မာတိကာသို့ ခုန်သွားရန်

ကိုကိုနိုင် (သံအမတ်ကြီး)

ဝီကီပီးဒီးယား မှ
H.E.

ဦးကိုကိုနိုင်
လာအိုနိုင်ငံ ဆိုင်ရာသံအမတ်ကြီး
တာဝန်သက်တမ်း
၄ မေ ၂၀၁၇ – ၂၀ မတ် ၂၀၂၃
ခန့်အပ်သူသမ္မတဦးထင်ကျော်
ဆက်ခံသူမြတ်သက်ဦး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၁
ရန်ကုန်
ကွယ်လွန်မတ် ၂၀၊ ၂၀၂၃(2023-03-20) (အသက် ၆၁–၆၂)
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့
လူမျိုးမြန်မာ
ကြင်ဖော်ဗိုလ်ကြီးဒေါ်ခင်ဖုန်းဝေ(ငြိမ်း)
သွေးသားတော်စပ်သူသားသမီး ၃ဦး
မိခင်ကျောင်းစစ်တက္ကသိုလ်
ကျွမ်းကျင်မှုသံတမန်
ဆုတံဆိပ်များဝဏ္ဏကျော်ထင်ဘွဲ့
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ဦးကိုကိုနိုင် (၁၉၆၁-၂၀၂၃) မြန်မာလူမျိုး သံအမတ်တစ်ဦးဖြစ်သည်။[၁] လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ရှိ မြန်မာသံရုံးတွင် သံအမတ်ကြီးတာဝန်ကို ထမ်းဆောင်နေရင်း ကွယ်လွန်ခဲ့သူဖြစ်သည်။၎င်းသည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ရန်ကုန်မြို့နေ အဖဦးစောနိုင်၊ဒေါ်တင်မြတို့က မွေးဖွားပြီး မွေးချင်း၈ ဦးအနက် အကြီးဆုံးသားဖြစ်သည်။ ပညာရေးမှာ စစ်တက္ကသိုလ် အမှတ်စဉ်(၂၅)အား တက်ရောက်ခဲ့သည်။

သံအမတ်ကြီးဘဝ

[ပြင်ဆင်ရန်]

သမ္မတဦးထင်ကျော် လက်ထက် ၂၀၁၇ တွင် ၎င်းသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသည်။[၂]၂၀၁၇ မေလ ၄ရက်ကစပြီး လာအိုသမ္မတထံ သံတမန်ခန့်အပ်လွှာပေးပြီး ထိုရာထူးတွင် တရားဝင်တာဝန်ထမ်းဆောင်သည်။ ထိုတာဝန်ကို စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက်ထမ်းဆောင်ခဲ့သည်။[၃]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဦးကိုကိုနိုင်သည် သံအမတ်ကြီးတာဝန်ထမ်းဆောင်နေရင်း ကျန်းမာရေးဖောက်ပြန်လာမှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siriraj ဆေးရုံတွင် တက်ရောက်ကုသနေရင်း ၂၀၂၃ မတ်လ ၂၀ရက်တွင် ကွယ်လွန်သည်။[၄]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

အိမ်ထောင်သည်တစ်ဦးဖြစ်ကာ ဇနီးမှာ ဗိုလ်ကြီး (ငြိမ်း) ဒေါ်ခင်ဖုန်းဝေ ဖြစ်သည်။ သားသမီး ၃ ဦးရှိသည်။

ရရှိခဲ့သည့် ဆု

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၅]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအို အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအကြီးအကဲ တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အချက်အလက်များ ဆွေးနွေး။ Eleven Media Group (၂၄အောက်တိုဘာ၂၀၁၉)။ ၂၃မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ↑ သံအမတ်ကြီးများအဖြစ်တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များ နိုင်ငံတော်သမ္မတထံမှ ဩဝါဒလမ်းညွှန်မှုခံယူ။ ကြေးမုံသတင်းစာ ၈မတ် ၂၀၁၇ နေ့ထုတ် ခေါင်းကြီးပိုင်းပါဖော်ပြချက် စာမျက်နှာ(၁) (၈မတ်၂၀၁၇)။ ၂၃မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ↑ President Receives New Foreign Ambassadors to Laos။ LAO NEWS AGENCY (4May2017)။ 23March2023 တွင် ပြန်စစ်ပြီး။
  4. ↑ မြန်မာ့အလင်းသတင်းစာ ၂၁ရက်မတ်၂၀၂၃ထုတ် စာမျက်နှာ၃၁ပေါ်ပါ နာရေးကြော်ငြာ။ ဝဏ္ဏကျော်ထင်ဦးကိုကိုနိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အသက်(၆၂)နှစ် (၂၁မတ်၂၀၂၃)။ ၂၃မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့။ MWD Webportal (၁၇နိုဝင်ဘာ၂၀၂၂)။ ၂၃မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။