ရန်အိမ်တော်မှ စစ်သူကြီးများ

ဝီကီပီးဒီးယား မှ
ရန်အိမ်တော်မှ စစ်သူကြီးများ
Yang Ye committing suicide by ramming his head against a stele dedicated for Li Ling. From one 1823 print of the novel Complete Legends of Northern Song's Golden Spears (北宋金鎗全傳).[note ၁]
ရိုးရာ တရုတ်
ရိုးရှင်းသော တရုတ်
ဆိုလိုရင်းYang-Family Generals

ရန်အိမ်တော်မှ စစ်သူကြီးများသည် ရှေးတရုတ်လက်နက်နိုင်ငံ စုန့်မင်းဆက်ခေတ်ဦး (၉၆၀-၁၂၇၉)မှ စစ်သည်ကျော်မိသားစုတစ်ခု၏အကြောင်း တရုတ် ရိုးရာပုံပြင်များပြဇာတ်များနှင့် ဝတ္ထုများ စုစည်းမှုဖြစ်သည်။ သူတို့နိုင်ငံတော်ကို နိုင်ငံခြားသားစစ်ဘီလူးများဖြစ်သည့် ချိတန်းလူမျိုး အုပ်စိုးသော လျောင်မင်းဆက်(၉၀၇-၁၁၂၅) နှင့် တန်ဂုလူမျိုး အုပ်စိုးသော အနောက်ပိုင်းရှမင်းဆက် (၁၀၃၈-၁၂၂၇) တို့ လက်မှ ကာကွယ်ရန် သူတို့ကိုယ်သူတို့ စတေးခဲ့ကြသော ရန်အိမ်တော်သားများ၏ မတုန်မလှုပ် သစ္စာစောင့်သိမှု နှင့် သတ္တိထွန်းပြောင်ခဲ့ပုံဇာတ်လမ်းများကို ပြန်ပြောင်းပြောပြခြင်းဖြစ်ပါသည်။

သက္ကရာဇ် ၉၅၀ မှ ၁၀၅၀ ခုနှစ်အထိ ရာစုနှစ်အတွင်း [၁] စိတ်ကူးယဉ်ဇာတ်လမ်းအများစုသည် သမိုင်းဝင်ဇာတ်ကောင်များဖြစ်သော ရန်ယဲ့ (၉၈၆ ခုနှစ်တွင် ကွယ်လွန်)၊ ရန်ယဲ့၏သား ရန်ယန်ကျောင်း (၉၅၈-၁၀၁၄ ခုနှစ်ခန့်) နှင့် ရန်ယန်ကျောင်း၏သား ရန်ဝမ့်ကွမ်း (၁၀၇၄ ခုနှစ်တွင် ကွယ်လွန်) တို့၏ဘဝဇာတ်လမ်းတို့အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ရာဇဝင်တွင် ရန်ယန်ကျောင်းသည် “ဆဌမမြောက်သား”ဟု နာမည်တွင်ခဲ့သောကြောင့် ဇာတ်လမ်းများတွင် ၎င်းအား ရန်ယဲ့၏ ဆဌမမြောက်သားဖြစ်လာစေခဲ့သည်။ ရန်ဝမ့်ကွမ်းသည်လည်း သူ့ဖခင်ထက် မျိုးဆက် (၂) ဆက်စာခန့်ငယ်သောကြောင့် ဇာတ်လမ်းများတွင် ရန်ယန်ကျောင်း၏မြေးအဖြစ် ပြောင်းလဲစေခဲ့သည်။

သမိုင်းအခြေခံ[ပြင်ဆင်ရန်]

သမိုင်းနောက်ခံ[ပြင်ဆင်ရန်]

စုန့်မင်းဆက် နှင့် ၎င်းပဏ္ဍာဆက်ရသော အိမ်နီးချင်း ၂ နိုင်ငံဖြစ်သော ချိတန်းလူမျိုး အုပ်စိုးသော လျောင်မင်းဆက် (မြောက်အရပ်) နှင့် တန်ဂုလူမျိုး အုပ်စိုးသော အနောက်ပိုင်းရှမင်းဆက် (အနောက်မြောက်အရပ်) တို့၏ ပထဝီဝင်အနေအထားကို ပြသသည့် သက္ကရာဇ် ၁၁၁၁ ခုနှစ် မြေပုံတစ်ခု။

သက္ကရာဇ်၉၀၇ ခုနှစ်တွင် တချိန်က ဘုန်းမီးနေလတောက်ပခဲ့သော ထန်မင်းဆက် အုပ်စိုးမှု တရားဝင် ဇာတ်သိမ်းသောအခါတွင် ရှေးတရုတ်နိုင်ငံသည် မင်းဆက် ငါးသွယ်နှင့် ဆယ်ပြည်ထောင်ကာလ.ဟု ခေါ်သော ဖရိုဖရဲအကွဲကွဲအပြဲပြဲအခြေအနေသို့ ဝင်ရောက်လာခဲ့သည်။ နောက်ဆက်တွဲဆယ်စုနှစ်ကာလများအတွင်း ဒေသခံစစ်ဘုရင်များ အများအပြားသည် ၎င်းတို့ကိုယ်ကို ဧကရာဇ်များအဖြစ်ကြေငြာကာ အာဏာနှင့် နယ်မြေများအတွက် အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ မှတ်မှတ်သားသား သက္ကရာဇ်၉၀၇ ခုနှစ်တွင် ချိတန်းလူမျိုးများသည် အနီးစပ်ဆုံးဆိုရလျှင် ယနေ့ခေတ်၏ လျောင်းနင်ပြည်နယ် နှင့် အတွင်းမွန်ဂိုးလီးယားဒေသများတွင် (သက္ကရာဇ်၉၄၇ ခုနှစ်နောက်ပိုင်းမှ) လျောင်ဟုတရားဝင်အမည်တွင်သော စစ်ဝါဒီနိုင်ငံတစ်ခုကို အစပျိုးတည်ထောင်ခဲ့သည်။ ချိတန်းလူမျိုးများသည် အများအားဖြင့် ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေသူများဖြစ်ပြီး စည်းစိမ်ဥစ္စာအတွက် တောင်ဘက်ရှိ စိုက်ပျိုးမြေကြွယ်ဝ၍ချမ်းသာသော ဟန် တရုတ် နှင့် ကိုရီးယားလူမျိုးများ ကို မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိသည်။ [၂]

အလယ်ပိုင်းလွင်ပြင် (သို့) တရုတ်တို့၏နှလုံးသည်းပွတ်မြေ ဟူ၍ လူသိများသော တောင်ပိုင်းဒေသသည် ချိတန်းတို့၏ ရေတိုကျူးကျော်မှုများကို မဟာတံတိုင်း ဟောင်းတစ်လျှောက်ရှိ ဗျူဟာမြောက်နေရာများ၊ လမ်းကြောင်းများကိုအသုံးပြု၍ တွန်းလှန်ထားနိုင်ခဲ့သည်။ သို့ရာတွင် အဆိုပါဗျူဟာလမ်းကြောင်းများပါဝင်သည့် ဆယ့်ခြောက်စီရင်စုဟု သိကြသော ထိုဒေသကို သက္ကရာဇ် ၉၃၆တွင် စစ်သူကြီး ရှီကျင့်ထန် က နှောင်းပိုင်းထန်မင်းဆက်နှင့်ဖြစ်ပွားသော သူ၏ကိုယ်ရေးကိုယ်တာစစ်ပွဲအတွက် စစ်‌ရေးအကူအညီရရှိရန် လျောင်မင်းဆက်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်တို့အား ဟန့်တားနိုင်သည့် ဗျူဟာများမရှိတော့သောအခါ ချိတန်းတပ်မတော်သည် အလယ်ပိုင်းလွင်ပြင်သို့တံခါးမရှိ ဓားမရှိဝင်ထွက်နိုင်လာပြီး နောင်ဆယ်စုနှစ်တစ်ခုအကြာတွင် တောင်အရပ်သို့ အလွယ်တကူစစ်ချီကာ ၎င်းတို့ ရှီစစ်သူကြီးကို ကူညီတည်ထောင်ပေးခဲ့သော နှောင်းပိုင်းကျင်မင်းဆက်ကို အဆုံးသတ်ပေးခဲ့သည်။

ချိတန်းတို့သည် အလယ်ပိုင်းလွင်ပြင်ကို တစ်စိတ်တစ်ပိုင်းအားဖြင့်ပင် မသိမ်းပိုက်နိုင်ခဲ့သော်လည်း ၎င်းတို့၏ အဆက်မပြတ် လုယက်စီးနင်းမှုများကြောင့် ထိန်းမနိုင်သိမ်းမရ ဆူပူမှုများဖြစ်စေခဲ့သလို နှောင်းပိုင်းကျင်မင်းဆက်၏ ဝမ်းနည်းဖွယ်ကံကြမ္မာသည် မြောက်ဘက်တွင် ထပ်မံပေါ်ထွန်းလာမည့် မည်သည့်တရုတ်မင်းဆက်အတွက်ကိုမဆို အန္တရာယ်ကို စိတ်ပျက်ဖွယ်သရုပ်ဖော်ပြထားပြီးဖြစ်သည်။ သက္ကရာဇ် ၉၆၀တွင် အလယ်ပိုင်းလွင်ပြင်တွင် စုန့်မင်းဆက်တည်ထောင်သောအခါ ပထမဦးစွာ လျောင်မင်းဆက်အား တရုတ်တောင်ပိုင်းပြည်နယ်များ စစ်ဆင်ရေးများတွင်သာ အာရုံကျနေစေရန် ချွေးသိပ်ဖို့ ကြိုးပမ်းနေခဲ့သော်လည်း ဆယ့်ခြောက်စီရင်စုကို ပြန်လည်ရယူရန် ရည်မှန်းချက်မှာ အမြဲရှိနေခဲ့သည်။

