မဟာဘူတ
မဟာဘူတ (သို့) မဟာဘုတ် ဆိုသည်မှာ ဗုဒ္ဓဘာသာ၏ ပါဠိကျမ်းစာများတွင်ပါရှိကာ အခြေခံအကျဆုံး ဓာတ်များဖြစ်သည်။ ၎င်းတို့မှာ ပထဝီဓာတ်၊ တေဇောဓာတ်၊ အာပေါဓာတ်၊ ဝါယောဓာတ်[၁] တို့ဖြစ်ကြကာ ပါဠိဘာသာအားဖြင့် စတ္တာရော မဟာဘူတ (cattāro mahābhūtāni) ဟူ၍ ခေါ်ဆိုသည်။ မဟာဘူတကို ဟိန္ဒူဘာသာ၏ သင်္သကရိုက်ဘာသာစကားတွင်လည်း သုံးနှုန်းကြ၍ ယင်း၌ မြေ၊ ရေ၊ လေ၊ မီး အပြင် အကာသဓာတ် (space) ဆိုသည့်အရာပါဝင်သောကြောင့် ဓာတ်ငါးပါးဖြစ်သည်။[၂][၃]
ဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]
ဗုဒ္ဓဘာသာတွင် ဓာတ်ကြီးလေးပါး (catudhātu) ကို မဟာဘူတ ဟူ၍ သုံးနှုန်းကား မြန်မာဘာသာစကားဖြင့် မဟာဘုတ် ဟုခေါ်ဆိုကြသည်။ ဤဓာတ်ကြီးလေးပါးတို့မှ အလုံးစုံသော ရုပ်တရားတို့သည် ပေါက်ဖွားကြသောကြောင့် လယ်တီဆရာတော်က မဟာဘုတ်ကို အလွန်ကြီးပွားတတ်သည့်သဘောဟု အနက်ဖွင့်သည်။ အောက်ပါရှင်းလင်းချက်တို့သည် ဗုဒ္ဓဘာသာအယူအဆသဘောတရားများဖြစ်ကြသည်။ [၄]
ပထဝီဓာတ်[ပြင်ဆင်ရန်]
ပထဝီဓာတ်ဆိုသည်မှာ မြေဓာတ်ဖြစ်သည်။ မြေဓာတ်ဆိုသည်မှာ ရုပ်တရားတို့၏ တည်ရန်၊ မှီရန် အမာခံသဘော ဖြစ်သည်။ ထိုမြေဓာတ်သည် ခက်မာမျိုး၊ ခက်မာသည်ထက် ခက်မာမျိုး၊ နူးညံ့မျိုး၊ နူးညံ့သည်ထက် နူးညံ့မျိုးဟူ၍ အဆင့်ဆင့်ရှိသည်။[၄]
အာပေါဓာတ်[ပြင်ဆင်ရန်]
အာပေါဓာတ်ဆိုသည်မှာ ရေဓာတ်ဖြစ်သည်။ ရေဓာတ်ဆိုသည်မှာ ရုပ်တရားတို့ကို အတုံးအခဲ ဖြစ်စေရန် ဖွဲ့စည်းမှုဖြစ်သည်။ ထိုရေဓာတ်သည် ဖွဲ့စည်းမှု အတင်းအလျော့ ရှိသည်။[၄]
တေဇောဓာတ်[ပြင်ဆင်ရန်]
တေဇောဓာတ်ဆိုသည်မှာ မီးဓာတ်ဖြစ်သည်။ မီးဓာတ်ဆိုသည်မှာ ရုပ်တရားတို့ကို လောင်မှု၊ မြိုက်မှု၊ ရင့်စေမှု ဖြစ်သည်။ ထိုလောင်မြိုက်မှုသည် ပူ၍လောင်မှု၊ အေး၍လောင်မှုဟု နှစ်မျိုး ရှိသည်။[၄]
ဝါယောဓာတ်[ပြင်ဆင်ရန်]
ဝါယောဓာတ်ဆိုသည်မှာ လေဓာတ်ဖြစ်သည်။ လေဓာတ်ဆိုသည်မှာ ထောက်ကန်မှု ဖြစ်သည်။ ထိုလေဓာတ်သည် ထောက်ကန်လေ၊ ထမ်းဆောင်လေ၊ တွန်းဝှေ့လေ၊ တိုင်လွှင့်လေဟူ၍ အမျိုးမျိုး ရှိသည်။[၄]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
- ↑ See, e.g., Monier-Williams Sanskrit Dictionary where Mahābhūta is defined as: "a great element, gross el[ement] (of which 5 are reckoned, viz. ether, air, fire, water, earth ..., as distinguished from the subtle el[ement] or Tanmātra...)." Monier-Williams (1899), p. 798, entry for "Mahā-," retrieved 24 December 2008 from "U. Cologne" at http://www.sanskrit-lexicon.uni-koeln.de/scans/MWScan/MWScanpdf/mw0798-mahApheTkArIya.pdf.
- ↑ Gopal၊ Madan (1990)။ K.S. Gautam (ed.)။ India through the ages။ Publication Division, Ministry of Information and Broadcasting, Government of India။ p. 79။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက်
location = ရန်ကုန်။ pp. ၂၀။ line feed character in
|publisher=
at position 23 (အကူအညီ); Missing pipe in:|publisher=
(အကူအညီ)