ရာဇပလ္လင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရာဇပလ္လင်
ရန်ကုန်မြို့ အမျိုးသား သမိုင်းပြတိုက်ရှိ သီဟာသနပလ္လင်
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

ဘုရင်တို့ ထိုင်သော နေရာ (ခုံ) ဖြစ်သည်။ အနိမ့် ၊ အမြင့် ပမာဏကို လိုက်၍ ရာဇပလ္လင် (၃) မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ -

  1. ၁၆ တောင်ရှိသော မဟာပလ္လင်
  2. ၈ တောင်ရှိသော မဇ္ဈိမပလ္လင်
  3. ၄ တောင်ရှိသော စူဠပလ္လင်တို့ ဖြစ်သည်။

ပလ္လင် တစ်ခုတွင်ခြင်္သေ့ ၊ ဆင်ပျံ ၊ လောကနတ် ၊ ဒေါင်းမြီး ၊ ယပ် ၊ ဆင်နား ၊ တံခါးတိုင် ၊ သိကြားကိန္နရာ ၊ သမ္မာဒေဝ ၊ ခြူး ၊ ကြာဦးဆောက်ပန်း ဟူ၍ (၁၂) နေရာ ရှိသည်။


ထားရှိရာ နေရာကိုလိုက်၍ ပလ္လင် (၈) မျိုး ရှိသည်။

ပလ္လင် ရှစ်ခန်း
စဉ် ပလ္လင်အမည် ခံသောအရုပ် ထုလုပ်သည့် သစ်သား အသုံးပြုသည့် ကိစ္စ ထားရှိသည့် နေရာ
သီဟာသနပလ္လင် ခြင်္သေ့အရုပ် ယမနေသား မင်းတို့ ပူဇော်ခံရာ မြေနန်းတော် ၊ လွှတ်တော်
ဘမယာသနပလ္လင် ပိတုန်းရုပ် ကရဝေးသား စက်တော်ခေါ်ရာ မှန်နန်းဆောင်
ပဒုမ္မာသနပလ္လင် ပဒုမ္မာကြာပွင့် သရက်သား ကန်တော့ခံရာ အနောက်ဇေတဝန်ဆောင်
ဟံသာသနပလ္လင် ဟင်္သာရုပ် သင်္ကန်းသား ဝတ်ပြုရာ အရှေ့ဇေတဝန်ဆောင်
ဂဇာသနပလ္လင် ဆင်ရုပ် စကားသား လက်ဆောင်တော် ခံယူရာ ဗြဲတိုက်
သင်္ခါသနပလ္လင် ခရုသင်းရုပ် တောင်ပိန္နဲသား တရားစီရင်ရာ လေသာဆောင်
မိဂါသနပလ္လင် သူရဲရုပ် ရေသဖန်းသား အလှူတော် ရေစက်ချရာ တောင်စမုတ်ဆောင်
မယုရာသနပလ္လင် ဥဒေါင်းရုပ် ပေါက်သား ကန်တော့ပန်း သိမ်းရာ မြောက်စမုတ်ဆောင်

ပလ္လင်ရှစ်မျိုးအား အထက်ပါအဆောင်များတွင် ထားရှိသည်။ ခြင်္သေ့ရုပ်ခံ သီဟာသနပလ္လင်မှာ မြေနန်းတော်နှင့် လွှတ်တော်တွင် တစ်ခုစီထားသဖြင့် ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင် ဟူ၍ ခေါ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေး ရတနာပုံဖိုးမှတ်စု