ရန်မိသားစု[ပြင်ဆင်ရန်]

(ရန်ယဲ့သည်) သူ့ရဲဘော်တပ်သားများ၏ လေးစားကြည်ညိုမှုကို အမှန်ပင်ရခဲ့သည်။ သူ့ရဲဘော်များသည် သူ့ကိုစွန့်ခွာသွားရမည့်အစား သူနှင့်အတူ တိုက်ရင်းသေလိုကြသည်။ သစ္စာစောင့်သိမှုနှင့် ဖြောင့်မတ်ခြင်းစိတ်ဝိဉာဏ်သည် အလွန်ပင်ထင်ရှားပေသည်။ —ယွမ်မင်းဆက် သမိုင်းပညာရှင်က စုန့်မင်းဆက်ရာဇဝင် (၁၃၄၅) တွင် မှတ်ချက်ပေးခဲ့သည်။[၃]

ရန်ယဲ့ သည် မြောက်ပိုင်းဟန်နိုင်ငံတော်မှ စစ်သူကြီးတစ်ဦး ဖြစ်ပြီး သူ၏ နည်းဗျူဟာဆိုင်ရာ စွမ်းပကားနှင့် အတုမရှိသော သူရသတ္တိကြောင့် “အနှိုင်းမဲ့”(無敵) ဟု အမည်တွင်ခဲ့သည်။ မြောက်ပိုင်းဟန်ဘုရင် လျိုကျိယွမ်အညံ့ခံပြီးနောက်တွင် သူသည် စုန့်မင်းဆက်ထံတွင် အမှုထမ်းခဲ့သည်။ စုန့်မင်းဧကရာဇ် ထိုက်ကျုံးသည် ရန်ယဲ့ကို အလွန်ယုံကြည်ကိုးစား၍ စုန့်မြောက်ပိုင်းနယ်စပ်ကို ချိတန်းလူမျိုး အုပ်စိုးသော လျောင်မင်းဆက်ရန်မှ ကာကွယ်ရန် ၎င်းအားတာဝန်ပေးခဲ့သည်။ ရန်ယဲ့ကလည်း ယန့်မန်တောင်ကြားတိုက်ပွဲတွင် ကိုယ်တိုင်သက်သေပြ (ရန်သူများကို) ချေမှုန်းနိုင်ခဲ့ပြီး ရန်သူများစိတ်တွင် အကြောက်တရား စိမ့်ဝင်စေခဲ့သလို စုန့်မင်းဆက်အရာရှိအချို့၏ မနာလိုဝန်တိုမှုများလည်း တိုးလာစေခဲ့သည်။

သက္ကရာဇ် ၉၈၆ မြောက်ပိုင်းစစ်ဆင်ရေးအတွင်းတွင် စစ်သူကြီး ဖန်းမေ့ဦးစီးသော စုန့်တပ်ဖွဲ့သည် ရန်သူလျောင်အဓိကတပ်မကြီး၏ တိုက်ခိုက်ခြင်းကို လမ်းတစ်လျှောက်လုံး ခံခဲ့ရသည်။ ရန်ယဲ့က ဆန့်ကျင်နေခဲ့သော်လည်း ဖန်းမေ့နှင့် အခြားသူများသည် ပိုမိုအင်အားကြီးမားသော ရန်သူကို ခုခံရန် ရန်ယဲ့ကိုယ်တိုင်ဦးစီးစစ်ချီလာရန် တွန်းအားပေးခဲ့သည်။ ရန်ယဲ့သည် သွေးချောင်းစီးသော ချန်ကျားကူ(陳家谷)တိုက်ပွဲတွင် လျောင်တပ်ကို ရင်ဆိုင်တိုက်ခဲ့သော်လည်း (ဖန်းမေ့နှင့် အခြားသူများ၏) ကတိအတိုင်း စစ်ကူများရောက်ရှိလာခဲ့ခြင်းမရှိပေ။ သာလွန်အင်အားဖြင့် ဝန်းရံခံရပြီးနောက် ရန်ယဲ့သည် လျောင်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မိမိကိုယ်ကို အစာငတ်ခံ၍ သတ်သေသွားခဲ့သည်။ ရန်ယဲ့၏သားခုနစ်ယောက်အနက်မှ တစ်ယောက်လည်း ကျဆုံးသွားခဲ့သည်။ ရန်ယဲ့ကျဆုံးမှုအတွက် ဧကရာဇ် ထိုက်ကျုံးက နောက်ပိုင်းတွင် ဖန်းမေ့အား အရာချခဲ့သည်။

ရန်ယဲ့၏သားခုနစ်ယောက်အနက် အထူးချွန်ဆုံးမှာ ရန်ယန်ကျောင်းဖြစ်ပြီး (ဖခင်ကိုယ်စား) စုန့်မြောက်ပိုင်းနယ်စပ်ကို လျောင်တပ်များရန်မှ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဆက်လက်ကာကွယ်ခဲ့ပြီး ချိတန်းများ သူ့ကို ကြောက်ရွံ့ကြသည်။ ရန်ယန်ကျောင်း၏သား ရန်ဝမ့်ကွမ်းသည်လည်း အရေးပါသော စစ်သူကြီး တစ်ဦးဖြစ်လာခဲ့ပြီး နုန်ကျိကောင်းကို တိုက်ခိုက်သော တောင်ပိုင်းစစ်ဆင်ရေးတွင် (စစ်သူကြီး)တီချင်း၏ ဦးဆောင်မှုနောက်လိုက်ခဲ့သည်။ စုန့်အနောက်ပိုင်းနယ်စပ်ကိုလည်း အနောက်ပိုင်းရှမင်းဆက် ရန်မှ ကာကွယ်ခဲ့သည်။

စာပေအဖြစ် ‌ပေါ်ပေါက်လာခြင်း[ပြင်ဆင်ရန်]

အစောပိုင်းကာလ – ၁၁ ရာစု မှ ၁၃ ရာစုနှစ်များ[ပြင်ဆင်ရန်]

ရန်အိမ်တော်၏ ဒဏ္ဍာရီများသည် အစောပိုင်းကာလကပင် စတင်ခဲ့သည်။ ၁၀၅၁ ခုနှစ် ရန်ဝမ့်ကွမ်း စစ်မှု‌ရေးရာတွင် မထင်ရှားသေးခင်တွင်ပင် စာပေပညာရှင်အိုးရန်ရှူ သည် ရန်အိမ်တော်ဆွေမျိုးများ၏ သင်္ချိုင်းဂူတွင် အောက်ပါတို့ကို ရေးထိုးခဲ့သည်။ သူသည် ရန်ယဲ့ နှင့် ရန်ယန်ကျောင်းတို့ကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းခဲ့သည်။ [၄]

ဖခင်နှင့်သား နှစ်ပါးလုံး ထင်ရှားသော စစ်သူကြီးများပင်၊ စစ်မှုပညာ နည်းဗျူဟာ နှင့် သူရသတ္တိမှာလဲ အတူမရှိပေ။ ယနေ့မှစ၍ လက်နက်နိုင်ငံတစ်ခုလုံးမှ လူကြီးလူကောင်း သူတော်အပေါင်းတို့မှအစ ကျေးတောသားနှင့် ရွာပေါက်ကလေးများအဆုံး ထိုပုဂ္ဂိုလ်တို့အကြောင်း မြည်တမ်းပြောဆိုမကုန် ဖြစ်ကြစေ။

ဝတ္ထုများ၏ အစောဆုံးအကိုးအကားမှာ စုန့်မင်းဆက်၏မြောက်ပိုင်းနယ်မြေများကို ဂျာချန်လူမျိုး အုပ်စိုးသော ကျင်မင်းဆက်က သိမ်းပိုက်ထားသောကြောင့် ၎င်း၏မြို့တော်ကို တရုတ်နိုင်ငံတောင်ပိုင်းရှိ လင်အန်းမြို့ (ယနေ့ခေတ် ဟန်ကျိုးမြို့ကျဲ့ကျန်းပြည်နယ်) သို့ ရွှေ့ပြောင်းထားရချိန်ဖြစ်သော တောင်ပိုင်းစုန့်မင်းဆက် (၁၁၂၇-၁၂၇၉)ဟု ခေါ်တွင်သောကာလမှ ဖြစ်သည်။ မှတ်တမ်းတင်ထားသော လင်အန်းမြို့မှ ပုံပြင်ပြောသူများ၏ ဇာတ်လမ်းများထဲတွင်မှ ခေါင်းစဉ်နှစ်ခုတွင် ရန်အိမ်တော်ပါဝင်ကြောင်း ထင်ရှားသည်။[၅]

  • “တပ်မှူးကြီး ရန်အိမ်တော် သခင်” "Commander Lord Yang" (楊令公)
  • “ရဟန်းခံသွားသော ပဉ္စမမြောက်သား” "The fifth son becomes a monk" (五郎為僧)

