national-literary-award-winners-for-2019-announced/
  17. မြန်မာနိုင်ငံဆရာဝန်အသင်း စာရေးဆရာ ဆရာဝန်အဖွဲ့ (၂၀၁၆-၂၀၁၈)
  18. သွေးချို-ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးအတွက် မှန်ကန်သည့်စားသောက်နည်း။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  19. နှလုံးနှင့်သွေးကြောရောဂါများ ကာကွယ်ထိန်းသိမ်းရေးအတွက် မှန်ကန်သည့်စားသောက်နည်း။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  20. သက်ကြီးဘဝ အာဟာရနှင့် ကျန်းမာရေး။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  21. ဗီတာမင် အမေးအဖြေများ။ ရန်ကုန်။ ၂၀၀၆။
  22. အဆီ၊ ကစီနှင့် ကယ်လိုရီ။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  23. အရိုးပွ၊အရိုးပါးရောဂါအကြောင်းသိကောင်းစရာ။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  24. အိပ်မပျော်ဘူးလား။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  25. ရုတ်တရက်နှလုံးထိခိုက်ခြင်းနှင့် လေဖြတ်လေငန်းရောဂါ။ ရန်ကုန်: နန်းဒေဝီစာပေ။
  26. သတ္ထုအာဟာရဓာတ်နှင့် ကျန်းမာရေး။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  27. ဆီးချို သွေးချိုနှင့် အဆင်ပြေအောင် စားသောက်နေထိုင်ခြင်း။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  28. ရင်သွေးငယ်အာဟာရ သန္တေသားမှစ။ ရန်ကုန်: တူဒေးစာအုပ်တိုက်။
  29. ခန္ဓာကိုယ်အချိုးအစားကျ၍ အဝမလွန်အောင်ထိန်းသိမ်းပါ။ ရန်ကုန်: နန်းဒေဝီစာပေ။
  30. ဆီးချိုသွေးချိုရောဂါနှင့် မြန်မာဓလေ့အစားအစာ။ ရန်ကုန်: ရှင်မတောင်စာပေတိုက်။ ၂၀၁၆။
  31. ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ။ ရန်ကုန်: ရှင်မတောင်စာပေတိုက်။ ၂၀၁၉။
  32. ကလေးကျန်းမာဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်ရေးနှင့် ခဲဆိပ်အန္တရာယ်။ ရန်ကုန်။ ၂၀၂၀။
  33. ကိုဗစ်-၁၉ (COVID-19) နှင့် အခြားဗိုင်းရပ်ရောဂါများ။ ရန်ကုန်။ ၂၀၂၀။
  34. Food Magazine ဒေါက်တာလှကြည်။ 12 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 December 2020 တွင် ပြန်စစ်ပြီး။