မာမိုဟမ် ဆင်း

ဝီကီပီးဒီးယား မှ
မာမိုဟမ် ဆင်း
'
မွေးသက္ကရာဇ် ၁၉၃၂ စက်တင်ဘာ ၂၆
အမည်ရင်း
မိဘအမည်
မွေးဖွားရာဒေသ ပန်ဂျပ်ပြည်နယ်အနောက်ပိုင်း (ယခု ပါကစ္စတန်)၊ ဂါးမြို့
နိုင်ငံသား
လူမျိုး
ကိုးကွယ်သည့်ဘာသာ ဆစ်ခ် ဘာသာ
ပညာအရည်အချင်း စီးပွားရေးဘွဲ့
အလုပ်အကိုင်
ကြင်ဖော်
သားသမီး သမီးသုံးယောက်
ထင်ပေါ်ကျော်ကြားမှု အိန္ဒိယ ဝန်ကြီးချုပ်
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


မာမိုဟမ် ဆင်း (Manmohan Singh) (၁၉၃၂ စက်တင်ဘာ ၂၆ မွေး) သည် အိန္ဒိယနိုင်ငံ၏ ၁၃ ယောက်မြောက်နှင့်ဝန်ကြီးချုပ်​ဟောင်းဖြစ်သည်။ သူသည် ငါးနှစ်သက်တမ်း ပြည့်ပြီးနောက် ဒုတိယအကြိမ် ထပ်မံ အရွေးချယ်ခံရသူများတွင် ဂျဝါဟာလာ နေရူး ပြီးလျှင် ဒုတိယမြောက် ဖြစ်သည်။ ဆစ်ခ် ဘာသာဝင်ဖြစ်ပြီး ဟိန္ဒူဘာသာဝင် မဟုတ်သူများတွင် ပထမဆုံး ဝန်ကြီးချုပ် ဖြစ်သူ ဖြစ်သည်။ ဆင်းသည် အိန္ဒိယ အမျိုးသား ကွန်ဂရက်ပါတီမှ ၇ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်သည်။ သူသည် အထက်လွှတ်တော် အမတ်အဖြစ် ၄ ကြိမ် အရွေးချယ် ခံခဲ့ရပြီး အာသံပြည်နယ်၏ ကိုယ်စားပြု အမတ် ဖြစ်သည်။

ဒေါက်တာမန်မိုဟန်ဆင်းကို ၁၉၃၂ ခုနှစ်၊ စက်တင် ဘာလ ၂၆ ရက်နေ့တွင် ပန်ဂျပ်ပြည်နယ်အနောက်ပိုင်း (ယခု ပါကစ္စတန်)၊ ဂါးမြို့လေးတွင် သာမန်မိသားစုတစ်စုမှ မွေးဖွားခဲ့သည်။ အင်္ဂလန်၊ ကင်းဘရစ်ချ်တက္ကသိုလ်နှင့် ပန်ဂျပ်တက္ကသိုလ်တို့မှ စီးပွားရေးဘွဲ့များရရှိခဲ့သည်။ ထိုအချိန်မှ နှစ်ပေါင်း ၃၀ လုံးလုံး အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးလောကတွင် အရေးပါ အရာရောက်သည့်သူတစ်ဦးအနေဖြင့် ရပ်တည်သွားခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များတွင် ဆင်းသည် အိန္ဒိယ Reserve ဘဏ်တွင် ထိပ်တန်း ခေါင်းဆောင်တစ်ယောက်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ကွန်ဂရက်ပါတီ အစိုးရဦးဆောင်သည့် နာရာဆင်ဟာရောင်း လက်ထက်တွင် ဘဏ္ဍာရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ် သူဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အထိ ထိုတာဝန်ကိုယူခဲ့သည်။

သူတာဝန်သစ်ကိုစတင်ထမ်းဆောင်ချိန်တွင် အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်ဟုဆိုနိုင်သည်။ သို့သော် ဆင်း၏သက်တမ်းတစ်လျှောက်တွင် နိုင်ငံ၏စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အတော်လေးပြုလုပ်နိုင်ခဲ့သည်။ နိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပထမဦးဆုံး လမ်းဖွင့်ပေးလိုက်သည်။ အတိတ်ကာလက အိန္ဒိယနိုင်ငံတွင် စီးပွားရေးနှင့်ပတ်သက်ပြီး ပိတ်ထားသမျှ ကို သူကဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ ဗြိတိသျှ အစိုးရလက်ထက်ကတည်းက လက်ခံကျင့်သုံးလာကြသည့် သွင်းကုန်ထုတ်ကုန် လိုင်စင်စနစ်များကို ပယ်ဖျက်လိုက်ပြီး၊ အများပိုင်စီးပွားရေးစနစ်ဖြင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်များကို ခွင့်ပြုလိုက်သည်။ ၁၉၉၀ ပြည့်နှောင်းပိုင်းတွင် ဆင်း၏ စွမ်းဆောင်ချက်ဖြင့် အိန္ဒိယနိုင်ငံသည် စီးပွားရေးပြန်လည်ဦးမော့လာနိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံခေါင်းဆောင်ပိုင်းတွင် အပုပ်နဲ့လှိုင်ခဲ့သမျှ ဆင်းလက်ထက်တွင် အိန္ဒိယအစိုးရသည် သန့်ရှင်းသောအစိုးရအဖြစ် ထူးခြားစွာ ရပ်တည်နိုင်ခဲ့ခြင်းကလည်း ဆင်း၏ကောင်း သတင်းတစ်ခုဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် အိန္ဒိယပါလီမန်က ချီးမြှင့်သည့်ထူးချွန်ဆုကို ဆင်းက ရရှိသွားခဲ့သည်။ ၂၀၀၄ ခုနှစ် မေလတွင် ဆင်းသည် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကြေညာခြင်းခံရသည်။ နိုင်ငံအတွင်းရှိ ပါတီပေါင်းစုံ ကလည်း ဆင်းကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံခြင်းပြုခဲ့ကြသည်။

ဆင်းသည် ၁၉၅၈ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သမီးသုံးယောက် ထွန်းကားခဲ့သည်။ အစိုးရပိုင်းတွင် အမြင့်ဆုံးရာထူး ယူထားသူဖြစ်သကဲ့သို့ စီးပွားရေးတက္ကသိုလ်များတွင် ဂုဏ်ထူးဆောင်ပါမောက္ခလည်းဖြစ်ခဲ့သည်။ သူသည် စာရေးဆရာ တစ်ယောက်လည်းဖြစ်သည်။ ဆစ်ခ်ဘာသာ ယုံကြည်ကိုးကွယ်သူဖြစ်ပြီး၊ ဆစ်ခ်လူမျိုးများထဲမှ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်ဘဝကို ပထမဦးဆုံးခံယူခဲ့သူလည်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]