ယွမ်/မင် မင်းဆက် ပြဇာတ်များ - ၁၄ ရာစုမှ ၁၅ရာစုနှစ်များ[ပြင်ဆင်ရန်]

တောင်ပိုင်းစုန့်မင်းဆက်၏ မြောက်ပိုင်း အိမ်နီးချင်းကျင်မင်းဆက်၏ ပြဇာတ်များစာရင်းတွင် ခေါင်းစဉ်တစ်ခုသည် ရန်အိမ်တော်ဝတ္ထု၏ အပိုင်းတစ်ခုကို ရည်ညွှန်းထားခြင်းဖြစ်နိုင်သည်။ [၆]

  • အရိုက်ခံရသော ဝမ် စစ်မှုရေးရာ အမတ် (打王樞密爨; "The Skit of Beating Military Affairs Commissioner Wang")

ယွမ်မင်းဆက် (၁၂၇၁-၁၃၆၈) တွင် ရန်အိမ်တော်ဝတ္ထုကို ကျာကျု ပုံစံဖြင့်ကပြသော ပြဇာတ်များပေါ်လာသည်။ ဇာတ်ညွှန်းအများစုသည် အစအဆုံး ကျန်ရစ်ခဲ့ပြီး အားလုံးနီးပါးသည် မင်မင်းဆက် ပုံစံဖြစ်ရာ ၎င်းတို့၏ စစ်မှန်မှုသည် အောက်ပါတို့တွင်သာ ကျန်ရစ်သည်။

ပေကျင်းမြို့ ရှိ ဟောက်ထျန်းစေတီတော် - ကွယ်လွန်ပြီးနောက် ရန်ယဲ့၏အရိုးအိုးကို ချိတန်းများက ထိန်းသိမ်းထားရာ။ ဒဏ္ဍာရီအရ ကျောက်ကျန်းနှင့်မုန့်လျန်တို့၏ သင်္ချိုင်းဂူများသည် ယနေ့ခေတ်စေတီ၏ဘေးတွင်ရှိသည်။
  • ဟောက်ထျန်းစေတီတော်မှ အရိုးအိုး မုန့်လျန် ခိုးယူသည်။ (昊天塔孟良盜骨; "At <a href="https://en.wikipedia.org/wiki/Haotian_Pagoda" rel="mw:ExtLink" title="Haotian Pagoda" class="cx-link" data-linkid="200">Haotian Pagoda</a> Meng Liang Steals the Bones")
  • အဋ္ဌမမင်းသားကြီး အမိန့်ထုတ်၍ သစ္စာရှိဝန်ကြီးကို ကယ်တင်သည်။ (八大王開詔救忠臣; "The Eighth Great Prince Opens a Proclamation and Saves a Loyal Vassal")
  • ချင်းဖုန်းစံအိမ်တော်ကို ရှဲ့ကျင်းဝူ လိမ်ညာသိမ်းယူသည်။ (謝金吾詐拆清風府; "Xie Jinwu Underhandedly Tears Down Clear Breeze Mansion")
  • ရန်လျို့လန် တပ်စု၍ နတ်စစ်သည်တို့ကို အနိုင်ယူသည်။ (楊六郎調兵破天陣; "Yang's 6th son lines up his troops and defeats the Heavenly Battle Array")
  • ကျောက်ကွမ်းကျန်း ရှောင်ထျန်းယိုကို အသက်ရှင်လျက်ဖမ်းမိသည်။ (焦光贊活拿蕭天佑; "Jiao Guangzan catches Xiao Tianyou alive")
  • ဟွမ်မေဝမ် သက်ရှည်ကျန်းမာချမ်းသာပါစေ။ (黃眉翁賜福上壽; "The Yellow-Eyebrows Greybeard offers blessing and extends longevity")

ယွမ်/မင် မင်းဆက် ဝတ္ထုများ- ၁၆ မှ ၁၉ ရာစု[ပြင်ဆင်ရန်]

မင်မင်းဆက် (၁၃၆၈-၁၆၄၄)ခေတ်တွင် ရန်အိမ်တော်ဝတ္ထုများ အများအပြား စတင်ပေါ်ပေါက်လာသည်။ ၎င်းတို့ထဲမှ နှစ်ခုမှာ ယနေ့ထိတိုင် ရှင်သန်ဆဲဖြစ်ပြီး ဝမ်လိဧကရာဇ်'(၁၅၇၂-၁၆၂၀) လက်ထက်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

  • စုန့်၂ခေတ် တောင်နှင့်မြောက် မှတ်တမ်းများ (兩宋南北志傳) [Records of the Two Songs, South and North] ကျန်ရစ်သောတည်းဖြတ်မှုများမှ အစောဆုံးမူသည် ၁၅၉၃ ခုနှစ်မှ ဖြစ်ပြီးကျားကျင့်ဧကရာဇ်(၁၅၂၁-၁၅၆၇)လက်ထက်တွင် ‌‌ရေးသားခဲ့ခြင်းဖြစ်နိုင်သည်။ ရေးသားသူမှာ စာအုပ်ဆိုင်ရှင်တစ်ဦးဖြစ်သော ရှုန်းသမု ဖြစ်ကြောင်း သေချာသလောက်ပင်ဖြစ်သည်။
  • လူကြိုက်များသော ရန်အိမ်တော်သားမြေးစဥ်ဆက် မယွင်းသစ္စာ နှင့် သူရသတ္တိ ဂန္ထဝင်ဝတ္ထု(楊家府世代忠勇通俗演義)[Popular Romance of the Loyalty and Bravery over Successive Generations of the Yang Family]ကျန်ရစ်သောတည်းဖြတ်မှုများမှ အစောဆုံးမူသည် ၁၆၀၆ ခုနှစ်မှ ဖြစ်ပြီး ၁၆ရာစုအစောပိုင်းမူကို အနည်းငယ်ပြန်လည်တည်းဖြတ်ထားခြင်းဖြစ်နိုင်သည်။[၇] ရေးသားသူမှာ ကျင်းလင်မြို့ (ယနေ့ခေတ် နန်ကျင်းမြို့ကျန်းစုပြည်နယ်) မှ စာအုပ်ဆိုင် ပင်တိုင် စာရေးဆရာ တစ်ဦးဖြစ်သော ချင်းဟွိုင် ကဗျာဆရာ (秦淮墨客; "ချင်းဟွိုင်မှင်စက်ဧည့်သည်") ကလောင်နာမည် ကျိကျန့်လွမ် ဖြစ်နိုင်သည်။

ဤဝတ္ထုများသည် ဒဏ္ဍာရီများအတွက် အဓိကရင်းမြစ်များဖြစ်လာသည်။ ချင်းမင်းဆက်(၁၆၄၄-၁၉၁၁) ခေတ်တွင် နောက်ထပ်ဝတ္ထုများ ထပ်ပေါ်လာသည်။ အချို့သည် ယခင်ဝတ္ထုများကို ပြုပြင်မွမ်းမံခြင်း၊ အချို့မှာ ဆင်တူရိုးမှားများဖြစ်ပြီး အချို့မှာ နောက်ဆက်တွဲများဖြစ်သည်။[၈] အခြားဝတ္ထုများတွင်လည်း ရန်အိမ်တော်ဝတ္ထုမှ ဇာတ်ကောင်များပါရှိသော အလားတူဇာတ်အိမ်များဖြစ်နေလေ့ရှိသည်။ ဥပမာ ကျောက်ခွင်းယင်း (၉၂၇-၉၇၆) သို့မဟုတ် တီချင်း(၁၀၀၈-၁၀၅၇)တို့ကို ၎င်းတို့၏ အဓိကဇာတ်ကောင်အဖြစ် ပါရှိသည်။

အခြားသောဝတ္ထုများ၏ နောက်ပိုင်းဇာတ်အိမ်များတွင်လည်း ရန်အိမ်တော်မှ ဆင်းသက်လာသည်ဟု ဆိုသော (သက်သေ အတည်မပြုနိုင်သော) ဇာတ်ကောင်များ ပါဝင်သည်-

  • "ဂန္တဝင်ဝတ္ထု Water Margin မှ ဇာတ်ကောင် "မျက်နှာပြာ လူဘီလူးကြီး" ရန်ကျိ(楊志)သည် ရန်ယဲ့၏ စိတ်ကူးယဉ် မျိုးဆက် ဖြစ်သည်။
  • တောင်ပိုင်းစုန့်မင်းဆက်၏ သမိုင်းဝင်စစ်သူကြီးဖြစ်သော ရန်ကျိုက်ရှင်း (၁၁၄၀ ကွယ်လွန်)သည် ယွဲ့ဖှေးအကြောင်းဝတ္ထု ယွဲ့ပြောသော သူ၏အတ္ထုပ္ပတ္တိအပြည့်အစုံ (說岳全傳) တွင် ရန်ယန်ကျောင်းမှတဆင့် ရန်ယဲ့၏ မျိုးဆက် ဖြစ်သည်ဟု ဆိုထားသည်။ ရန်ကျိုက်ရှင်း တွင် သားနှစ်ယောက်ဖြစ်သည့် ရန်ကျန့်ယွမ် (楊正園) နှင့် ရန်ကျန့်ကော်(楊正國)တို့ ရှိသည်။

