ရန်ကြီးအောင် ဂုံးကျော်တံတား

ဝီကီပီးဒီးယား မှ
ရန်ကြီးအောင်ခုံးကျော်တံတား
၃၅ လမ်း ခုံးကျော်တံတား
ကိုဩဒိနိတ်21°58′9″N 96°5′6″E / 21.96917°N 96.08500°E / 21.96917; 96.08500
သယ်ဆောင်မှုယာဉ်သွားလမ်း ၂ လမ်း
ဖြတ်သန်းမှုမန္တလေးဘူတာကြီး အဝင်ရထားလမ်း
တည်နေရာမန္တလေးမြို့
ပြုပြင်ထိန်းသိမ်းသူ
အချက်အလက်များ
စုစုပေါင်းအရှည်၈၆၃ပေ
အကျယ်၃၄ပေ
အမြင့်၁၄ပေ ၆လက်မ
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၁၉ စက်တင်ဘာ ၁၉၈၉
လုပ်ငန်းပြီးဆုံးချိန်၁၂ ဖေဖော်ဝါရီ ၁၉၉၀

ရန်ကြီးအောင်ခုံးကျော်တံတားသည် မန္တလေးမြို့ရှိ ၃၅ လမ်းပေါ်တွင် တည်ရှိကာ ၇၈ လမ်းနှင့် လမ်း ၈၀ ကြားရှိ ရန်ကုန်-မန္တလေးရထားလမ်းကို(မန္တလေး ဘူတာကြီး အနီး) ဖြတ်ကျော်သော မီးရထားခုံးကျော်တံတားဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၃၅ လမ်း ခေါ် အေလမ်း၏ ၇၈ လမ်းနှင့် လမ်း ၈၀ ကြားတွင် ယခင်က မန္တလေးဘူတာကြီး၏ အဝင်အထွက် မီးရထားများရှိလေတိုင်း သံလမ်း ဖြတ်ကူးသော အေလမ်းကို သံတံခါးများနှင့် ပိတ် ထားခဲ့ရသည်။ ထိုတံခါးကို မျက်ပါး ရပ်ဂိတ်ဟု ခေါ်ကြသည်။ မီးရထားအဝင်အထွက် များသော နံနက်ပိုင်းအချိန်များတွင် မျက်ပါးရပ်ဂိတ် ပိတ်ထားသောကြောင့် တန်းစီနေကြသည့် မော်တော် ကားမြင်းလှည်းဆိုက်ကားစက်ဘီးများသည် အေလမ်းတစ်လျှောက် အရှေ့အနောက် တန်းစီစောင့်ဆိုင်းကြရသည်။ မျက်ပါးရပ်ဂိတ်သည် ဘူတာကြီးသို့ဝင်သော အဓိကဝင်ပေါက်ကြီးဖြစ်သဖြင့် ဘူတာအလံတိုင်၊ သံလမ်းခွဲ ပွိုင့်များက ဤနေရာတွင်ရှိသည်။ သံလမ်းပွိုင့်က လမ်းမပေးသောကြောင့်သို့မဟုတ် ဘူတာမှ အလံမချိုးသေးသောကြောင့် မီးရထားတွဲကြီးများ အေလမ်းကိုပိတ်ကာ ရပ်နေသည်များလည်းရှိခဲ့သည်။

၂၀၀၆ခုနှစ်က ​တွေ့ရ​သော တံတား
၂၀၁၀ပြည့်နှစ်က ​တွေ့ရစဉ်

ယခင်ခေတ်ကဆိုလျှင် ထိုသို့ရပ်တန့် စောင့်ဆိုင်းနေရသော မီးရထားတွဲများပေါ်မှ မှောင်ခို အထည်အလိပ်အိတ်များ၊ အထုပ်များ၊ သေတ္တာများ လှိမ့်ကာလှိမ့်ကာ ကန်ချကြသည်။ အေလမ်းဘေးက မြင်းလှည်းတွေက ထိုအထုပ်များကို သယ်ဆောင်ရန် စောင့်ဆိုင်းကြ၏။ ထို့ကြောင့် မျက်ပါးရပ်ဂိတ်သည် မလွတ်မကင်းကုန်များဝင်ရာ၊ လက်မှတ်မဲ့ မီးရထား စီးနင်းသူများဆင်းသက်ရာနေရာ ဖြစ်ခဲ့သည်။ မျက်ပါးရပ်ဂိတ်ကြောင့် လိုရာခရီးမရောက်၊ အချိန်ကုန် လူပင်ပန်းဖြစ်ခဲ့ရသဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရလက်ထက် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြီးစီးခဲ့သည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဆူးငှက်။ "ဧည့်ကြိုအေလမ်း"၊ ပြန်ကြားရေးဝန်ကြီးဌာန။ 
  2. နတ်မောက် ထွန်းရှိန် (၁၉၉၄ ဇွန်)။ ယနေ့မန္တလေး |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)