ဝါယော

ဝီကီပီးဒီးယား မှ

မဟာဘူတ ၄ခုဟူသော အခြင်းအရာ ၄မျိုး၌ တမျိုးအပါဝင် ဖြစ်သော ဝါယော ဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခုထံသို့ အားသက်ရောက်မှု ရှိလာလျှင် ၎င်းကိုယ်တိုင်က မည်သို့ ပုံစံ၊ ထုထည် ပြောင်းလဲလျက် ပတ်ဝန်းကျင်ကို မည်သို့ အားပြန်သက်ရောက်ကြောင်း သဘောသရုပ် ဖြစ်သည်။
ဥပမာအားဖြင့် သဲအိတ် အစွန်းတဘက်ကို ဖိချလိုက်လျှင်လည်း အသွင်ပြောင်းမှု အနည်းငယ်သာ ဖြစ်ပေါ်သည့် သဲ၏ သဘောသရုပ်မှာ သဲ၏ ဝါယော ဖြစ်မည်။
ရေအိတ် အစွန်းတဘက်ကို ဖိချလိုက်လျှင် ကောင်းစွာ အသွင်ပြောင်းလျက် ကျန်တအပိုင်းတို့က ကြွတက်လာပေမည်၊ အဘက်ဘက်သို့ အားများ ပြန့်နှံ့သက်ရောက်ဦးမည်။ ဤသို့သော ရေ၏ သဘောသရုပ်မှာ ရေ၏ ဝါယော ဖြစ်မည်။
သို့ဖြင့် ဒြပ်သားတိုင်း၌ ဝါယောအသွင်ကွဲ မျိုးစုံ ရှိလျက် ပုံပြောင်းကာ အားသယ်ဆောင်မှု အများဆုံးက အငွေ့များ ဖြစ်နေ၍ လေကို သာဓကပြု၍ ရှင်းပြသော် "ဝါယော" နားလည်ကြနိုင်သည်။ ဤသို့ ဥပမာပြုမှုကို အမှတ်မှားကြသောအခါ ဝါယောကို လေဓာတ်ဟု ဘာသာပြန်မှု၊ နားလည်မှု ချွတ်ချော်တတ်သည်။

ဆက်စပ် ကြည့်ရှုဖွယ်[ပြင်ဆင်ရန်]