ချင်း မင်းဆက်ခေတ် အော်ပရာပြဇာတ် - 19 ရာစု[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ချန်တူးမြို့ တွင် ကပြသော ရန်အိမ်တော် စစ်သူကြီးများ စီချွမ်အော်ပရာပြဇာတ် မှ သရုပ်ဆောင်ပုံ။

၁၇၉၆ ခုနှစ်မှ ၁၈၂၀ ခုနှစ်အထိ စိုးစံခဲ့သော ကျားချင့်ဧကရာဇ် သည် ရန်အိမ်တော် စစ်သူကြီးများအကြောင်း ကွန်းချူးပြဇာတ်ပေါင်း ၂၄၀ ပါဝင်သော မျိုးဆက်သစ်များကို အလင်းပြသီချင်းစာအုပ် Song Book to Enlighten Generations (昭代箫韶)ကို စုစည်းရန် အမိန့်ပေးခဲ့သည်။ ထိုစုစည်းမှုကို ၁၈၁၃ ခုနှစ်တွင် ဝမ်ထင်ကျန်း(王廷章) နှင့် ဖန်းဝမ်ရှန်း (范聞賢) တို့ ကျေးဇူးဖြင့် ထုတ်ဝေနိုင်ခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း အော်ပရာပြဇာတ် ဇာတ်လမ်တွဲကြီးသည် ၎င်း၏ ဇာတ်ရှည်မှုကြောင့် ၃ ကြိမ်သာ ဖျော်ဖြေနိုင်ခဲ့သည်။[၉] နောက်ပိုင်းတွင်ပီကင်းအော်ပရာပြဇာတ် အသွင်ပြောင်းလဲရန် ဧကရီမယ်တော်ကြီး စီရှီး ကအမိန့်ပေးခဲ့သည်။ ထိုကြီးမားလှသော စီမံကိန်းကြီးသည် လက်ဝှေ့သမားပုန်ကန်မှု နှင့် နောက်ဆက်တွဲပြည်ပ ကျူးကျော်မှုများ၏ အနှောက်အယှက်များကြောင့် ၁၈၉၈ ခုနှစ်မှသည် ၁၉၀၀ပြည့်နှစ်အထိသာ လုပ်ဆောင်နိုင်ခဲ့သည်။

တားမြစ်မြို့တော် တွင် ကပြခဲ့သည့် ပြဇာတ်များအပြင် ချင်ချန်းယုကျုဖိန်ကျု နှင့် အခြားဒေသခံ တရုတ်အော်ပရာပြဇာတ်ပုံစံများသည် ရာစုနှစ်များတစ်လျှောက်လုံး ရန်အိမ်တော် စစ်သူကြီးများအကြောင်း ၎င်းတို့၏ ကိုယ်ပိုင်ဇာတ်လမ်းများဖြင့် ဖန်တီးခဲ့သည်။ ဇာတ်လမ်းများစွာသည် ဝတ္ထုများတွင် မတွေ့ရှိရဘဲ ဒဏ္ဍာရီများကို ဝေဆာစေသည်။[၉] ၂၀ရာစု နှစ်တွင် ဇာတ်လမ်းများသည် တရုတ်နိုင်ငံတွင် ဖင်ရှူး(ပုံပြင်ပြောခြင်း)အနုပညာဖြင့် အလွန်နာမည်ကြီးခဲ့သည်။ [၉]

အခြေခံဇာတ်လမ်း[ပြင်ဆင်ရန်]

စုန့်မင်းဆက်သည် မိမိတို့ထက် အင်အားနည်းသော မြောက်ပိုင်းဟန်နိုင်ငံတော်ကို ဝင်ရောက်ကျူးကျော်စဉ် မြောက်ပိုင်းဟန် နိုင်ငံတော်မှ စစ်သူကြီး ရန်ယဲ့သည် စုန့်ဧကရာဇ် ထိုက်ကျူ၏ တပ်မတော်ကို အံ့အားသင့်ရလောက်အောင် အကြီးအကျယ် ရှုံးနိမ့်စေခဲ့သည်။ စုန့်စစ်သူကြီး ဖန်းရန်မေ့သည်လည်း ရန်ယဲ့ကြောင့် ကျဆုံးလုနီးပါးဖြစ်ခဲ့ရပြီး စုန့်တပ်မတော်မှာလည်း ဆုတ်ခွာရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ နှစ်အတန်ကြာပြီးနောက်တွင် ဧကရာဇ် ထိုက်ကျူကို ဆက်ခံသော ဧကရာဇ်ထိုက်ကျုံးသည် နောက်ထပ်ကျူးကျော်စစ်ကို စတင်ခဲ့သော်လည်း ရန်ယဲ့၊ သူ၏ဇနီး ရှီဆိုက်ဟွား နှင့် ၎င်းတို့၏သား ၇ ယောက်တို့ ဦးဆောင်သော တပ်ဖွဲ့များက ထပ်မံတားဆီးနိုင်ခဲ့သည်။ ရှီဆိုက်ဟွား ပစ်လိုက်သောမြှားတစ်စင်းကြောင့် ဖန်းရန်မေ့လည်း ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဧကရာဇ်ထိုက်ကျုံးသည် အကျင့်ပျက် မြောက်ပိုင်းဟန်အရာရှိများကို လာဘ်ထိုး၍ မြောက်ပိုင်းဟန်ဘုရင် လျိုကျိယွမ်နှင့် ရန်ယဲ့တို့ အကြား ယုံကြည်မှုပျက်ပြားစေရန် ကောလာဟလများဖန်တီးလေသည်။ ယင်းကြောင့် နောက်ဆုံးတွင် လျိုကျိယွမ် အရေးနိမ့်ပြီး လက်နက်ချခဲ့ရသည်။

ရန်ယဲ့ စိတ်မပါစွာ လက်နက်ချပြီးနောက် ဧကရာဇ်ထိုက်ကျုံးသည် သူ့မိသားစုအား မြို့တော်ခိုင်းဖုန်း ရှိ “ကောင်းကင်လှိုင်း အိမ်တော်” ဟုခေါ်သော သြချဖွယ် စံအိမ်တစ်လုံးကို ချီးမြှင့်ခဲ့သည်။ ကျေနပ်ကျေးဇူးတင်စွာဖြင့် ရန်ယဲ့ သည် ဧကရာဇ်မင်းမြတ်ထံ သစ္စာခံယူခဲ့ပြီး စုန့်မြောက်ပိုင်းနယ်နိမိတ်တွင် လျောင်မင်းဆက်၏ တပ်များကို အကြိမ်ကြိမ် ချေမှုန်းအနိုင်ယူခဲ့သည်။ ဧကရာဇ်၏ယောက္ခမလည်းဖြစ်သော၊ မနာလိုဖြစ်နေသော ဖန်းရန်မေ့က သူ၏သားတော် ဖန်းပေါင်ကို တပ်ခေါင်းဆောင်ဦးစီးခန့်အပ်ရန် ဧကရာဇ်မင်းမြတ်ကို တိုက်တွန်းခဲ့သော်လည်း အတွေ့အကြုံမရှိသော ဖန်းပေါင်ကို အခြားဝန်ကြီးများက ယုံကြည်လက်ခံခြင်း မရှိကြပေ။ ထိုကြောင့် ဖန်းရန်မေ့သည် မြို့တော်ခိုင်းဖုန်းရှိ ထျန်းချီးဘုရားကျောင်းတွင်ကိုယ်ခံပညာ သိုင်းပြိုင်ပွဲ ကျင်းပရန် အဆိုပြုခဲ့ပြီး ရန်အိမ်တော်သားများကိုမူ ပါဝင်ယှဥ်ပြိုင်ခွင့်ပိတ်ပင်ရန် တောင်းဆိုခဲ့သည်။ ဧကရာဇ်ကလည်း သဘောတူခဲ့သည်။ ရန်ယဲ့သည် သူ၏သားများကို အိမ်တွင် အကျယ်ချုပ်ချုပ် ထားခဲ့သော်လည်း နောက်ဆုံးနေ့တွင် သတ္တမသားတော်ဖြစ်သူသည် အိမ်မှ ခိုးထွက်၍ ပြိုင်ပွဲဝင်ရာ မသမာသောနည်းများဖြင့် ပြိုင်ဖက်များကို အနိုင်ယူနေသော ဖန်းပေါင်အား သတ်မိခဲ့သည်။

စုန့် ၂ခေတ်၊ တောင်နှင့်မြောက် မှတ်တမ်းများ Records of the Two Songs, South and North (兩宋南北志傳) ဝတ္ထု၏ အစောပိုင်းမိတ္တူတစ်စောင်မှ ဖန်းရန်မေ့ ၏လက်ချက်ဖြင့် ကြေကွဲဖွယ်သေဆုံးခဲ့ရသော ရန်ယန်စီးသရုပ်ဖော်ပုံ။ မိတ္တူသည် ၁၅၇၃ နှင့် ၁၆၂၀ ကြားရေးသားခဲ့ခြင်းဖြစ်သည်။

