အောင်ကို (သံအမတ်ကြီး)
H.E. ဦးအောင်ကို | |
---|---|
လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၈ ဇန်နဝါရီ ၂၀၂၄ | |
ယခင်လူ | ဦးမြတ်သက်ဦး |
ညွှန်ကြားရေးမှူးချုပ် နိုင်ငံရေးရာဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၁၄ အောက်တိုဘာ ၂၀၂၀ – ၁၈ ဇန်နဝါရီ ၂၀၂၄ | |
ယခင်လူ | ဦးစိုးဟန် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ရန်ကုန် |
လူမျိုး | မြန်မာ |
ကျွမ်းကျင်မှု | သံတမန် |
ဦးအောင်ကို သည် မြန်မာလူမျိုးသံအမတ်ကြီးတစ်ဦး ဖြစ်သည်။[၁] သူသည် ယင်းမတိုင်မီ သမ္မတ ဦးသိန်းစိန် [၂] [၃] နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် [၄] [၅] တို့ နိုင်ငံတကာခေါင်းဆောင်များ နှင့် တွေ့ဆုံမှုများတွင် အနီးကပ်ရှိနေခဲ့သူအဖြစ် ထင်ရှားသည်။သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]နိုင်ငံခြားရေးဝန်ကြီးဌာန တွင် တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၆ခုနှစ် မတ်လ ၁၁ ရက်တွင် တရုတ်နိုင်ငံ ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး၊နန်နန်းမြို့ ၏ မြန်မာကောင်စစ်ဝန်ချုပ် အဖြစ် ထမ်းဆောင်သည်။[၆] [၇] ယင်းနောက် နိုင်ငံရေးရာဦးစီးဌာန သို့ ပြန်လည် တာဝန်ထမ်းဆောင်ပြီး ထိုဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် အစမ်းခန့် အဖြစ်လည်းကောင်း တာဝန်ထမ်းသည်။၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်တွင် နိုင်ငံရေးရာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် အတည်ပြုခန့်အပ် ခြင်းခံရသည်။[၈]
သံအမတ်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား လာအိုနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်လိုက်၍ သံအမတ်ကြီး ဖြစ်လာခဲ့သည်။[၉] သူသည် လာအိုနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး အဖြစ် ၎င်း၏ခန့်အပ်လွှာ အား ၂၀၂၄ ဖေဖော်ဝါရီ ၅ရက်တွင် လာအိုသမ္မတ ထံသို့ ပေးအပ်ပြီး တရားဝင် စတင်တာဝန်ထမ်းသည်။ [၁၀]
မိသားစုဘဝ
[ပြင်ဆင်ရန်]သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်ပြီး ဇနီးဖြစ်သူသည် ဖခင်မှာ မြန်မာနိုင်ငံ၏ ၂၂ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ထမ်းဆောင်နေသူ ဦးသန်းဆွေ ဖြစ်သည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသားမက် လာအိုသံအမတ်ဖြစ်လာ။ BBC Burmese (၁၈ ဇန်နဝါရီ ၂၀၂၄)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ U Thein Sein meets with Sheikh Hasina in Nay Pyi Taw။ Prokerala (3 March 2014)။ 18 January 2024 တွင် ပြန်စစ်ပြီး။
- ↑ Myanmar President U Thein Sein (R) meets with Nepal's Prime Minister Sushil Koirala in Nay Pyi Taw, Myanmar။ Alamy (4 March 2014)။ 18 January 2024 တွင် ပြန်စစ်ပြီး။
- ↑ AP corrects report on Suu Kyi’s ‘illegal immigration’ comment။ COCONUTS Yangon (22 November 2017)။ 18 January 2024 တွင် ပြန်စစ်ပြီး။
- ↑ ICJ ကြားနာပွဲတက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့စာရင်း။ VOA Burmese (၁၁ ဒီဇင်ဘာ ၂၀၁၉)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမှတ်၁၂၄/၂၀၁၆ ကြေညာချက်။ မြန်မာနိုင်ငံတော်ပြန်တမ်း (၁၁ မတ် ၂၀၁၆)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လမ်ဆန်မြစ်-မဲခေါင်မြစ် ၆ နိုင်ငံ လူငယ်များ ဆန်းသစ် ဒီဇိုင်းပြိုင်ပွဲ ကျင်းပ။ CRI Online (၁၈ ဩဂုတ် ၂၀၁၆)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပြန်တမ်း။ Myanmar Digital News (၁၄ အောက်တိုဘာ ၂၀၂၀)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဦးအောင်ကို အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်။ MOI Myanmar (၁၈ ဇန်နဝါရီ ၂၀၂၄)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ U Aung Ko presents Credentials to President of Lao People’s Democratic Republic။ Global New Light of Myanmar (6 February 2024)။ 6 February 2024 တွင် ပြန်စစ်ပြီး။
- ↑ ရုန်းကန်ရဦးမည့် စစ်ကောင်စီ၏ အသက် ၇၀ အရွယ် နိုင်ငံခြားရေးဝန်ကြီးသစ်။ Myanmar Now (၁၇ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။