ရတနာပုံ ဥယျာဉ်
ရတနာပုံဥယျာဉ် | |
---|---|
![]() | |
အမျိုးအစား | ဥယျာဉ် |
တည်နေရာ | မန္တလေး နန်းတော်၊ မန္တလေးမြို့ |
ကိုဩဒိနိတ် | 21°59′15″N 96°06′21″E / 21.98750°N 96.10583°E |
ဖန်တီး | ၂ အောက်တိုဘာ ၂၀၂၁ |
ဖွင့်လှစ် | ၁၃ ဧပြီ ၂၀၂၂ |
ရတနာပုံဥယျာဉ် သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းတော်၏ ကျုံးနှင့် မြို့ရိုးအကြားတွင် တည်ဆောက်ထားသော ဥယျာဉ်ဖြစ်သည်။ အဓိကအားဖြင့် ကျုံးအရှေ့ဘက်ခြမ်းတွင် တည်ဆောက်ထားသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အစောပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]၁၉၅၉ခုနှစ်တွင် ကျုံးတောင်ဘက်၊ အနောက်ဘက်တွင် မြို့ရိုးနှင့်ကျုံးအကြားရှိမြေပြင်၊ ရေပြင်များတွင် မန်းသီတာဥယျာဉ်ကို တပ်မတော်နှင့် မြို့တော်မြူနီစီပယ်တို့ ပေါင်း၍တည်ဆောက်ခဲ့ကြသည်။ ၁၉၈၈ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် အာဏာသိမ်းစစ်အစိုးရက ထိုဥယျာဉ်ကို ဖျက်သိမ်းခဲ့သည်။ ထို့အပြင် ကျုံးနှင့်မြို့ရိုးအကြားရှိ မြေပြင်သို့ အများပြည်သူများ သွားလာခွင့်ကို တင်းကြပ်ခဲ့ပြီး ၂၀၁၁ခုနှစ် အုပ်ချုပ်ရေးအသွင်ကူးပြောင်းပြီး နောက်ပိုင်းမှသာ ပြန်လည်သွားလာခွင့်ပေးခဲ့သည်။ ၂၀၁၆ခုနှစ်တွင် ဦးထင်ကျော်အစိုးရ တက်လာပြီးနောက် မြို့တော်ဝန်ဖြစ်လာသော ဒေါက်တာရဲလွင်၏ ရက် (၁၀၀) စီမံကိန်းတွင် ကျုံးတောင်ဘက်၌ မန်းသီတာဥယျာဉ် ပြန်လည်တည်ဆောက်ရေး ပါဝင်ခဲ့သည်။ တိုင်းဒေသကြီးလွှတ်တော်ကလည်း ခွင့်ပြုခဲ့သည်။ သို့သော် တပ်မတော်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ၎င်းတို့ကသာ ဆောက်လုပ်ပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော် မူလစီမံချက်အတိုင်း တောင်ဘက်ကျုံးတလျှောက် ပြန်လည်တည်ဆောက်ခဲ့ခြင်းမရှိဘဲ ကျော်မိုးတံခါးအနီးတွင်သာ ဥယျာဉ်ငယ်အဖြစ် ပြန်လည်တည်ဆောက်ခဲ့သည်။[၁] [၂] [၃][၄][၅]
ရတနာပုံဥယျာဉ်စီမံကိန်း
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ခန့်အပ်ထားသော တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့က အရှေ့ဘက်နှင့် တောင်ဘက် မြို့ရိုးနှင့် ကျုံးအကြားရှိမြေပြင်တွင် မန်းသီတာဥယျာဉ်နှင့် မတူသည့် ဥယျာဉ်တစ်ခုကို တည်ဆောက်ရန် ကြံရွယ်ခဲ့သည်။[၆] ထို့နောက် ၂၀၂၁ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် ပန္နက်ရိုက်ခဲ့သည်။[၇] ပန်းခြံ၏ ပုံစံကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သည်။ ဥယျာဉ်တည်ဆောက်နေဆဲကာလအတွင်း တည်ဆောက်နေမှုအခြေအနေများအား ၂၀၂၁အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ကြည့်ရှုမှုများလည်းရှိခဲ့သည်။[၈] ထို့အပြင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များလည်း လာရောက်ခဲ့သည်။[၉]


