မာတိကာသို့ ခုန်သွားရန်

လေလွင့်ဂြိုဟ်

ဝီကီပီးဒီးယား မှ
ဤဗီဒီယိုသည် လေလွင့်နေသောဂြိုဟ် CFBDSIR J214947.2-040308.9 အား အနုပညာရှင်မှ ပုံဖော်ထားချက်ဖြစ်သည်။

လေလွင့်ဂြိုဟ် (အင်္ဂလိပ်: Rogue Planet) ဆိုသည်မှာ ကြယ်တာရာဂြိုဟ်၊ အတည်တကျမရှိ သွားလာနေသောဂြိုဟ်၊ လွင့်ချင်ရာလွင့်နေသောဂြိုဟ်၊ သို့မဟုတ် မိဘမဲ့ဂြိုဟ်ဟု ခေါ်သည်။ ယင်းတို့သည် မိခင်နေအဖွဲ့အစည်းမှ တွန်းထုတ်ခံခဲ့ရကာ ဂယ်လက်ဆီအား တိုက်ရိုက်လှည့်ပတ်နေသော ဂြိုဟ်အမျိုးအစားပင်ဖြစ်သည်။ သူတို့သည် မည်သည့်ကြယ်တစ်စင်းကိုမျှ ဒြပ်ဆွဲအား သက်ရောက်မှု မရှိပေ။ ယင်းတို့သည် နဂါးငွေ့တန်း ဂယ်လက်ဆီ ထဲတွင် အရေအတွက်အားဖြင့် ဘီလီယံနှင့်ချီကာ တည်ရှိနိုင်သည်။

စောင့်ကြည့် လေ့လာမှု

[ပြင်ဆင်ရန်]

နေအဖွဲ့အစည်းပြင်ပဂြိုဟ်များအား ခြေရာခံနည်းအများစုသည် မိခင်ကြယ်အနား လှည့်ပတ်သည့်ဂြိုဟ်များအား အသုံးချသည့်နည်းလမ်းအပေါ်တွင် မှီခိုခဲ့ကြသည်။ ဒြပ်ဆွဲအား မိုက်ခရိုလန်ဆင်း (microlensing) နှင့် တိုက်ရိုက်ပုံဖော်ခြင်း နည်းလမ်းနှစ်ခုအား အသုံးပြုနိုင်သေးသည်။

ဂျူပီတာဂြိုဟ်အရွယ်အစားရှိသော လေလွင့်ဂြိုဟ်တစ်စင်းအား အနုပညာရှင်တစ်ယောက်မှ ပုံဖော်ထားပုံ

တိုက်ရိုက်ပုံဖမ်းခြင်းသည် နက္ခတ္တပညာရှင်များကို လေလွင့်ဂြိုဟ်များအား ဆက်တိုက်လေ့လာနိုင်စေသည်။ သို့သော်လည်း ငယ်ရွယ်ပြီး ကြီးမားသည့်ဂြိုဟ်များကိုသာ ယင်းနည်းလမ်းဖြင့် လေ့လာနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ခြေရာခံနိုင်ရန် လုံလောက်သော ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ထုတ်လွှတ်ပေးသောကြောင့် ဖြစ်သည်။ အခြားနည်းဖြင့်ဆိုရသော် မိခင်ကြယ်၏ အနှောက်အယှက်မပါဘဲ ဤနည်းလမ်းဖြင့် အလွယ်တကူ ခြေရာခံနိုင်သည်။