ရန်အိမ်တော်သားများကိုသတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးပမ်းမှုများ မအောင်မြင်ပြီးနောက် ဖန်းရန်မေ့သည် ရန်ယဲ့၊ သူ၏သား ၇ ယောက်နှင့် ဧကရာဇ်ထိုက်ကျုံးတို့ကို နယ်စပ်မြို့ ယိုးကျိုးမြို့ သို့ ‌ရောက်ရှိလာရန် ဖြားယောင်းကာ သာလွန်အင်အားဖြင့် ဝန်းရံလုပ်ကြံခြင်းခံရအောင် လျောင်တပ်မတော်အား ကူညီခဲ့သည်။ ပိုမိုကောင်းမွန်သောရွေးချယ်စရာများမရှိသဖြင့် ရန်ယဲ့၏ ပထမသားတော်သည် ဧကရာဇ်မင်းထိုက်ကျုံးအစစ် ထွက်ပြေးလွတ်မြောက်သွားချိန်တွင် ဧကရာဇ်မင်းကဲ့သို့ ဟန်ဆောင်ဝတ်ဆင်ကာ လျောင်မင်းသားနှင့်တွေ့ဆုံ၍ ရွှေသောင်ကမ်းတွင် "နဂါးနှစ်ပါးတွေ့ဆုံခြင်း" ဟုခေါ်သော အန္တရာယ်များသည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်‌ရောက်ရန် မိမိဆန္ဒအလျှောက် တာဝန်ယူခဲ့သည်။ စိုးရိမ်ထားသည့်အတိုင်း ဆွေးနွေးပွဲသည် ထောင်ချောက်ဖြစ်လာပြီး ရန်ယဲ့နှင့် သူ၏တပ်သားများ ဝံပုလွေအမွှာတောင် သို့ ဆုတ်ခွာရချိန်တွင် သူ၏သားအငယ်ဆုံးနှစ်ဦးသာအတူကျန်ရှိခဲ့သည်။ ရန်ယဲ့က သူ၏ ၇ ယောက်မြောက်သားကို ဖန်းရန်မေ့၏ အခြေစိုက်စခန်းသို့ စစ်ကူတောင်းရန် ထိုးဖောက်တိုက်ထွက်စေသည်။ ၎င်းသည် ဖန်းရန်မေ့ထံအရောက်လှမ်းနိုင်ခဲ့သော်လည်း ဆေးခတ်ခံရကာ တုပ်နှောင်ထား၍ မရေမတွက်နိုင်သော မြှားများဖြင့် ပစ်သတ်ခံသေဆုံးခဲ့ရသည်။

ထောင်ချောက်ထဲတွင် အင်အားချင်းမယှဥ်သာသည့်အပြင် စစ်ကူလည်းမမြင်ရသော ရန်ယဲ့သည် ၎င်း၏ အကြီးဆုံးသား ၃ ဦးလည်း ကျဆုံးကုန်ကြောင်း သိလိုက်ရသည်။ အဖမ်းမခံရလေအောင် လီလင်၏ အမည်တပ်ထားသော (ကမ္ပည်း) ကျောက်စာတိုင်ကို ခေါင်းဖြင့်ဆောင့်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။ သူ၏ ဆဌမသားတော်သည် စုန့်ပိုင်နက်ထဲသို့ တိုက်ခိုက်ဖောက်ထွက်လာနိုင်ခဲ့သော်လည်း ဖန်းရန်မေ့၏အမိန့်ကြောင့် သူ့ကိုသတ်ရန်စောင့်နေသော စစ်သူကြီးများဖြင့် ရင်ဆိုင်တွေ့သည်။ သို့ရာတွင် ရန်ယဲ့အား လေးစားကြသော စစ်သူကြီးများက သတ္တမညီတော် သေဆုံးမှုအကြောင်း ပြောပြပြီး သူ့ကို လွှတ်ပေးလိုက်ကြပါသည်။ မြို့တော်ခိုင်းဖုန်းသို့ အပြန်လမ်းတွင် ဆဌမသားတော်သည် လျောင်သူလျှိုဖြစ်မှန်း မသိသော ဝမ်ချင်းဆိုသောအမျိုးသားတစ်ယောက်နဲ့လည်း ရင်းနှီးခဲ့ပါသည်။

ဧကရာဇ်ထိုက်ကျုံးသည် ဖန်းရန်မေ့၏ရာဇ၀တ်မှုများအကြောင်း ဆဌမသားတော်၏ တိုင်ကြားစာကို ရန်အိမ်တော်သားများကို သစ္စာဖောက်မှု ဖြင့် စွပ်စွဲထားသော ဖန်းရန်မေ့၏တိုင်ကြားစာနှင့် တပြိုင်တည်းရရှိခဲ့သည်။ အမှု၏ ပထမတရားသူကြီးအား ဖန်းရန်မေ့၏သမီးဖြစ်သူ မိဖုရားငယ်ဖန်းက လာဘ်ထိုးကာ (သူ၏) ဖန်းအိမ်သားများကို ကူညီရန်ကြိုးစားခဲ့သော်လည်း ဧကရာဇ်၏တူတော် “သီလသန့်စင်သော အဋ္ဌမမင်းသား” ကျောက်သည်ဖန်းမှ တားဆီးနိုင်ခဲ့သည်။ ဒုတိယမြောက်တရားသူကြီးမှာလည်း ဖန်းအိမ်သားများကို ထိပါးမိမည်စိုး၍ ရာထူးမှ တိမ်းရှောင်သွားခဲ့သည်။ အချိန်အတော်အတန်ကြာပြီးနောက် သီလသန့်စင်သော အဋ္ဌမမင်းသားသည် တရားသူကြီးရာထူးအတွက် အရာရှိလောင်းအဖြစ် ယခင်က ရာထူးငယ်များသာရခဲ့သော်လည်း ဉာဏ်ရည်ဉာဏ်သွေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သိက္ခာတရားများဖြင့် ပြည့်စုံသော ကုကျွမ်း အမည်ရှိပြည်နယ်အရာရှိတစ်ဦးကို နောက်ဆုံးတွင်ရှာတွေ့ခဲ့သည်။ နောက်ဆုံးတွင်မူ ကုကျွမ်းသည် ဖန်းရန်မေ့ကို ရာဇ၀တ်မှုများစွာဖြင့် ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီး အဋ္ဌမမင်းသား၏အကူအညီဖြင့် ကွပ်မျက်နိုင်ခဲ့သည်။

စုန့်တပ်မတော်၏ သေနာပတိအသစ်အဖြစ် သူ့ဖခင်ကို ဆက်ခံသော ဆဌမသားတော် ရန်ယန်ကျောင်းသည် ဧကရာဇ်အသစ်၏ လက်အောက်တွင် အမှုထမ်းရင်း လျောင်တပ်များကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ ဧကရာဇ်ကျန်းကျုံးသည် ရန်အိမ်တော်ကို ဂုဏ်ပြုသောအားဖြင့် သင်္ချိုင်းကဗျည်းစာကျောက်တိုင်တစ်ခုတည်ဆောက်ခဲ့ရာ အထက်တန်းအရာရှိဖြစ်စ ဝမ်ချင်၏သားမက် ရှဲ့ကျင်းဝူက မလေးမစားပြုကျင့်ခဲ့သည်။ ရှဲ့ကျင်းဝူကို ရန်အိမ်တော်မှ အမျိုးသမီးများက ပြင်းထန်စွာရိုက်နှက်ကြပြီးနောက် ပြဿနာများ စတင်ကြီးထွားလာသောအခါ နယ်စပ်ရှိ ရန်ယန်ကျောင်းကိုအကြောင်းကြားလာခဲ့သည်။ သူ့မိခင်ကို စိုးရိမ်သဖြင့် ခွင့်ပြုမိန့်မပါဘဲ စစ်မှုစည်းကမ်းများကို ဖောက်ဖျက်ကာ နေပြည်တော်သို့ အပြေးအလွှားပြန်လာခဲ့စဥ် အတူပါလာသော ငယ်သား ကျောင်းကျန်းက ဒေါသမထိန်းနိုင်ဘဲ ရှဲ့ကျင်းဝူကို သတ်မိသောအခါ ပို၍ဒုက္ခရောက်စေတော့သည်။

နောက်ဆုံးတွင် မူလရာထူးပြန်ရပြီးနောက် ရန်ယန်ကျောင်းသည် သူ၏ ပဉ္စမအစ်ကိုဖြစ်သူသည် ဝူထိုင်တောင် တွင် ရဟန်းခံနေကြောင်း မတော်တဆ သတိပြုမိခဲ့သည်။ ရွှေသောင်ကမ်းတိုက်ပွဲအပြီး စိတ်ပျက်အားငယ်စွာဖြင့် ၎င်း၏စိတ်ဝိညာဉ်ကို ဗုဒ္ဓမြတ်စွာဘုရား ထံပေးလှူထားသော ပဉ္စမအစ်ကိုသည် ယခုအခါ စုန့်တပ်မတော်တွင် ပါဝင်ရန် သို့မဟုတ် အိမ်ပြန်ရန် ငြင်းဆိုခဲ့သော်လည်း အရေးကြုံသောအခါ "သွေးသည် ရေထက် ပိုပြစ်ကြောင်း"သက်သေပြကာ ညီဖြစ်သူအား ကူညီ၍ ရန်သူများကို ချေမှုန်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ညီမ – ရန်ယဲ့၏ အဋ္ဌမမြောက်သွေးသားသည် ဖခင်၏ရုပ်ကြွင်းနှင့် ရွှေဓားကို ဟောက်ထျန်းစေတီတော်တွင် လျောင်တို့က ထိန်းသိမ်းထားကြောင်း သိလိုက်ရသဖြင့် သူမဘာသာပြန်လည်ရယူရန် နယ်စပ်ဖြတ်ကျော်ကာ ကြိုးပမ်းခဲ့သည်။ သူမအဖမ်းခံခဲ့ရသော်လည်း ယခုအခါ မုယီ “Mu Yi” ဟူသည့် ကိုယ်ရေးအထောက်အထားအတုဖြင့် လျောင်မင်းသမီးနှင့် လက်ထပ်ထားသော စတုတ္ထအစ်ကိုဖြစ်သူ၏ အကူအညီဖြင့် လွတ်မြောက်ခဲ့သည်။

