စာကလေးနှင့် အလားတူငှက်များ

ဝီကီပီးဒီးယား မှ
စာကလေးနှင့် အလားတူငှက်များ
Temporal range: Eocene–Recent, 52.5–0 Ma
ညာဘက်ထိပ်ဆုံးမှ နာရီလက်တံအတိုင်း- Palestine sunbird (Cinnyris osea), blue jay (Cyanocitta cristata), အိမ်စာကလေး (Passer domesticus), တစ်ငှက်ကြီး (Parus major), hooded crow (Corvus cornix), southern masked weaver (Ploceus velatus)
Song of a purple-crowned fairywren (Malurus coronatus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Clade: Psittacopasserae
မျိုးစဉ်: Passeriformes
လင်းနီးယပ်၁၇၅၈
မျိုးစဉ်ခွဲများ

and see text

ဇီဝမျိုးစုံမျိုးကွဲ
Roughly 140 families, 6,500 species

စာကလေးနှင့် အလားတူငှက်များ[မှတ်စု ၁] (အင်္ဂလိပ်: Passerine) သည် ငှက်မျိုးစဉ်ပေါင်း (Order) ၂၇ ခုရှိသည်အနက် မျိုးစဉ် Passeriformes (/ˈpæsərɪfɔːrmz/) ၏ မည်သည့်ငှက်ကိုမဆို ခေါ်ဆိုသည်။ ယင်းမျိုးစဉ်တွင် ငှက်မျိုးစိတ် (Species) အားလုံး၏ ထက်ဝက်မက ပါဝင်သည်။ တခါတရံတွင် တေးသီငှက်များ (Songbird) ဟုသိကြပြီး စာကလေးနှင့် အလားတူငှက်များသည် အခြားမျိုးစဉ်များနှင့် ကွဲပြားရန် ယင်းတို့၏ခြေထောက်ဖွဲ့စည်းပုံဖြင့် (ခြေချောင်း ၃ ခုသည် ရှေ့ဘက်သို့ ထိုးထွက်နေပြီး ၁ ချောင်းမှာ နောက်ဘက်သို့ ထိုးထွက်နေသောပုံစံ) သတ်မှတ်ပိုင်းခြားသည်။

မျိုးရင်း (Family) ၁၄၀ ကျော်နှင့် မျိုးစိတ်ပေါင်း ၆၅၀၀ ရှိသော[၁] စာကလေးနှင့် အလားတူငှက်များသည် အကြီးဆုံး ငှက်မျိုးစဉ်ဖြစ်ပြီး ငှက်အားလုံး၏ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။[၂][၃] စာကလေးနှင့် အလားတူငှက်များကို Acanthisitti (New Zealand wrens), Tyranni (suboscines) နှင့် Passeri (oscines) ဟူ၍ မျိုးစဉ်ခွဲ ၃ ခု ထပ်မံခွဲသည်။ [၄] "passerine" နှင့် "Passeriformes" ဟူသောအမည်သည် အိမ်စာကလေး (Passer domesticus) ၏ သိပ္ပံအမည်မှ ဆင်းသက်လာခြင်းဖြစ်သည်။ လက်တင်ဘာသာဖြင့် passer ဆိုသည်မှာ စာကလေးနှင့် အလားတူငှက်ကလေးများကို ရည်ညွှန်းသည်။


မှတ်စု[ပြင်ဆင်ရန်]

  1. ကျော်ညွန့်လွင်; ခင်မမသွင် (၂၀၀၃)။ မြန်မာနိုင်ငံ ငှက်များ။ ချိုတေးသံစာပေ။ pp. ဍ။

ကိုးကား[ပြင်ဆင်ရန်]

  1. Family IndexIOC World Bird List Version 10.1။ International Ornithologists' Union (2020)။ 20 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2021 တွင် ပြန်စစ်ပြီး။
  2. Ericson, P.G.P. et al. (2003) Evolution, biogeography, and patterns of diversification in passerine birds Archived 14 April 2021 at the Wayback Machine.. J. Avian Biol, 34:3–15.
  3. Selvatti, A.P. et al. (2015) "A Paleogene origin for crown passerines and the diversification of the Oscines in the New World" Archived 20 September 2021 at the Wayback Machine.. Molecular Phylogenetics and Evolution, 88:1–15.
  4. "A phylogenetic hypothesis for passerine birds: Taxonomic and biogeographic implications of an analysis of nuclear DNA sequence data" (2002). Proceedings of the Royal Society B: Biological Sciences 269 (1488): 295–308. doi:10.1098/rspb.2001.1883. PMID 11839199.