တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး
မဟာရံတံတိုင်း* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | တရုတ် |
အမျိုးအစား | ယဉ်ကျေးမှု ဆိုင်ရာ |
ရွေးချယ်သည့်စံနှုန်း | i, ii, iii, iv, vi |
ကိုးကား | 438 |
ဒေသ** | အာရှပစိဖိတ် |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၇ (၁၁ကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး (simplified Chinese: 长城; traditional Chinese: 長城; pinyin: Chángchéng; literally "Long wall") or (simplified Chinese: 万里长城; traditional Chinese: 萬里長城; pinyin: Wànlǐ Chángchéng; အဓိပ္ပာယ်အားဖြင့် "၁၀၀၀၀ လီ (里 ၁ လီ = ၁/၃ မိုင်) ရှည်လျားသော တံတိုင်းကြီး") သည် တရုတ်နိုင်ငံမှ အတွဲလိုက် တည်ဆောက်ထားသော မြေကတုပ် နှင့် ကျောက်ကတုပ်များဖြစ်ပြီး ဘီစီ ၆ရာစု မှ အေဒီ ၁၆ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဘက်နယ်စပ်ကို ရှုန်းနူ (匈奴 Xiong-nu) တို့၏တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုခဲ့ကြသည်။ မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ရာစုကပင် စတင်တည်ဆောက်ခဲ့ကြသည်။ အထင်ရှားဆုံးတံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ချင်ရှီဟွမ် (秦始皇 Qin Shi Huang) ၏လက်ထက် ဘီစီ ၂၂၀- ၂၀၀ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့သည်။ ထိုတံတိုင်းမှာ ယခုလက်ရှိတည်ရှိနေသော မင်မင်းဆက် (明朝 Ming Dynasty) လက်ထက်တွင် တည်ဆောက်ခဲ့သော တံတိုင်း၏ မြောက်ဘက် အလွန်ဝေးလံသော နေရာတွင် တည်ရှိသည်။[၁]
မဟာရံတံတိုင်းကြီးသည် အရှေ့ဘက် ဆန်းဟိုင်ကွမ်း (山海關 Shan-hai-guan) မှ အနောက်ဘက် လော့ပ်နော်(羅布泊 Lop Nur) အထိ မိုင်ပေါင်း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန့် ရှည်လျားသည်။[၂] မွန်ဂိုးလီးယားအတွင်းပိုင်း၏ တောင်ဘက်နယ်စပ်တလျှောက်ကို လခြမ်းပုံသဏ္ဌန်ရစ်ပတ်ထားပြီး စုစုပေါင်း မိုင်ပေါင်း ၄၁၆၀ (၆၇၀၀ကီလိုမီတာ) အထိရှည်လျားသည်။ အထွဋ်အထိပ်သို့ရောက်ရှိနေသော အချိန်ကာလအတွင်းတွင် မင်တံတိုင်းကို လူပေါင်း တစ်သန်းကျော်က စောင့်ကြပ်ခဲ့သည်။ [၃]တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။[၄]
ဓာတ်ပုံများ
[ပြင်ဆင်ရန်]ရည်ညွှန်းချက်များ
[ပြင်ဆင်ရန်]- ↑ Construction of the Great Wall။ 2 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2008 တွင် ပြန်စစ်ပြီး။
- ↑ Damian Zimmerman, ICE Case Studies: The Great Wall of China, December 1997
- ↑ The Great Wall Of China။ 16 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2008 တွင် ပြန်စစ်ပြီး။
- ↑ Damian Zimmerman, The Great Wall of China, ICE Case Studies, December, 1997