ပေကျင်းမြို့နွေရာသီနန်းတော်ရှိ စင်္ကြံရှည် ၁၉ရာစု နံရံဆေးရေးပန်းချီတွင်ရန်ကျုံးပေါင်ကို ၎င်း၏အနာဂတ်ဇနီး မုကွေ့ရင်းမှ ဖမ်းမိပုံကို သရုပ်ဖော်ထားသည်။

ရန်ယန်ကျောင်း နှင့် ချိုင်မင်းသမီးတို့၏သား ရန်ကျုံးပေါင်သည် မုခေါ် ခံတပ်သို့သွားရောက်ခဲ့၍ လျောင်တပ်၏ ကောင်းကင်ဘုံတံခါးတပ်ဖွဲ့စည်းပုံကို ဖြိုခွင်းရာတွင် အထောက်အကူဖြစ်စေမည့် နဂါးနှိမ်သစ်ကို ရှာပုံတော်ထွက်စဥ် သူ့ကိုဖမ်းဆီးပြီး နောင်တွင် သူနှင့်လက်ထပ်မည့် မုကွေ့ရင်းနှင့်တွေ့ဆုံခဲ့သည်။ မုကွေ့ရင်းသည် အခြားကျန်သော ရန်အိမ်တော်သားမျာနှင့်အတူ ကောင်းကင်ဘုံတံခါးတပ်ဖွဲ့စည်းပုံကို ဖြိုခွင်းရာတွင် အခရာဖြစ်လာမည်ဖြစ်ကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။

ထိုအချိန်မှာပင် အနောက်ပိုင်းရှ သည် စုန့်ပိုင်နက်ကို ဝင်ရောက်ကျူးကျော်ခဲ့ပြီး ရန်ကျုံးပေါင်တိုက်ပွဲတွင် ကျဆုံးခဲ့သည်။ ရန်ကျုံးပေါင်ကျဆုံးပြီးနောက် ရန်အိမ်တော်တွင် အမျိုးသားအနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် ရန်အိမ်တော်မှအမျိုးသမီး ၁၂ ယောက်သည် အနောက်ပိုင်းရှနှင့် စစ်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ရန်အိမ်တော်မှအမျိုးသမီးစစ်သူကြီးများကလည်း ၎င်းတို့၏ အမျိုးသားများထက် မညံ့ကြောင်း သက်သေပြခဲ့သည်။

သမိုင်းဝင် ယဉ်ကျေးမှုနေရာများ[ပြင်ဆင်ရန်]

ရန်ဝူလန် (ရန်ယဲ့၏ ပဉ္စမသား)အသုံးပြုခဲ့သော သံတုတ်ကို ထိန်းသိမ်းထားသည်ဟု ဆိုသော စန်းရှီးပြည်နယ် ဝူထိုင်တောင် ရှမ်းတုန်းဘုရားကျောင်း

တရုတ်စကားပြောဒေသတစ်ဝှမ်းတွင် နာမည်ကျော်ကြားသော ကြောင့် ရာစုနှစ်များတစ်လျှောက် ရန်ယဲ့ နှင့်ရန်အိမ်တော် အထိမ်းအမှတ် ဘုရားကျောင်းများနှင့်သင်္ချိုင်းဂူများ အပါအဝင် အောက်မေ့ဖွယ်နေရာအများအပြားကို တရုတ်နိုင်ငံတဝန်းတွင်တည်ဆောက်ခဲ့ကြသည်။ နေရာအတော်များများသည် ရန်အိမ်တော်သားများနှင့် လက်တွေ့ကျသော ဆက်နွှယ်မှုမျိုး အထောက်အထား မသိ၊မရှိပါသော်လည်း ဇာတ်လမ်းထဲမှဖြစ်ရပ်များ ထိုနေရာများတွင် ဖြစ်ပျက်ခဲ့သည်ဟု အခိုင်အမာ ပြောဆိုနေကြဆဲဖြစ်သည်။ လူသိအများဆုံး နေရာအချို့မှာ -

  • ပေကျင်းမြို့ကူပေခိုမြို့နယ်တွင်ရှိသော အနှိုင်းမဲ့ ရန် ဘုရားကျောင်း (楊無敵廟)ကို ထို‌ဒေသ လျောင်မင်းဆက်လက်အောက်တွင်ရှိနေချိန် ၁၀၅၅ခုနှစ်မတိုင်မီကတည်ဆောက်ခဲ့သည်။ [note ၂] ၁၄ ရာစုတွင် ရွှီတာ နှင့် ၂၀ရာစုအစောပိုင်းတွင် ဖုန်းယွိရှန်းတို့အပါအဝင် နှစ်ပေါင်းများစွာအတွင်း စစ်သူကြီး(ဗိုလ်ချုပ်)အများအပြားသည် အလေးအမြတ်ပြု၍ ဘုရားကျောင်းကို ပြန်လည်ပြုပြင်ခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလ တွင် ဖျက်ဆီးခံခဲ့ရသော်လည်း ဓာတ်ပုံဟောင်းများပါသည့် အတိုင်း ပြန်လည်တည်ဆောက်ခဲ့သည်။
  • ရန်အိမ်တော်သားများ၏ကာလတွင် စုန့်မင်းဆက်၏နေပြည်တော် ဖြစ်ခဲ့သော ဟီနန်ပြည်နယ်ခိုင်းဖုန်းမြို့ရှိ ထျန်းပေါင်ရန်စံအိမ်တော် (天波楊府)။ ထျန်းပေါင် (天波; “ကောင်းကင်လှိုင်း”) သည် ဒဏ္ဍာရီများထဲမှ ရန်မိသားစုအိမ်တော်၏အမည်ဖြစ်သည်။ အဆိုပါအိမ်ကို ၁၉၉၂ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်မှုတစ်ခုအဖြစ် တည်ဆောက်ခဲ့သည်။ ၁၄ ရာစုမှတ်တမ်းများကို အခြေခံပြီး ခိုင်းဖုန်းမြို့ရှိ တည်နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သမိုင်းပညာရှင်အချို့ကလည်း မှတ်တမ်းများအတိုင်း ရန်မိသားစုသည် ခိုင်းဖုန်းမြို့တွင် အိမ်တစ်လုံး အမှန်တကယ်ရှိမရှိ သံသယရှိကြသည်။
  • စန်းရှီးပြည်နယ်တိုက်ခရိုင်ရှိ ရန်အိမ်တော် ဘိုးဘေးစဥ်ဆက်ခန်းမ (楊家祠堂)။ ရန်ယဲ့ မြောက်ပိုင်းဟန် နိုင်ငံတော်တွင် အမှုထမ်းနေစဉ် ဤနေရာသည် ရန်အိမ်တော်ပိုင် ဖြစ်ခဲ့သည်ဟု ဆိုသည်။ ၁၃၂၉ ခုနှစ်တွင်တည်ဆောက်ခဲ့သည်။
  • စန်းရှီးပြည်နယ်ရှမ်မုခရိုင်ရှိ ရန်မိသားစုမြို့(楊家城)၊ ရန်ယဲ့၏မွေးရပ်မြေ။ မြို့ရိုးများကို ၇၄၈ ခုနှစ်တွင်တည်ဆောက်ခဲ့သော်လည်း ၁၀၉၈ခုနှစ်ခန့်မှစတင်၍ ရန်မိသားစုမြို့ဟုခေါ်တွင်ခဲ့သည်။ ၂၅ကီလိုမီတာအကွာ တွင် ရန်ယဲ့ နှင့် ရှီဆိုက်ဟွားတို့ လက်ထပ်ခဲ့သည်ဟုဆိုသော ကြယ်ခုနစ်ပွင့်ဘုရားကျောင်း (七星廟) [၎င်းတို့၏သား ၇ ဦးကို ရည်ညွှန်း၍ အမည်ပေးထားခြင်း]ရှိသည်။

ခေတ်ပေါ်အကိုးအကားများ[ပြင်ဆင်ရန်]

ရန်အိမ်တော်အကြောင်း ဇာတ်လမ်းများကို ရိုးရာပုံပြင်များ၊ ဇာတ်စင်ပြဇာတ်များနှင့် အော်ပရာပြဇာတ်များ၊ ဝတ္ထုများ၊ မန့်ဟွ/မန်ဂါ (ရုပ်ပြ)၊ ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်တွဲများအဖြစ် ပြန်လည်အသက်သွင်းထားသည်။

စာပေ[ပြင်ဆင်ရန်]

အော်ပရာပြဇာတ် နှင့် တေးသီချင်း[ပြင်ဆင်ရန်]

