နန်ကျင်းမြို့

ဝီကီပီးဒီးယား မှ
နန်ကျင်းမြို့၏ရှုခင်း

နန်ကျင်းမြို့ (Nan Jing 南京市; အတိုကောက်အားဖြင့် 寧) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းဆူးပြည်နယ် (江蘇省 Jiang Su) ရုံးစိုက်ရာမြို့ဖြစ်သည်။ တရုတ်ပြည်ရှိမြို့များ အနက် ယဉ်ကျေးမှုနှင့် ရှေးသမိုင်း ရာဇဝင်များဖြင့် နာမည်ကျော်ကြားသော မြို့ဖြစ်သည်။ နန်ကျင်းမြို့သည် ယန်စီမြစ် (長江) အောက်ပိုင်းရှိ မြစ်ကမ်းဘေးတွင် တည်ရှိပြီး လူဦးရေ ၅ သန်းကျော်ရှိသည့် တရုတ်ပြည် အရှေ့ပိုင်းဒေသ၏ ဒုတိယအကြီးဆုံး စီးပွားရေး အချက်အချာမြို့ ဖြစ်သည်။

နန်ကျင်းမြို့သည် တရုတ်ပြည်၏ ရှေးမြို့တော်ဟောင်းကြီး ၄ မြို့ စာရင်းဝင်ဖြစ်သည်။ တရုတ်သမိုင်းတွင် နန်ကျင်းမြို့သည် မင်းဆက်ပေါင်း ၆ ဆက်၏ မြို့တော်ဖြစ်သည့်အပြင် ၁၉၁၂ ခုနှစ်မှ ၁၉၄၉ ခုနှစ်အကြား တရုတ်သမ္မတနိုင်ငံ (中華民國; Republic of China) ၏ မြို့တော်ဖြစ်ခဲ့သည်။