လည်နီပိုးကောင်ဖမ်းငှက်ညို

ဝီကီပီးဒီးယား မှ
Ficedula strophiata
A rufous-gorgeted flycatcher—a small passerine bird with a dark grayish-brown crest and wings, a light gray underbody, a bluish face and chest with a small spot of reddish-orange under a short pointed beak—is perched on a branch in Sattal, Uttarakhand, India.
in Sattal, Uttarakhand, India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Muscicapidae
မျိုးရင်းသေး: Saxicolinae
မျိုးစု: Ficedula
မျိုးစိတ်:
F. strophiata
ဒွိနာမ
Ficedula strophiata
(Hodgson, 1837)

လည်နီပိုးကောင်ဖမ်းငှက်ညို (Ficedula strophiata) သည် အိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘူတန်နိုင်ငံဟောင်ကောင်အိန္ဒိယနိုင်ငံလာအိုနိုင်ငံမြန်မာနိုင်ငံနီပေါနိုင်ငံထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တွေ့ရှိရလေ့ရှိသောငှက်ဖြစ်သည်။ ယင်းငှက်ကို မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မြောက်ပိုင်းတွင် အတွေ့များသည်။ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ဗီယက်နမ်နိုင်ငံနှင့် ဟိမဝန္တာတို့တွင် ဆောင်းခိုပြီး သားဖောက်လေ့ရှိသည်။ လည်နီပိုးကောင်ဖမ်းငှက်ညိုကို လည်ပင်းတွင် နီညိုရောင်အစင်းရှိသောငှက်အဖြစ် လူသိများသည်။[၂] ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Ficedula strophiata". IUCN Red List of Threatened Species 2012. IUCN. 
  2. Renner, Swen C., and John H. Rappole. “Description of First Basic Plumage of Three Muscicapid Species Found in the Southeastern Sub-Himalayan Foothills, With Notes on Their Taxonomy and Ecology - Descripción Del Primer Plumaje Básico De Tres Especies De Muscicapidae Del Piedemonte Sub-Himalayo Del Sudeste, Con Notas Sobre Su Taxonomía y Ecología.” Ornithological Monographs, vol. 70, no. 1, 2011, pp. 142–152. JSTOR, JSTOR, www.jstor.org/stable/10.1525/om.2011.70.1.142.
  3. သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာအမှတ် ၆၉၀/၂၀၂၀