၃၅ လမ်း

ဝီကီပီးဒီးယား မှ

၃၅ လမ်းသည် မန္တလေးမြို့၏ အဓိကလမ်းမကြီးများအနက်မှ တစ်လမ်းဖြစ်သည်။ ထိုလမ်းသည် မြို့၏ အရှေ့နှင့် အနောက်အတိုင်း ဖောက်လုပ်ထားသည်။ အရှေ့ဘက်အပိုင်း၏ အစသည် အရှေ့မြို့ပတ်လမ်း (မန္တလေး-ပြင်ဦးလွင်လမ်း) တွင် အစပြု၍ အနောက်ဘက်အပိုင်းသည် အနောက်မြို့ပတ်လမ်း (ကမ်းနားလမ်း)တွင် အစပြုသည်။ မြို့၏အရှေ့နှင့်အနောက်ကို ပြတ်တောက်သွားခြင်းမရှိဘဲ တစ်ဆက်တည်း ဆက်သွယ်ထားသော လမ်းဖြစ်သည်။အနောက်ဘက်အခြမ်းတွင် ဂေါဝိန်ဆိပ်ကမ်းတည်ရှိသည်။ ၃၅လမ်းသည် တစ်ဆက်တည်းဖြစ်နေသော လမ်းဖြစ်သည့်အပြင် စီးပွားရေးအရ အရေးပါသော လမ်းတစ်လမ်းအဖြစ် တည်ရှိသည်။ ၃၅ လမ်းကို အင်္ဂလိပ်များလက်ထက်က အေလမ်း၊ ၁၉၉၀ ခုနှစ်တွင် ရန်ကြီးအောင်လမ်း အဖြစ်ခေါ်ဝေါ်ကြသည်။ ၃၅ လမ်း ၇၈ လမ်းနှင့် လမ်း ၈၀ ကြားတွင် ရန်ကြီးအောင် ဂုံးကျော်တံတားတည်ရှိသည်။[၁][၂]

ရန်ကြီး​အောင်တံတား

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

  • မြတောင်ကျောင်းတိုက်

ထင်ရှားသောလမ်းဆုံများ[ပြင်ဆင်ရန်]

  • ၆၂ လမ်း
  • ၇၃ လမ်း
  • ၇၈ လမ်း
  • လမ်း ၈၀
  • ၈၄ လမ်း
  • ကမ်းနားလမ်း

ကိုးကား[ပြင်ဆင်ရန်]

  1. လူထုဒေါ်အမာကျွန်မတို့ငယ်ငယ်က
  2. Mandalay Street and Road Map