မြတ်သက်ဦး
မြတ်သက်ဦး | |
---|---|
လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ၁၆ ဇွန် ၂၀၂၃ – ၁၀ နိုဝင်ဘာ ၂၀၂၃ | |
ယခင်လူ | ဦးကိုကိုနိုင် |
ဆက်ခံသူ | ဦးအောင်ကို [၁] |
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး | |
တာဝန်သက်တမ်း ဩဂုတ်၂၀၂၂ – မတ်၂၀၂၃ | |
ယခင်လူ | ဗိုလ်ချုပ် ကိုကိုမောင် |
ဆက်ခံသူ | ဗိုလ်မှူးချုပ်စိုးမင်း |
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး | |
တာဝန်သက်တမ်း ၂၀၂၁ – ၂၀၂၂ | |
ယခင်လူ | ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် |
ဆက်ခံသူ | ဗိုလ်ချုပ် ကိုကိုမောင် |
ကိုယ်ရေး အချက်အလက်များ | |
ကြင်ဖော်(များ) | မီမီဆွေလှိုင် |
သားသမီး | ဘုန်းပြည့်မြတ်လှိုင် ၊ လင်းပြည့်မြတ်လှိုင် |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဗိုလ်ချုပ် |
ဦးမြတ်သက်ဦး[၂] သည် မြန်မာလူမျိုး သံအမတ်ကြီးတစ်ဦး ဖြစ်သည်။သူသည် တပ်မတော်မှ အငြိမ်းစားယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ကူးပြောင်းလာကာ သံအမတ်ကြီး ဖြစ်လာသူဖြစ်သည်။သံအမတ်ကြီးအဖြစ် လအနည်းငယ်သာ တာဝန်ထမ်းဆောင်လိုက်ရသူလည်းဖြစ်သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အပါတ်စဉ် (၃၈) ဆင်း ဖြစ်သည်။ ကိုယ်ပိုင်အမှတ်မှာ ကြည်း - ၂၀၂၇၈ ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ပေးခံရသည်။[၃] ယင်းနောက် ၂၀၂၂ ဩဂုတ်လတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။၂၀၂၃ မတ်လ တွင် ထိုတာဝန်မှ အနားပေးခံရကာ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့သည်။စစ်တိုင်းမှူးတာဝန်များ မထမ်းဆောင်မီ သူသည် တပ်မ(၇၇) တပ်မမှူး တာဝန် ထမ်းဆောင်ခဲ့သေးသည်။
သံအမတ်ကြီး ဖြစ်လာပုံ
[ပြင်ဆင်ရန်]၂၀၂၃ မတ်လ နောက်ပိုင်းတွင် သူ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံအမတ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ရန် တပ်မတော်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းသည်။ ၂၀၂၃ ဇွန်လ ၁၆ ရက်တွင် ၎င်းကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာသည်။ [၄] ၂၀၂၃ ဇွန်လ ၂၆ ရက်ကစပြီး လာအိုသမ္မတထံ သံတမန်ခန့်အပ်လွှာပေးပြီး ထိုရာထူးတွင် တရားဝင်တာဝန်ထမ်းဆောင်သည်။ [၅][၆]
ထောင်ဒဏ်ချမှတ်ခံရခြင်း
[ပြင်ဆင်ရန်]သူသည် လာအိုသမ္မတ ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ပြီး ၄လခန့်အကြာတွင် နေပြည်တော် သို့ ပြန်လည် ဆင့်ခေါ်ခြင်းခံရသည်။ ၎င်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် အခါက ကိစ္စရပ်များကြောင့် ဖြစ်သည်။[၇]၂၀၂၄ ခုနှစ် ဇန်နဝါရီ လတွင် သူ့ကို စစ်ကောင်စီက သံအမတ်ကြီးအဖြစ်မှ ရပ်စဲပြီး ထောင် ၁၀နှစ် ချသည်။[၈]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဒေါ်မီမီဆွေလှိုင် ဖြစ်ကာ ဘုန်းပြည့်မြတ်လှိုင် နှင့် လင်းပြည့်မြတ်လှိုင် ဆိုသည့် သား၂ဦးရှိသည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသားမက် လာအိုသံအမတ်ဖြစ်လာ။ BBC Burmese (၁၈ ဇန်နဝါရီ ၂၀၂၄)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းမှူးနေရာမှ ဖယ်ရှားခံရသည့် ဗိုလ်ချုပ်မြတ်သက်ဦး လာအိုသံအမတ်ဖြစ်လာ။ Myanmar Now (၁၉ ဇွန် ၂၀၂၃)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်။ MWD (၁၆ ဇွန် ၂၀၂၂)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းမှူးဟောင်းကို ဘာကြောင့် လာအိုသံအမတ်ကြီး ခန့်သလဲ။ BBC Burmese (၁၉ ဇွန် ၂၀၂၃)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ U Myat Thet Oo presents Credentials to President of the Lao People’s Democratic Republic။ The Global New Light of Myanmar (27 June 2023)။ 27 June 2023 တွင် ပြန်စစ်ပြီး။
- ↑ Junta Watch: Failed Commander Sent to Laos; Bad Omens Trigger Regime Rituals; and More။ The Irrawaddy (24 June 2023)။ 27 June 2023 တွင် ပြန်စစ်ပြီး။
- ↑ လာအိုသံအမတ်ကြီး ဗိုလ်ချုပ်(ငြိမ်း) မြတ်သက်ဦး စစ်ဆေးခံနေရ။ BBC Burmese (၂၉ နိုဝင်ဘာ ၂၀၂၃)။ ၁၃ ဇန်နဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ လာအိုသံအမတ်ကြီး ဗိုလ်ချုပ် (ငြိမ်း) ဦးမြတ်သက်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်။ The Irrawaddy (၁၃ ဇန်နဝါရီ ၂၀၂၄)။ ၁၃ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရတခ တိုင်းမှူး အပြောင်းအလဲဖြစ်။ KIC News (၁၉ ဩဂုတ် ၂၀၂၂)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။