အချက်အလက်များ
[ပြင်ဆင်ရန်]ကျုံးနှင့်မြို့ရိုးအကြားရှိ (၁၁၆)ပေတွင် မြို့ရိုးနှင့် ပေ(၄၀)ခြားကာ တည်ဆောက်ထားသည်။ (၁၀) ပေ စက်ဘီးစီးလမ်း၊ (၁၆)ပေ လှည်းလမ်းများလည်း ပါဝင်သည်။ ရေပန်းများ၊ (၆)ပေထက်မမြင့်သော ပန်းပင်များ၊ ရှေးဟောင်းရုပ်တုများ၊ ယဉ်ကျေးမှုပစ္စည်းများအား ထည့်သွင်းတည်ဆောက်ထားသည်။

ဖွင့်လှစ်ခြင်း
[ပြင်ဆင်ရန်]ဥယျာဉ်ဖွင့်ပွဲကို ၂၀၂၂ခုနှစ် ဧပြီလ (၁၃) ရက် မဟာသင်္ကြန် အကြိုနေ့နံနက်တွင် သောင်းညွန့်တံခါးအနီး၌ ဖွင့်လှစ်ခဲ့သည်။[၁၀]

ပြခန်း
[ပြင်ဆင်ရန်]-
ဥယျာဉ် အရှေ့ခြမ်း
-
ဥယျာဉ် အရှေ့ခြမ်း
-
ဥယျာဉ်မှ အမျိုးသားကဇာတ်ရုံအား တွေ့ရစဉ်
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ဖြိုးဖြိုးဇော် (၃၀ ဧပြီ ၂၀၁၇). "ကျုံးတောင်ဘက်ခြမ်း၌ မန်းသီတာဥယျာဉ် ပြန်လည်ဖော်ဆောင်ရန် ပြင်သစ်ကုမ္ပဏီ ပုံကြမ်းရေးဆွဲပေး". ၇ ရက် နေ့စဉ်သတင်းစာ (၁၄၂၈). 12 June 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မော်ကွန်းတင်ပြီးမိတ္တူ။ 12 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2022 တွင် ပြန်စစ်ပြီး။
- ↑ ယဉ်မျိုးသွယ် (မေ ၂၀၁၇)။ အသစ်ပြန်လည် ဖော်ဆောင်မည့် မန်းသီတာဥယျာဉ် နေရာအား ကျုံးတောင်ဘက် ၆၆ လမ်းမှ လမ်း ၈၀ အထိ ဆောင်ရွက်မည်။ Eleven Media Group။[လင့်ခ်သေ]
- ↑ အောင်ကိုဦး (၂၀ ဒီဇင်ဘာ ၂၀၁၇)။ မန်းသီတာဥယျာဉ် တပ်မတော်မှ ပြန်လည်တည်ဆောက်မည်။ မဇ္ဈိမ သတင်းဌာန။
- ↑ Army to Take Charge of Reopening Mandalay Park။[လင့်ခ်သေ]
- ↑ မန်းသီတာဥယျာဉ်ကို ယခင်ပုံစံအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ လက်ရှိအစိုးရသက်တမ်းအတွင်း ဖြစ်နိုင်မည်မဟုတ်တော့ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား။
- ↑ မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်။
- ↑ မန္တလေးမြို့တွင် တည်ဆောက်မည့် ရတနာပုံအပန်းဖြေဥယျာဉ် တည်ဆောက်ရေးစီမံကိန်း ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ။ 13 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2022 တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော်အဆောက်အဦဖွင့်ပွဲပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်။
- ↑ Information Minister inspects Yadanabon Amusement Park။ 21 March 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2022 တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးမြို့ ရတနာပုံဥယျာဉ်ကို ဧပြီလ(၁၃)ရက် သင်္ကြန်အကြိုနေ့တွင် ဖွင့်လှစ်။ 13 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2022 တွင် ပြန်စစ်ပြီး။