ဝတ္ထု

ဝီကီပီးဒီးယား မှ

ဝတ္ထုဆိုသည်မှာ ရှည်လျားသော နောက်ကြောင်းရာဇဝင် တစ်ခုကိုသော်လည်းကောင်း၊ သို့မဟုတ် မိမိအာရုံ၌ ပေါ်ပေါက်လာသော စိတ်ကူးစိတ်သန်းအားလည်းကောင်း အမှန်တကယ် ဖြစ်သကဲ့သို့ လူအများနားလည်လွယ်ကူရန် စကားပြေဖြင့် ရေးသားခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။ အချို့ ဝတ္ထုများသည် လူသားတို့ အတွက် သုတ၊ ရသများပေးစွမ်းနိုင်သကဲ့သို့ တစ်ခါတစ်ရံတွင်လည်း ပေါကြောင်ကြောင်နိုင်လှလေသည်။ အနောက်တိုင်း ဝတ္ထုအရေးအသားကို ၁၈ ရာစုနှစ်မှ စတင် တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင်မူ ပထမဦးဆုံးသော မြန်မာ့ကာလပေါ် ဝတ္ထုဖြစ်သည့် စာ‌ရေးဆရာကြီး ဂျိမ်းစ်လှကျော် ရေးသားခဲ့သော မောင်ရင်မောင် မမယ်မ ဝတ္ထုဖြစ်သည်။ ပြင်သစ်စာရေးဆရာကြီး အယ်လက်ဇန္ဒား ဒျူးမား ရေးသားသော ‘ကောင့်အော့ မွန်တီကရစ္စတို’ (မွန်တီကရစ္စတို မြို့စားကြီး) ဝတ္ထုကိုမှီငြမ်း၍ မြန်မာတို့၏ အခြေ၊ မြန်မာတို့၏ အမြင်နှင့် ဆီလျော်အောင် ပြုပြင်ရေးသားထားသည့် ဝတ္ထုဖြစ်ပြီး ၁၉၀၄ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ထိုခေတ်က "မောင်ရင်မောင် မမယ်မဝတ္ထု"သည် အတော်လူကြိုက်များ၍ ခေတ်စားခဲ့သောကြောင့် ဝန်စာရေးဦးကြီး ရေးသားသော ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ အစရှိသည့် ဝတ္ထုမှာလည်း လပိုင်းမျှ ခြား၍ ထွက်ပေါ်လာခဲ့သည်။ ထိုခေတ်ထိုအခါက မောင်ရင်မောင် မမယ်မ ဝတ္ထုကို မြန်မာနိုင်ငံ သုတေသန ဂျာနယ်မှ ဤသို့ဝေဖန်ခဲ့သည်။ ‘‘ ဝတ္ထုဟူသောအရာကို ခေတ်သစ် အဓိပ္ပာယ်အတိုင်း မြန်မာတို့က နားမလည်နိုင်ကြသေးသည့်အလျောက် စာရေးသူ (ဂျိမ်းစ်လှကျော်) က မောင်ရင်မောင် ထားခဲ့သော စာရွက်စာတမ်းများမှ ကောက်ယူ စီရင်ရေးသားသည်ဟုဆိုလျှင် သင့်လျော်မည်ဟု ယူဆပုံရသည်။ ဝတ္ထုဟုသာ ဆိုသည်။ ဝတ္ထုနှင့်မတူပဲ အကြောင်းအရာများ ဖော်ပြသော စာတမ်းနှင့် တူနေချေသည်။ ယင်းသို့ ဆိုရငြားလည်း ဤဝတ္ထုမှာ ပထမ မြန်မာဝတ္ထု ဖြစ်သောကြောင့် ရှေ့ဆောင်သူတို့ ရအပ်သော အခွင့်အရေး ရထိုက်သည်ဟု ဆိုရပေမည်။’’ ထိုခေတ်က ပထမအကြိမ် ထုတ်ဝေခဲ့သော စာအုပ်မှာ လွတ်လပ်ရေးခေတ်မှ စာအုပ်များထက် ကျနသပ်ရပ်သည်ဟု ဆိုနိုင်သည်။ ပုံနှိပ်စက္ကူချောဖြင့် ဂရိတ်စာလုံးစီကာ ရိုက်ထားသည်။ အတွင်းရုပ်ပုံများမှာ ပန်းချီရုပ်ပုံများ မဟုတ်ပဲ ထိုခေတ်က အင်္ဂလိပ်၊ အမေရိကန် မဂ္ဂဇင်းများတွင် ပါရှိသည့်နည်းတူ လူစင်စစ်ကို ဇာတ်ကွက်ဇာတ်လမ်းအတိုင်း သရုပ်ဆောင်စေကာ ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်၍ ထိုဓာတ်ပုံမျိုး ၁၂ ပုံဖြင့် သရုပ်ဖော်ထားသည်။

မြန်မာ့ ဝတ္ထု စာရေးဆရာလောကတွင် ထင်ရှားသူများမှာ

ကိုးကား[ပြင်ဆင်ရန်]