ပလ္လင်

ဝီကီပီးဒီးယား မှ

မြင့်မြတ်သော အခင်းနေရာ ဖြစ်သည်။ ကျမ်းဂန်များတွင် ပလ္လင် (၆) ပါးရှိကြောင်း ပြဆိုကြသည်။

၎င်းတို့မှာ

  1. မြတ်စွာဘုရား ပွင့်တော်မူရာ အပရာဇိတ ပလ္လင်
  2. ဗြဟ္မာမင်းတို့ ထိုင်သော ကမ္မလာသနခေါ် ကြာပလ္လင်
  3. နတ်မင်းတို့ ထိုင်သော ဒိဗ္ဗာသန ပလ္လင်
  4. လူမင်းတို့ထိုင်သော ရာဇပလ္လင်
  5. တရားသူကြီးတို့ ထိုင်သော အင်္တကရန ပလ္လင်
  6. ဓမ္မကထိကတို့ ထိုင်သော ဓမ္မာသန ပလ္လင် တို့ ဖြစ်ကြသည်။

ဆွမ်းတော်တင်တို့ စွန့်ပစ်ရာ သင်ပုတ်ပလ္လင် ဟုလည်း ရှိသေးသည်။ သင်ပုတ်စင် ဟုလည်း ခေါ်သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]