ဂြိုဟ်တစ်ခုသည် နောက်ခံကြယ်ရှေ့သို့ ဖြတ်သွားပါက ဒြပ်ဆွဲအားစက်ကွင်းသည် နောက်ခံကြယ်မှ အရာဝတ္တုအား မြင်နိုင်စေရန် တိုးပေးသည်။ ယင်းအား မိုက်ခရိုလန်းဆင်းဟု ခေါ်သည်။ မိုက်ခရိုလန်းဆင်းအား ဆက်တိုက်ဆိုသလို အသုံးမချနိုင်ပေ။ သို့သော် အိုမင်းပြီး သေးငယ်သောဂြိုဟ်များအား လေ့လာရာတွင် တိုက်ရိုက်ပုံဖမ်းခြင်းထက် ပိုမိုထိရောက်သည်။ စူးစမ်းလေ့လာသူများသည် သူတို့၏ စူးစမ်းရှာဖွေမှုများမှ ခန့်မှန်းချက်အရ နဂါးငွေ့တန်း ဂယ်လက်ဆီထဲတွင် ကြယ်တစ်စင်းတိုင်းအတွက် လေလွင့်ဂြိုဟ် ၂ စင်းသည်ရှိသည်ဟု ဖော်ပြခဲ့သည်။ အခြားသော ခန့်မှန်းချက်မှာ နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ကြယ်များထက် လေလွင့်ဂြိုဟ်အရေအတွက်သည် အဆပေါင်း ၁ဝဝဝဝဝ ရှိသည်ဟုဆိုသည်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာမြေမှ အလင်းနှစ် ၁ဝဝ အကွာတွင် လေလွင့်ဂြိုဟ်တစ်စင်းအား နက္ခတ္တပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။ မကြာသေးခင်က planemo 2M1207b ကဲ့သို့သော ပြင်ပြဂြိုဟ်အချို့အား ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းသည် ကြယ်ပုညို 2M1207 အား လှည့်ပတ်နေသည်။ အချို့သော အာကာသကြားခံအရာဝတ္ထုများအား ကြယ်များဟုယူဆပါက အကျိုးအပဲများသည် ယင်းဂြိုဟ်အား ပေါင်းစပ်သွားနိုင်သည်။

ဖြစ်နိုင်ဖွယ် လေလွင့်ဂြိုဟ်များ

[ပြင်ဆင်ရန်]

ယင်းတို့သည် မိခင်ကြယ်များမှ တွန်းထုတ်ခံရသည့်ဂြိုဟ်များလော၊ သို့တည်းမဟုတ် ကြယ်ပုညိုများမှ စတင်ဖွဲ့တည်လာခဲ့ကြသည်လော ပြောပြနိုင်သည့် နည်းလမ်းကား လောလောဆယ်တွင် မရှိသေးပေ။

ဂြိုဟ် ထုထည် ((ဂျူပီတာ ထုထည်)) အကွာအဝေး (အလင်းနှစ်) အခြေနေ ရှာဖွေတွေ့ရှိမှု
WISE 0855−0714၃–၁ဝ၇.၁ကြယ်ပုညို ဖြစ်နိုင်၂ဝ၁၄
S Ori 52၂–၈ (ကြယ်ပုညို ဖြစ်နိုင်)ထုထည် အတည်မဟုတ်
UGPS J072227.51-054031.2၅–၄ဝ၁၃ထုထည် အတည်မဟုတ်၂ဝ၁ဝ
Cha 110913-773444၅–၁၅၁၆၃ထုထည် အတည်မဟုတ်၂ဝဝ၄
CFBDSIR 2149-0403၄–၇၁၃ဝ±၁၃သင့်တော်သည်၂ဝ၁၂
PSO J318.5-22၆.၅၈ဝအတည်ပြုပြီး၂ဝ၁၃
MOA-2011-BLG-262~၄ကြယ်ပုနီ ဖြစ်နိုင်၂ဝ၁၃
OTS 44၆–၁၇၁၆ဝအတည်ပြုပြီး၂ဝ၁၃

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. Orphan Planets: It's a Hard Knock Life, Space.com, 24 Feb 2005, retrieved 5 Feb 2009.
  2. Free-Floating Planets – British Team Restakes Dubious Claim[dead link], Space.com, 18 Apr 2001, retrieved 5 Feb 2009.
  3. Orphan 'planet' findings challenged by new model, NASA Astrobiology, 18 Apr 2001, retrieved 5 Feb 2009.
  4. Neil DeGrasse Tyson in Cosmos: A spacetime Odyssey as referred to by NATIONAL GEOGRAPHIC.
  5. Stevenson, D. (1999). "Life-sustaining planets in interstellar space?".
  6. Debes, John H.; Steinn Sigurðsson (20 October 2007).
  7. Physorg.com, May 18, 2011. Accessed May 2011.
  8. [T. Sumi et al. (2011). "Unbound or Distant Planetary Mass Population Detected by Gravitational Microlensing".

ပြင်ပ လင့်

[ပြင်ဆင်ရန်]