လိပ်စွန်
| လိပ်စွန် (အင်္ဂလိပ်: Hawksbill sea turtle) | |
|---|---|
| လိပ်စွန် (Eretmochelys imbricata) | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Reptilia |
| မျိုးစဉ်: | Testudines |
| မျိုးစဉ်သေး: | Cryptodira |
| Superfamily: | Chelonioidea |
| မျိုးရင်း: | Cheloniidae |
| မျိုးရင်းသေး: | Cheloniinae |
| မျိုးစု: | Eretmochelys Fitzinger, 1843 |
| မျိုးစိတ်: | E. imbricata |
| ဒွိနာမ | |
| Eretmochelys imbricata (လင်းနီးယပ်၊ ၁၇၆၆) | |
| မျိုးစိတ်ခွဲများ | |
|
E. imbricata bissa (Rüppell, 1835) | |
| လိပ်စွန်များကို တွေ့ရှိရသည့် ဒေသများ | |
| Synonyms | |
| |
လိပ်စွန် (Hawksbill sea turtle) သည် ပင်လယ်လိပ်မျိုးဖြစ်ပြီး Cheloniidae မျိုးရင်းဝင်ဖြစ်သည်။ လိပ်စွန်ကို ပါဏဗေဒအလိုအရ “အိရက်မာရှယ်လေ အင်ဘရီခေတာ (Eretmochelys imbricata)” ဟု အမည်ပေးထားသည်။
လိပ်စွန်သည် Eretmochelys မျိုးစု၏ တစ်ခုတည်းသော ရှင်သန်ကျန်ရစ်သည့် မျိုးစိတ်လည်းဖြစ်သည်။ လိပ်စွန်မျိုးစိတ်တွင် အတ္တလန္တိတ်မျိုးစိတ်ခွဲ နှင့် အင်ဒို-ပစိဖိတ်မျိုးစိတ်ခွဲဟူ၍ မျိုးစိတ်ခွဲနှစ်မျိုးရှိပြီး ကမ္ဘာတဝှမ်းလုံးရှိ သမုဒ္ဒရာများနှင့် ကမ်းခြေဒေသများတွင် ကျင်လည်ကျက်စားကြသည်။
လက်ရှိအချိန်တွင် လိပ်စွန်များအား မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိ ပင်လယ်လိပ်မျိုးစိတ်အဖြစ် IUCN မှ ထိန်းသိမ်းကာကွယ်ရေး အဆင့်သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်လည်း သစ်တောဦးစီးဌာန မှ “လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်” အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍[၂] ဥပဒေဖြင့် ကာကွယ်ထားသည်။

- ရိုက်ကူးထားသည့် လိပ်စွန် ဓာတ်ပုံများ
- ဤဓာတ်ပုံတွင် လိပ်ခွံပေါ်ရှိ အထပ်ထပ်ဖြစ်နေသည့် အကြေးခွံသကဲ့သို့သောအရာများကို ထင်ထင်ရှားရှားတွေ့ရသည်။
- လိပ်စွန်၏ ထူးခြားသောနှုတ်သီးပုံစံအား အနီးကပ်တွေ့မြင်နိုင်သည်။
- လိပ်စွန်၏ အလင်းရောင်ထွက်သော ခန္ဓာကိုယ်ပေါ်မှ အရေးအကြောင်းများ
| ဤ လိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Eretmochelys imbricata" (2008). IUCN Red List of Threatened Species 2008. IUCN. doi:.
- ↑ CITES (ဇွန်လ ၂၀၁၂). "တောရိုင်းတိရစ္ဆာန်များ၏ ထိန်းသိမ်းကာကွယ်မှုအဆင့်အတန်းများ" (in မြန်မာဘာသာ) (PDF). CITES ကွန်ဗင်းရှင်း နှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များ လက်စွဲစာစောင် (MOECA/ FD/ NWCD - CITES): စာ (၃၀ ~ ၃၆). သစ်တောဦးစီးဌာန.