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ၂၀၀၇ခုနှစ်တွင် ကပြသော ပီကင်းအော်ပရာပြဇာတ် ရန်အိမ်တော်မှစစ်သူကြီးများ ဇာတ်လမ်း၊ ။

ပြဇာတ်ဆရာ တုမင်ရှင်းသည် တရုတ်ဘာသာဖြင့် ရန်အိမ်တော်မှအမျိုးသမီးစစ်သူကြီးများ (simplified Chinese: 杨门女将; traditional Chinese: 楊門女將; pinyin: Yang Men Nü Jiang; lit. 'The Female Generals of the Yang family') အမည်တပ် အော်ပရာပြဇာတ်စာအုပ်ငယ်ကို ပီကင်းအော်ပရာဇာတ် ပုံစံ ရေးသားခဲ့သည်။ အဆိုပါ အော်ပရာသည် အသက် ၁၀၀ မှာ တပ်မတော်ကွပ်ကဲသည် ဟူသော ရန်ကျုအော်ပရာကို အခြေခံထားပြီး တရုတ်ပီကင်းအော်ပရာအဖွဲ့မှ ၁၉၆၀ ခုနှစ်တွင် ပထမဆုံး ဖျော်ဖြေခဲ့သည်။ စုန့်စစ်သူကြီးရန်ကျုံးပေါင် ကျဆုံးပြီးနောက် ဖြစ်ပွားသော မြောက်ပိုင်း စုန့်မင်းဆက်နှင့်အနောက်ပိုင်းရှမင်းဆက်တို့ကြား စစ်ပွဲကာလကို ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ ရန်ကျုံးပေါင်၏ အသက် ၁၀၀ အရွယ် ဘွားတော်ကြီး ရှီဆိုက်ဟွားသည် မုကွေ့ရင်း၊ ရန်အိမ်တော်မှ အခြားမုဆိုးမများနှင့်အတူ စုန့်တပ်မတော်ကိုဦးဆောင်၍ ကျူးကျော်သူများကို တွန်းလှန်ခဲ့သည်။

သက္ကရာဇ် ၂၀၀၀ တွင် တုမင်ရှင်း သည် China Philharmonic Orchestra(CPO) အတွက် ဇာတ်စသရုပ်ဖော်ခြင်း (Overture)၊ ဇာတ်လှုပ်ရှားမှုသုံးမျိုး (Three Movements) နှင့် ဇာတ်သိမ်းခန်းတစ်ခု (‌epilogue) ပါ၀င်သော symphonic ပုံစံ အော်ပရာပြဇာတ်ကိုလည်း ထုတ်လုပ်ပေးခဲ့သည်။ ၎င်းသည် ထိုအချိန်က အသစ်ဖွဲ့စည်းထားသော CPO အတွက် ပထမဆုံး symphonic ပြဇာတ် ဖြစ်ခဲ့သည်။ [၁၁]

ရုပ်ရှင်ဇာတ်ကားများ[ပြင်ဆင်ရန်]

သက္ကရာဇ် ခေါင်းစဥ် ထုတ်လုပ်ရေး အဓိကသရုပ်‌‌ောင်
၁၉၇၂ <a href="https://en.wikipedia.org/wiki/The_14_Amazons" rel="mw:ExtLink" title="The 14 Amazons" class="cx-link" data-linkid="422">The 14 Amazons</a>
အမျိုးသမီး စစ်သည်တော် ၁၄ ယောက်
十四女英豪
ရှောညီအစ်ကိုများ စတူဒီယို

ဟောင်ကောင်

Ivy Ling Po, Lisa Lu, Lily Ho, Yueh Hua, Shu Pei-pei, Chin Fei, Tien Feng, Tsung Hua, Lo Lieh, Paul Chun
၁၉၈၃ ရှစ်ထောင့်ကွက် တုတ်သိုင်းသမား

五郎八卦棍

ရှောညီအစ်ကိုများ စတူဒီယို

ဟောင်ကောင်

Gordon Liu, Alexander Fu, Kara Hui, Lily Li, Ko Fei, Lam Hak-ming, Wang Lung-wei, Yeung Jing-jing
၁၉၈၄ ရန်အိမ်တော်စစ်သူကြီးများ

楊家將
ဟီနန် အနုပညာ သရုပ်ဆောင်ခြင်း စသည်

တရုတ်ပြည်မ / ‌‌ဟောင်ကောင်

Nie Jianguo, Yang Shoulin, Wang Jian, Shi Changjin, Xu Qingxiang, Cao Xuezhi, Ding Gonghe, Ma Lin
၁၉၈၅ ဗုဒ္ဓ ရှစ်ထောင့်ကွက် တုတ်

如來八卦棍
ဟုပ်ချွန်း ရုပ်ရှင် စသည်
ဟောင်ကောင်/
တရုတ်ပြည်မ
Leung Siu-lung, Guan Zongxiang, Wang Cho-shut, Kwan Hoi-san, Gam San, Wang Lingqian, Chan Dik-hak
၂၀၀၆ သွေးမြေကျသော သုံးလမ်းခွဆုံ


血濺三岔口

တရုတ် ဗဟိုရုပ်သံ -၆ စသည်

တရုတ်ပြည်မ

Yi Zhen, Wu Yue, Zhao Hongfei, Zhao Liang, Shi Daimei, Luan Jian, Hu Bo, Gouzi
၂၀၁၁ <a href="https://en.wikipedia.org/wiki/Legendary_Amazons" rel="mw:ExtLink" title="Legendary Amazons" class="cx-link" data-linkid="461">ဒဏ္ဍာရီလာ အမျိုးသမီး စစ်သည်တော်များ</a>
ရှန်ဟိုင်းရုပ်ရှင်အုပ်စု စသည်

တရုတ်ပြည်မ

Cecilia Cheung, Richie Jen, Cheng Pei-pei, Liu Xiaoqing, Kathy Chow, Xiao Mingyu, Zhou Xiaofei, Yukari Oshima
၂၀၁၃ ရန်စစ်သူကြီးကို ကယ်တင်ခြင်း


忠烈楊家將

နတ်မြင်းပျံရုပ်ရှင်ထုတ်လုပ်ရေး စသည်

ဟောင်ကောင်/
တရုတ်ပြည်မ
Adam Cheng, Ekin Cheng, Yu Bo, Vic Chou, Li Chen, Raymond Lam, Wu Chun, Fu Xinbo, Shao Bing, Xu Fan
၂၀၁၉ စုန့်နှင့်လျောင်တိုက်ပွဲ

大破天门阵
ရှန်ဟိုင်းရန်ကြာ ရိုးရာမီဒီယာ စသည်

တရုတ်ပြည်မ
Siqin Gaowa, Wang Jinxin, Mei Li-er, Angel Fuhe
ဂီတဇာတ်ကားများ
  • မုကွေ့ရင်း ရန်ကျုံးပေါင်ကို ၃ကြိမ်တို်င်ဖမ်းမိပြီး ပြန်လွှတ်ပေးခဲ့ပုံ (穆桂英三擒三縱楊宗保),၁၉၅၆ခုနှစ် ကွမ်တုန်း ‌အော်ပရာပြဇာတ် ဟောင်ကောင်ဇာတ်ကား
  • ရန် အဋ္ဌမမြောက်ညီမ (楊八妹招親) ၁၉၅၆ခုနှစ် ကွမ်တုန်း ‌အော်ပရာပြဇာတ် ဟောင်ကောင်ဇာတ်ကား
  • ရန်ကျုံးပေါင် နှင့် မုကွေ့ရင်း ကောင်းကင်ဘုံတံခါးတပ်ဖွဲ့စည်းပုံကို ဖြိုခွင်းပုံ (穆桂英楊宗保大破天門陣) ၁၉၅၇ခုနှစ် ကွမ်တုန်း ‌အော်ပရာပြဇာတ် ဟောင်ကောင်ဇာတ်ကား
  • မုကွေ့ရင်း ဟုန်ကျိုးတွင် တိုက်ပွဲဝင်ပုံ (穆桂英大戰洪州) ၁၉၅၈ခုနှစ် ပီကင်းအော်ပရာပြဇာတ်တရုတ်ရုပ်ရှင်
  • မုကွေ့ရင်း အမိန့်ပေးသည် (穆桂英掛帥) ၁၉၅၈ခုနှစ် ယွိအော်ပရာပြဇာတ် တရုတ်ရုပ်ရှင်
  • စတုတ္ထသားတော် (四郎探母) ၁၉၅၉ခုနှစ် ကွမ်တုန်း ‌အော်ပရာပြဇာတ် ဟောင်ကောင်ဇာတ်ကား
  • ရွှေဓား (楊八妹取金刀) ၁၉၅၆ခုနှစ် ကွမ်တုန်း ‌အော်ပရာပြဇာတ် ဟောင်ကောင်ဇာတ်ကား
  • ရန်အမျိုးသမီး စစ်သည်တော်များ (楊門女將) ၁၉၆၀ခုနှစ် ပီကင်းအော်ပရာပြဇာတ် တရုတ်ရုပ်ရှင်
  • အတုမရှိ (無敵楊家將) ၁၉၆၁ခုနှစ် ကွမ်တုန်း ‌အော်ပရာပြဇာတ် ဟောင်ကောင်ဇာတ်ကား
  • မုကွေ့ရင်း အိမ်ထောင်ဖက်တွေ့ရှိ (穆桂英招親) ၁၉၆၂ခုနှစ် ချိုးချောင်းအော်ပရာပြဇာတ် ဟောင်ကောင်ဇာတ်ကား
  • ရှီဆိုက်ဟွား (佘賽花) ၁၉၈၄ခုနှစ် စန့်သန့်လောင်ကျီ (上黨落子) အော်ပရာပြဇာတ် အမျိုးအစား တရုတ်ရုပ်ရှင်

