ဗိုလ်တထောင် သတင်းစာ
ပုံပန်းသွင်ပြင်
အမျိုးအစား | နေ့စဉ် သတင်းစာ |
---|---|
ပုံစံအချိုးအစား | Tabloid |
တည်ထောင်ခြင်း | ၁၉၅၈ |
ဘာသာစကား | မြန်မာဘာသာ |
ထုတ်ဝေမှုရပ်ဆိုင်းခြင်း | ၁၉၉၃? |
ဌာနချုပ်များ | ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
ဗိုလ်တထောင် သတင်းစာသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ အခြေတည်၍ မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာတစ်စောင် ဖြစ်သည်။ ထိုသတင်းစာအား သိန်းဖေမြင့်မှ ထူထောင်ခဲ့ပြီး မည်သို့ပင်ဆိုစေကာမူ ဗိုလ်ချုပ် နေဝင်း အစိုးရမှ ပြည်သူပိုင်းသိမ်းသည့်ကာလမရောက်ခင်ရှေ့ပိုင်းတွင်တော့ လက်ဝဲယိမ်း သတင်းစာတစ်စောင် ဖြစ်ခဲ့သည်။ ဗိုလ်တစ်ထောင်သတင်းစာသည် ၁၉၇၀၊ ၁၉၈၀ ခုနှစ်များတွင် ထုတ်ဝေခွင့်ရသော သတင်းစာလေးစောင်အနက်မှ တစ်စောင်ဖြစ်ခဲ့သည်။ သို့သော် စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် ဆက်လက်ထုတ်ဝေနိုင်ခဲ့ခြင်း မရှိတောချေ။
ဗိုလ်တထောင်ဟုသောအမည်မှာ ၎င်းတို့၏ ရုံးချုပ်တည်ရှိရာ ဗိုလ်တထောင်မြို့နယ်၏ အမည်ကို ယူထားခြင်းဖြစ်သည်။
ဤ မြန်မာ့သတင်းစာများနှင့် ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |