ပထဝီ (သိပ်သည်းမှု)

ဝီကီပီးဒီးယား မှ

မဟာဘူတ ၄ခုဟူသော အခြင်းအရာ ၄မျိုး၌ တမျိုးအပါဝင် ဖြစ်သော ပထဝီဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ ပျော့ခြင်း၊ မည်မျှ မာခြင်း[၁] ဟူသော သဘောသရုပ် ဖြစ်သဖြင့် သိပ်သည်းမှုကို ဆိုလိုခြင်းတမျိုး ဖြစ်သည်။
သဘောရေးရာခွဲစိတ်နားလည်မှု အားနည်းခြင်းကြောင့် ပထဝီကို မြေဓာတ် ဟု ဘာသာပြန်လွဲမှားမှုတို့ ဖြစ်တတ်သည်။ စင်စစ်အားဖြင့် ပထဝီက ပျော့မှု-မာမှု သဘောသရုပ် ပမာဏ ဖြစ်သဖြင့် မြေနှင့်သာ မဟုတ်၊ အစိုင်အခဲနှင့်သာ မဟုတ်၊ ဒြပ်သားတိုင်းနှင့် ဆိုင်သည်။ သံက သစ်သားထက် မာကျောခြင်းကို "သံ၏ ပထဝီက သစ်သား၏ ပထဝီထက် (ပမာဏ)ပိုကဲသည်" ဟု ဆိုနိုင်သကဲ့သို့၊ ရေက ဆီထက် လေးပင် သိပ်သည်းခြင်းကို "ရေ၏ ပထဝီက ဆီ၏ ပထဝီထက် (ပမာဏ)ပိုကဲသည်" ဟု ဆိုနိုင်ပြန်သည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. လယ်တီဒီပနီပေါင်းချုပ်