ရုပ်မြင်သံကြားဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

သက္ကရာဇ် ခေါင်းစဥ် ထုတ်လုပ်ရေး အဓိကသရုပ်‌‌ဆောင်
၁၉၈၁ ရန်အမျိုးသမီး စစ်သည်တော်များ
楊門女將
တီဗွီဘီ

ဟောင်ကောင်

Liza Wang, Fung Bo Bo, Seung Yee, Shek Sau, Lee Lam-lam, Mary Hon, Ha Yu, Tsang Hing-yu, Kwan Chung
၁၉၈၃ ရန်အိမ်တော် စစ်သူကြီးများ
楊家將
စန်းရှီး ရုပ်သံ

တရုတ်ပြည်မ

Chang Wenzhi, Qika Kuerban, Zhou Ximeng, Yang Dawei, Sun Feipeng, Zhang Jizhong, Wang Weinian
၁၉၈၄ သံမဏိသွေး ရန်အိမ်တော် စစ်သူကြီးများ
鐵血楊家將
ထိုင်ဝမ်ရုပ်သံ

ထိုင်ဝမ်

Sze-ma Yu-chiao, David Chiang, Chang Ping-yu, Kwan Chung, Chang Chung, Chiang Kui-pei, Pan Tieh-hsiang, Emily Chu
၁၉၈၅ ရန်အိမ်တော်ဇာတ်楊家將 တီဗွီဘီ

ဟောင်ကောင်

Andy Lau, Tony Leung, Felix Wong, Michael Miu, Kent Tong, Yeung Chak-lam, Chow Yun-fat, Lau Siu-ming, Carina Lau, Margie Tsang
၁၉၈၉ သတ္တိရှင် မုကွေ့ရင်း
一門英烈穆桂英
တရုတ် ရုပ်သံ စနစ်

ထိုင်ဝမ်

Ngai Chow-wah, Chang Chen-huan, Lung Lung, Tu Man-sheng, Lee Li-feng, Mao Ying, Jin Chao-chun
၁၉၉၁ ရန်အိမ်တော် စစ်သူကြီးများ
楊家將
စန်းရှီး ရုပ်သံ

တရုတ်ပြည်မ

Li Zhiyi, Guan Xinwei, Xu Chenglin, Zhang Yujia, Zhang Dengqiao, Liu Jie, Chen Lingdi, Liu Lihua, Zhu Mi
၁၉၉၄ ရန်အိမ်တော် သူရဲကောင်း ဒဏ္ဍာရီ
碧血青天楊家將
အာရှရုပ်သံ

ဟောင်ကောင်

Chu Siu-keung, Yan Chi-keung, Jin Chao-chun, Paul Chun, Wong Yim-na, Mak Ging-ting, Lee Heung-kam
၁၉၉၄ မဟာစစ်သူကြီး

碧血青天珍珠旗

အာရှရုပ်သံ

ဟောင်ကောင်

Chu Siu-keung, Damian Lau, Lui Chung-yin, Joey Meng, Wong Jung, Yeung Yuk-mui, Loong Koon-tin
၁၉၉၇ အနောက်သား အဘိုးကြီး ခို့

寇老西兒
ပေကျင်း ရိုးရာယဥ်ကျေးမှုနှင့် အနုပညာရုပ်သံ စသည်

တရုတ်ပြည်မ

Ge You, Chen Daoming, Qu Ying, He Saifei, Zhu Xijuan, Zhong Xinghuo, Huang Zongluo, Cao Li, Li Chengru
၁၉၉၇ ရန်စစ်လန်

楊四郎
စန်းရှီး ရုပ်သံ

တရုတ်ပြည်မ

Zhang Fan, Hui Minli, Shi Aihong, Zhang Li, Zhao Donghong, Li Xing, Li Yongsheng, Chen Chaowu
၁၉၉၈ ရန်အိမ်တော် သတ္တိရှင်မ (2 Seasons)

穆桂英

အာရှရုပ်သံ

ဟောင်ကောင်

Amy Chan, Vincent Chiao, Gilbert Lam, Annie Man, Paw Hee-ching, Cao Cuifen, Tam Bing-man
၂၀၀၁ ဒဏ္ဍာရီလာ စစ်သည်တော်: ရန်အိမ်တော် သတ္တိရှင်မ

楊門女將—女兒當自強

တရုတ်ဖျော်ဖြေ‌ရေး

တရုတ်ပြည်မ

Carman Lee, Theresa Lee, Ning Jing, Cheng Pei-pei, Andrew Lin, Ken Chang, Wang Yu-wen, Roger Kwok
၂၀၀၁ မီးသခင်

火帥
ဟူနန် တီဗွီနှင့်ရေဒီယို အုပ်စု စသည်

တရုတ်ပြည်မ
Chang Ting, Zhang Tielin, Huang Haibing, Lu Xingyu, Yang Na, Liu Jiayue, Chen Ying, Wang Jiusheng
၂၀၀၄ သတ္တိရှင်မ မုကွေ့ရင်း

巾幗英雄穆桂英
ရွှေဒိုင်းကာ ရုပ်ရှင်နှင့်တီဗွီ စသည်

တရုတ်ပြည်မ
Wang Si-yi, Lu Shiyu, Guo Lianwen, Han Yueqiao, Li Guangfu, Zheng Shuang, Zhang Wei, Fan Bingbing
၂၀၀၄ ရန်အိမ်တော် စစ်သည်တော်များ

楊門虎將

ပေကျင်းထျန်းကျုံးယင်းဟွား စသည်

တရုတ်ပြည်မ
Alec Su, Chae Rim, Angie Chiu, Ti Lung, Kou Zhenhai, Wang Yan, Hu Jing, Yan Kun, Bao Jianfeng, Jia Nailiang
၂၀၀၆ လူငယ်စစ်သည်တော်များ

少年楊家將

တရုတ်ဖျော်ဖြေ‌ရေး

တရုတ်ပြည်မ

Hu Ge, Peter Ho, Chen Long, Eddie Peng, Amy Chan, Weng Chia-ming, Justin Yuan, Lin Chia-yu, Liu Shishi
၂၀၁၁ မုကွေ့ရင်း အမိန့်ပေးသည်

穆桂英掛帥
ညီနောင်ခေတ် ရုပ်ရှင်နှင့်တီဗွီ စသည်

တရုတ်ပြည်မ

Miao Pu, Siqin Gaowa, Zhang Tielin, Li Qi, Luo Jin, Yu Chenghui, Shen Baoping, Luan Ruxin, Liu Enyou
၂၀၁၃ ပိုင်ယွိထန်

白玉堂之局外局
လုံ စုပေါင်းရင်းနှီးမြှပ်နှံမှု စသည်

တရုတ်ပြည်မ
Xu Honghao, Siqin Gaowa, Jordan Chan, Hou Yong, Ni Dahong, Bao Guo'an, Liu Xiaojie, Zhang Pengpeng
ဂီတရုပ်သံဇာတ်လမ်းတွဲ
အန်နီမေးရှင်း ရုပ်သံဇာတ်လမ်းတွဲ
  • ရန်အိမ်တော် စစ်သူကြီးများ (楊家將) ၂၀၁၁ - ၂၀၁၃ ခုနှစ် တရုတ်ဇာတ်လမ်းတွဲ၊ တရုတ် ဗဟိုရုပ်သံ - ၁၄ မှ စတင်ထုတ်လွှင့်၊ ယခုချိန်ထိ ၃ရာသီထုတ်လွှင့်ပြီး။

ဗီဒီယိုဂိမ်းများ[ပြင်ဆင်ရန်]

  • ရန်တပ်မတော် (Chinese: 楊家將; pinyin: Yángjiā Jiāng)
  • Yīmén Yīngliè Yángjiā Jiāng (Chinese: 一門英烈 楊家將), also known as Yang Warrior Family, is an unlicensed beat 'em up game for the Mega Drive that was published in 1990s.[၁၂] It was developed by Taiwan Sanxun Information Co., Ltd. (台湾三协资讯股份有限公司).

အောက်ခြေမှတ်စုများ[ပြင်ဆင်ရန်]

  1. Essentially the same novel, with slight modifications by publishers and editors, as the second half of Records of the Two Songs, South and North (兩宋南北志傳) written by Xiong Damu (熊大木) in the late 16th century.
  2. At least 3 poems about this temple at the location were written within 103 years of Yang Ye's death by Song envoy messengers to Liao. They are: "Passing Gubeikou's Invincible Yang Temple" (過古北口楊無敵廟) written by Liu Chang (劉敞) in 1055; "Passing Gubeikou's Invincible Yang Temple with Zhongxun" (和仲巽過古北口楊無敵廟) written by Su Song (蘇頌) in 1079; and "Gubeikou's Invincible Yang Temple" (古北口楊無敵廟) by Su Che (蘇轍) in 1089.

ရင်းမြစ်များ[ပြင်ဆင်ရန်]