ရွှေရတု
ပုံပန်းသွင်ပြင်
ရွှေရတု(Golden Jubilee)သည် အနှစ် ၅၀ မြောက် နှစ်ပတ်လည် ဖြစ်သည်။ နှစ် ၄၀ မှာ ပတ္တမြားရတု ဖြစ်ပြီး၊ နှစ် ၆၀ မှာ စိန်ရတု ဖြစ်သည်။
မြန်မာ့ရွှေရတုများ
[ပြင်ဆင်ရန်]- အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ ရွှေရတုကို မြန်မာသက္ကရာဇ် ၁၃၅၈ (၁၉၆၆) တွင် ကျင်းပသည်။
- စာပေဗိမာန်သည် ၂၀၀၉ ခုနှစ်တွင် နှစ် ၆၂ ပြည့်ရွှေရတုသို့ တိုင်ခဲ့ပြီ ဖြစ်သည်။
- ၁၉၇ဝ ခုနှစ်တွင် အနှစ် ၅ဝ မြောက် အမျိုးသား ရွှေရတု ကျင်းပသည်။ ဦးဘဖေသည် အမျိုးသားအောင်ပွဲနေ့ ရွှေရတုသဘင် ကျင်းပရေး ဗဟို ကော်မတီ၏ နာယကကြီး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့။
- ဦးထွန်းဖေသည် ၁၉၇၅ ခုနှစ်တွက် ကျရောက်သော အမျိုးသားနေ့ ရွှေရတုသဘင် ကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။
- မြန်မာနိုင်ငံ သုတေသနအသင်းသည် ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွှေရတုသဘင်အစည်းအဝေး ကျင်းပပြုလုပ်သည်။
- ၁၉၉၈ သည် ရွှေရတု လွတ်လပ်ရေးနေ့ ဖြစ်သည်။
- ၁၉၇ဝ သည် ရန်ကုန် တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတု ဖြစ်သည်။
- မြဝတီ မဂ္ဂဇင်းသည် ၁၉၅၂ မှ စတင်ထုတ်ဝေရာ ၂၀၀၂ တွင် ရွှေရတု နှစ်ငါးဆယ် ပြည့်သည်။
- ၂ဝဝ၃ ခုနှစ်တွင် ဟာတူးရွာ အပါအဝင် အိုင်ဒါခ် ဧရိယာ၏ သာသနာ့နှစ် ၅ဝ ပြည့် ရွှေရတုယူဘိလ (Golden Jubilee) ပွဲတော်ကို ကျင်းပသည်။
ပြည်ပရွှေရတုများ
[ပြင်ဆင်ရန်]- အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ရွှေရတုကို ၁၉၆၉ ဇွန်လတွင် ဂျီနီဗာမြို့၌ ကျင်းပသည်။
- အမေရိကန်လွတ်လပ်ရေး၏ ရွှေရတုနှစ်ပတ်လည်သည် ၄ ဇူလိုင် ၁၈၂၆ ဖြစ်သည်။
- ၁၈၈၇ ခုနှစ်တွင် ဝိတိုရိယဘုရင်မကြီး၏ နန်းသက်အနှစ်ငါးဆယ်မြောက် ရွှေရတုသဘင်ပွဲတော် ကျင်းပသည့်အခါ မင်းပွဲများသို့ ကိုယ်တိုင်တက်ရောက်၍ ပြည်သူလူထု၏ ကောင်းချီးဩဘာပေးခြင်း ခံယူသည်။
- ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်အစိုးရ ယဉ်ကျေးမှု အေဂျင်စီနှင့် NHK ဂျပန်အသံလွှင့်ကော်ပိုရေးရှင်းတို့ ပူးတွဲကျင်းပသည့် ဂျပန်အစိုးရ အနုပညာပွဲတော် အထိမ်းအမှတ်နှင့် NHK အသံလွှင့် လုပ်ငန်း အနှစ် ၅၀ ရွှေရတုသဘင်ပွဲသို့ စောင်းပညာရှင် ဦးမြင့်အောင်သည် ယဉ်ကျေးမှု ကဇာတ်ဌာနနှင့် လိုက်ပါပြီး စောင်းတီးဖြေဖျော်ခဲ့သည်။