မာတိကာသို့ ခုန်သွားရန်

မဟေသီမဂ္ဂဇင်း

ဝီကီပီးဒီးယား မှ

မဟေသီမဂ္ဂဇင်းကို အမျိုးသားစာပေဆုရ စာရေးဆရာ မှူးသမိန် ခေါ် တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း) က ၁၉၈၄ ခုနှစ် ဩဂုတ်လ တွင် စတင်ထုတ်ဝေခဲ့သည်။ မှူးသမိန်က အယ်ဒီတာချုပ် အဖြစ် စတင်ထုတ်ဝေသည်မှ ၎င်းကွယ်လွန်သည်အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် သမီးဖြစ်သူ ဒေါက်တာယုဇနစောမြင့် (ယုယ (ဆေး ၁)) က အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

တာဝန်ခံအယ်ဒီတာများ

[ပြင်ဆင်ရန်]
  1. ဦးခင်မောင်မြင့်
  2. ဦးခင်မောင်ညွန့်
  3. ဦးဝင်းသူရ

အုပ်ချုပ်ရေးမှူးများ

[ပြင်ဆင်ရန်]
  1. ဗိုလ်မှူးကြီး (ငြိမ်း) သီဟသူရ စိုးသိန်း

လူသိများသော ဝတ္ထု ဆောင်းပါးများ

[ပြင်ဆင်ရန်]

ဝင်းဝင်းလတ်၏ အချစ်၏နောက်ဆက်တွဲစာမျက်နှာ

[ပြင်ဆင်ရန်]

မဟေသီမဂ္ဂဇင်းတွင် ၁၉၉၆ ခုနှစ် ဧပြီလမှ ၁၉၉၇ ခုနှစ် ဩဂုတ်လအထိ စာရေးဆရာမ ဝင်းဝင်းလတ် ရေးသားခဲ့သော အချစ်၏နောက်ဆက်တွဲစာမျက်နှာ အခန်းဆက်ဝတ္ထုရှည်ကို ၁၉၉၇ ခုနှစ်တွင် လုံးချင်းဝတ္ထုရှည်အဖြစ် ထုတ်ဝေခဲ့ပြီး အမျိုးသားစာပေဆု (ဝတ္ထုရှည်) ရရှိခဲ့သည်။

ပတ္တမြားခင်၏ ကင်မရာကိုင်ခဲ့ရ ကျွန်မဘဝ

[ပြင်ဆင်ရန်]

စာရေးဆရာမကြီး ပတ္တမြားခင်ကင်မရာကိုင်ခဲ့ရ ကျွန်မဘဝ အခန်းဆက်ဆောင်းပါးသည်လည်း လူအများစောင့်မျှော်ဖတ်ရှုခဲ့ကြသည်။

ဟိန်းလတ်၏ အင်တာဗျူးများ

[ပြင်ဆင်ရန်]

မဟေသီမဂ္ဂဇင်းတွင် စာရေးဆရာ ဟိန်းလတ်၏ ၁၂ နှစ်ကြာ ပြုလုပ်ခဲ့သော အင်တာဗျူးများမှာ ထင်ရှားသည်။

စိန်ခင်မောင်ရီ၏ ရုပ်ရှင်ဝေဖန်ရေးများ

[ပြင်ဆင်ရန်]

စိန်ခင်မောင်ရီသည် ကွယ်လွန်ချိန်အထိ မဟေသီမဂ္ဂဇင်းတွင် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများကို ပင်တိုင်ရေးသားခဲ့သည်။

ကိုစောနု၏ ဂီတဝေဖန်ရေးများ

[ပြင်ဆင်ရန်]

ကိုစောနု၏ ဂီတဝေဖန်ရေးဆောင်းပါးများသည် ထိုခေတ်က အလွန်ပွဲဆူစေသော ဆောင်းပါးများဖြစ်ပြီး အဆိုတော် ထူးအိမ်သင်က ၎င်းအပေါ်ဝေဖန်သည့် ကိုစောနု၏ ဆောင်းပါးများကို မဟေသီမဂ္ဂဇင်းတွင်ပင် ပြန်လှန်ဝေဖန်ခဲ့ဖူးသည်။

ကိုးကား

[ပြင်ဆင်ရန်]

[] [] [] [] [] [] []


  1. စာနယ်ဇင်းများ အသက်ဆက်နိုင်ရေး 17 January 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . စံတော်ချိန်နေ့စဉ် ၂၁ ဇူလိုင် ၂၀၁၈
  2. မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဦးဝင်းသူရ ကွယ်လွန် Winnet Myanmar ၂၆ အောက်တိုဘာ ၂၀၂၀
  3. မင်းသိင်္ခနှင့် မြတ်ခိုင်၊ မင်းသိင်္ခနှင့် ဟိန်းလတ်၊ ဟိန်းလတ်နှင့် မြတ်ခိုင် Wun Zinn Reader
  4. ပြိုကျသွားသော ယဉ်ကျေးမှုမျက်နှာစာ 8 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 7Day News ၅ ဒီဇင်ဘာ ၂၀၁၄
  5. ပြောပြချင်တဲ့ ရုပ်ရှင်ဝေဖန်ရေးအကြောင်း 8 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Myanmar Digital News ၁၀ ဩဂုတ် ၂၀၂၀
  6. စာရေးဆရာမကြီး ပတ္တမြားခင် ကွယ်လွန် 7 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Lwin Pyin Cele News ၁၇ ဖေဖော်ဝါရီ ၂၀၁၉
  7. (ဦးငှက်)ထူးအိမ်သင်ရဲ့ ဝေဖန်ရေးအမြင် 8 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . edm017 Network ၁၀ ဇွန် ၂၀၂၀